သမီးရည်းစားဆက်ဆံရေးမှာ ယုံကြည်မှုက အခြေခံအုတ်မြစ်ပဲဖြစ်ပါတယ်။ လူသားတွေက သူတို့အတိတ်မှာ ကြုံတွေ့ခဲ့ရတဲ့အရာတွေ၊ သစ္စာဖောက်ခံရတာတွေကြောင့် Relationship အသစ်တစ်ခုထပ်မံတည်ဆောက်တဲ့အခါ အခြားတစ်ယောက်ကို ယုံကြည်ဖို့ ဝန်လေးသွားပြီး သံသယမျက်လုံးတွေနဲ့ပဲ ကြည့်နေတတ်ကြပါတော့တယ်။

တကယ်လို့ သင့်ကောင်မလေးက သင့်အပေါ်မှာ သစ္စာရှိမရှိ သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဆက်ဖတ်ကြည့်လိုက်ပါ။ ဒီအချက်တွေနဲ့ တိုက်ဆိုင်နေမယ်ဆိုရင်တော့ စောစောစီးစီးလမ်းခွဲလိုက်တာ သင့်အတွက်အကောင်းဆုံးပါပဲ။

သူမ သူငယ်ချင်းတွေနဲ့ သင့်ကို မိတ်မဆက်ပေးချင်ကြဘူး။

Source: Purposefilledmommywithminimarie.com

သူမ သူငယ်ချင်းတွေနဲ့ သင့်ကို မိတ်မဆက်ပေးချင်တာကတော့ အကြောင်းအရင်းအမျိုးမျိုးရှိနိုင်ပါတယ်။ သူမက သဝန်တိုတတ်တာကြောင့်လည်း ဖြစ်နိုင်သလို သင့်ကို မသိစေချင်လို့ ဖုံးကွယ်ထားတဲ့အရာတွေကို သူမ သူငယ်ချင်းတွေက သင့်ကို ပြောပြမှာစိုးတာကြောင့်လည်း ပါပါတယ်။

သူမဆီမှာ ဖုန်းတစ်လုံးထက် ပိုကိုင်တာကို သင်သိရှိသွားခြင်း

Source: Geek-aid.com

ဖုန်းတစ်လုံးထက် ပိုကိုင်ခြင်းက သူမ ဖောက်ပြန်နေတယ်လို့ ဆိုလိုတာတော့မဟုတ်ပါဘူး။ သူမ အလုပ်ကိစ္စကြောင့် လိုအပ်လို့ အသုံးပြုနေရတာလည်း ဖြစ်နိုင်သလို၊ သူမ ဖုန်းအသစ်လဲထားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အလုပ်ကိစ္စကြောင့်ဆိုရင်လည်း သင့်ကို ဖုံးကွယ်ထားစရာအကြောင်းမရှိသလို သူမသာ ရိုးသားတယ်ဆိုရင် သင့်ကို ပွင့်ပွင့်လင်းလင်းပြောပြထားမှာပဲဖြစ်ပါတယ်။

သူမရဲ့ ဖုန်းနဲ့ပဲ အချိန်ကုန်နေခြင်း

Source: Mantelligence.com

ယနေ့ခေတ်က ဆိုရှယ်မီဒီယာခေတ်ဆိုပေမယ့် သင်တို့နှစ်ယောက်အတူတူရှိနေချိန်မှာတောင် သင့်ကို အချိန်မပေးဘဲ ဖုန်းပဲ သုံးနေမယ်။ ဒါ့အပြင် သူမဖုန်းသုံးနေတာကို လျှို့ဝှက်ပြီး သင့်ကို မမြင်စေချင်သလိုလို ပြုလုပ်နေမယ်ဆိုရင်တော့ သူမကို မယုံသင့်တော့ပါဘူး။

ဖောက်ပြန်တတ်တဲ့အကျင့်စရိုက်ရှိခြင်း

အရင်ရည်းစားတွေနဲ့ တွဲနေတုန်းက နောက်တစ်ယောက်နဲ့ ဖောက်ပြန်တတ်တဲ့သူမျိုး၊ သင့်အပေါ်မှာလည်း တစ်ချိန်လုံး မရိုးမသားပြုလုပ်နေတဲ့သူမျိုးဆိုရင်တော့ ဆက်လက်ယုံကြည်နေဖို့ကို သေချာစဉ်းစားသင့်ပါပြီ။

ချိန်းထားတဲ့အခါမှာလည်း အနားကပ်မှ ဖျက်ပစ်ခြင်း

Source: Thedrinksbusiness.com

အရေးကြီးကိစ္စဆိုတာ တစ်ခါတရံတော့ ပေါ်လာတတ်ပေမယ့် အမြဲတမ်း အနားကပ်မှ ချိန်းထားတာကို ဖျက်ပစ်နေမယ်ဆိုရင်တော့ သူမ မူမမှန်တော့ပါဘူး။ လက်သင့်မခံနိုင်စရာ အကြောင်းပြချက်တွေ ပေးနေပြီဆိုရင်တော့ သူမနဲ့ ဆက်လက် လက်တွဲဖို့ကို သင်သေချာစဉ်းစားသင့်နေပါပြီ။

သင့်ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ယောက်က သူမ သင့်အပေါ်မှာ သစ္စာမဲ့နေပြီလို့ လာပြောတဲ့အခါ

Source: Videoblocks.com

ပတ်ဝန်းကျင်ဆိုတာ မျက်စိဖွင့်၊ နားစွင့်နေကြတာပါ။ တကယ်လို့ သင့်ရဲ့အခင်မင်ဆုံး သူငယ်ချင်းတစ်ယောက်က သူမ တခြားကောင်လေးနဲ့ တရင်းတနှီးတွဲသွားတွဲလာလုပ်နေတယ်လို့ ပြောနေရင်တော့ သင့်ဘက်ကလည်း သူတို့အကြံပေးချက်တွေကို သေချာစဉ်းစားပေးဖို့လိုအပ်နေပါပြီ။