သင်သည် ခါးနာခြင်း ဝေဒနာကြောင့် စိတ်ညစ်နေရတယ်ဆိုရင် ဒီဝေဒနာကို ခံစားနေရတာ သင် တစ်ယေက်တည်း မဟုတ်ပါဘူး။ အလုပ်လုပ်နေတဲ့ ယောကျာ်းများရဲ့ ထက်ဝက်ခန့်သည် ခါးနာခြင်းကို ခံစားနေရကြတာပဲဖြစ်ပါတယ်။ အချို့ကလည်း ခါးနာခြင်းပျောက်ဖို့ရန်အတွက် ဆေးဝါးမှီဝဲကြပေမယ့် ထိုနည်းလမ်းသည် ဝေဒနာအားလုံး ပျောက်ကင်းသွားအောင်တော့ မကူညီနိုင်ပါဘူး။

ခါးနာခြင်းကို အမှန်တကယ်ပျောက်ကင်းချင်တယ်ဆိုရင်တော့ သင် နေ့စဉ်ပြုလုပ်နေတဲ့ အမူအကျင့်တချို့ကို ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။

ဆိုဒါအချိုရည်များ မသောက်သုံးပါနဲ့

why soda drink is bad for men

သကြားဓာတ်လွန်ကဲသော ဆိုဒါအချိုရည်များသည် ခါးနာခြင်းဝေဒနာကို ပိုမိုဆိုးရွားစေပါတယ်။ ကာဗွန်ပါဝင်တဲ့ ဖျော်ရည်များသည်လည်း အစာချေစနစ်တွင် ဂတ်စ်များ ပိတ်မိနေစေပြီး ထိုဂတ်စ်များသည် ကျောရိုးများကို ဖိအားပေးလိုက်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ခါးနာခြင်း ပိုမိုပြင်းထန်လာရတာပဲဖြစ်ပါတယ်။

သင် စိတ်ဖိစီးနေလို့

stressed man and unhealthy lifestyle

သင့်ခန္ဓာကိုယ်က စိတ်ဖိစီးမှုဟော်မုန်းများ ထုတ်လွှတ်တဲ့အခါ သင့်ရဲ့ကြွက်သားများသည်လည်း တင်းမာလာတတ်ပါတယ်။ ကြွက်သားများ တင်းမာလာတဲ့အခါ လည်ပင်၊ ပုခုံးနှင့် ကျောရိုးများ နာကျင်လာတတ်ပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျော့ချပေးဖို့ လိုအပ်ပါတယ်။

သင့်ရဲ့ခေါင်းအုံးက အရမ်းမြင့်နေလို့

man sleeping and healthy lifestyle

Photo Source: Groupon.com

ခေါင်းအုံးအမြင်နဲ့ အိပ်စက်တဲ့အခါ သင် သက်သောင့်သက်သာရှိကောင်းရှိနိုင်ပေမယ့် ဆိုးကျိုးအနေနဲ့ ခါးနာနိုင်ပါတယ်။ ခေါင်းအုံးက အရမ်းမြင့်တဲ့အခါ လည်ပင်းနှင့် ကျောရိုးအကြား သက်သောင့်သက်သာမဖြစ်စေတော့ဘဲ နာကျင်မှုကို ဖြစ်ပေါ်စေပါတယ်။ သင့်အနေနဲ့ ခေါင်းအုံးနိမ့်နိမ့်ဖြင့် မအိပ်တတ်ဘူးဆိုရင်တော့ ဒူးနှစ်ခုကြားတွင် ခေါင်းအုံးတစ်လုံးထည့်ကာ ခန္ဓာကိုယ်အနေအထားကို မှန်ကန်အောင် ပြုပြင်နိုင်ပါတယ်။

အမြဲတမ်း ခါးကုန်းနေခြင်း

man with bad posture

Photo Source: Absolutelifewellnesscenter.com

ထမင်းဟင်းချက်နေတဲ့အချိန်၊ ပန်းကန်ဆေးနေတဲ့အချိန်မှာ ခါးကြီးကို ကုန်းထားမယ်ဆိုရင် ခါးနာခြင်းဝေဒနာကို ပိုမိုဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ခါးကို အမြဲတမ်း ခါးမတ်မတ်ထားဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ရင်အုပ်ကို ကျယ်ကျယ်ဖွင့်ထားပြီး လက်ပျဉ်းမကုန်းအောင်၊ ခါးမကုန်းအောင် ပြုမူနိုင်ပါတယ်။

လှေကားအသုံးပြုမှုများလို့

man walking on stairs

Photo Source: Goalcast.com

ဝိတ်ကျချင်တယ်ဆိုရင် ဓာတ်လှေကားအသုံးပြုမယ့်အစား လှေကားများများ အသုံးပြုပေးရတယ်ဆိုတာ သင် သိပြီးသားဖြစ်မှာပါ။ ထိုအလေ့အကျင့်သည်လည်း ကောင်းတဲ့အလေ့အကျင့်တစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့ သင့်မှာ ခါးနာခြင်း၊ ဒူးနာခြင်း ဝေဒနာ ခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပြီး လှေကားအသုံးပြုမှုကို လျော့ချသင့်ပါတယ်။

အိပ်ရာပေါ်တွင် စာဖတ်လို့

man reading on bad; bad habits for men

Photo Source: Goodereader.com

မိမိကြိုက်နှစ်သက်တဲ့စာအုပ်လေးကို အိပ်ရာပေါ်မှာ သက်သောင့်သက်သာနဲ့ စိမ်ပြေနပြေ ဖတ်တတ်တဲ့အကျင့် သင့်မှာ ရှိပါသလား။ ထိုကဲ့သို့ စာဖတ်ခြင်းသည် လည်ပင်းကြွက်သားနှင့် နောက်ကျောကြွက်သားများကို တောင့်တင်းစေပြီး ခါးနာစေတတ်ပါတယ်။ ဒါ့ကြောင့် အိပ်ရာပေါ်မှာ စာဖတ်တဲ့အလေ့အကျင့်ကို ဖျောက်ဖျက်ပြီး စာကြည့်စားပွဲပေါ်တွင်သာ ခန္ဓာကိုယ်အနေအထားမှန်ကန်စွာဖြင့် စာဖတ်သင့်ပါတယ်။

Source: Brightside.me