သင့်ရဲ့ဘဝမှာ စီးပွားရေး၊ လူမှုရေး အဘက်ဘက်က ဘယ်လောက်ပဲ အောင်မြင်နေပါစေ တကွေ့မဟုတ် တကွေ့တော့ စိတ်ပင်ပန်းမှုကို ခံစားရပါလိမ့်မယ်။ ထိုစိတ်ပင်ပန်းမှုကနေတဆင့် အရှူံးပေးချင်စိတ် ပေါ်လာပြီး စိတ်ဓာတ်တွေ ကျလာပါလိမ့်မယ်။

ထိုစိတ်ဓာတ်ကျခြင်းက တစ်နှစ် နှစ်ရက်နဲ့ ပျောက်သွားနိုင်သလို တခါတလေကျရင်လည်း နှစ်ရှည်လများ ကြာတတ်ပါတယ်။ သင့်အနေနဲ့ ထိုကဲ့သို့ အလျော့ပေးချင်စိတ် အရှူံးပေးချင်စိတ်ပေါ်လာတဲ့အခါ ဒီအချက်များကို သတိရလိုက်ပါ။

ဘာ့ကြောင့် အစပြုခဲ့လဲဆိုတာကို သတိရပါ

man holding trophy

ပထမဆုံးခြေလှမ်း စလှမ်းခဲ့တုန်းက မိမိလိုချင်တဲ့ပန်းတိုင်ကို ပြတ်သားကြည်လင်စွာ မြင်တွေ့ရတဲ့အချိန်ဖြစ်ပါတယ်။ စိတ်ဓာတ် တက်ကြွမှုက တစ်သက်တာလုံး တာရှည်မခံပါဘူး။ ထို့အတွက်ကြောင့်လည်း စိတ်ညစ်စရာမလိုပါဘူး။ စိတ်ဓာတ် တက်ကြွမှု ပျောက်ဆုံးမသွားဖို့ရန်အတွက် ရက် ၉၀ ကြာတိုင်းမှာ သင့်ရဲ့အိပ်မက်ကို ပြန်လည်အမှတ်ရပေးပါ။ မိမိကိုယ်ကို သတိပေးခြင်းအားဖြင့် ကိုယ် သွားနေတဲ့လမ်းကြောင်းကနေ သွေဖယ်သွားမှာမဟုတ်ပါဘူး။

သက်သောင့်သက်သာ မရှိတဲ့အချိန်ကိုလည်း ကျင့်သားရနေပါစေ

stressful man at work

ဘဝက ပန်းခင်းလမ်းတွေနဲ့ ပြည့်နှက်နေတာမဟုတ်ပါဘူး။ အတားအဆီးများကို ကျော်လွှားအောင်မြင်ခြင်းကလည်း ဘဝရဲ့တစ်စိတ်တစ်ပိုင်းပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သက်သောင့်သက်သာ မရှိလိုက်တာ ပင်ပန်းနွမ်းနယ်လိုက်တာလို့ ခံစားရလာတဲ့အခါ သင် တစ်ယောက်တည်း ခံစားနေရတာမဟုတ်ဘူးဆိုတာ သတိရလိုက်ပါ။

ဇွဲ ရှိပါစေ

Portrait astonished oficce worker holding folders, laptop talking on phone. stylish businessman, building career, smart manager, modern work,

အောင်မြင်မှုရဲ့ အဓိကသော့ချက်က ဇွဲရှိခြင်းပဲဖြစ်ပါတယ်။ သင့်အနေနဲ့ စိတ်ပျက်အားငယ်လို့ ရပါတယ်။ ဒါပေမဲ့ “ဇွဲ” ကိုတော့ မလွှင့်ပစ်လိုက်ပါနဲ့။ လောကမှာ ဘယ်အရာမှ မတည်မြဲတဲ့အတွက်ကြောင့် စိတ်ပျက်အားငယ်မှု ပျောက်သွားတဲ့အခါ ဇွဲ လုံ့လ ဝီရိယနဲ့ အားသစ်သွန်းလောင်းလိုက်ပါ။

စိန်ခေါ်မှုများကို အသိအမှတ်ပြုပါ

man jumps through gaps hill

စိန်ခေါ်မှုများက အောင်မြင်မှုပန်းတိုင်ဆီကို အရောက်လှမ်းနိုင်တဲ့ လှေကားထစ်များပဲဖြစ်ပါတယ်။ စိန်ခေါ်မှုများကို သေသေချာချာ အသုံးချနိုင်မယ်ဆိုရင် အောင်မြင်မှုက သင့်အတွက်ပါပဲ။ ဒါ့ကြောင့် ဘဝမှာ အခက်အခဲနဲ့ ကြုံတွေ့ရတဲ့အခါ စိတ်ပျက် အားငယ်မသွားဘဲ ထိုအခက်အခဲများကို အောင်မြင်မှုများအဖြစ် ပြောင်းလဲတတ်ဖို့လိုပါတယ်။

မိမိကိုယ်ကို ဂုဏ်ယူပါ

happy man proud of himself

ရက် ၉၀ အတွင်း သင် ဘယ်လောက်အထိ အောင်မြင်ခဲ့သလဲဆိုတာကို ပြန်လည်ဆန်းစစ်ပါ။ ထိုအောင်မြင်မှုအတွက် ကိုယ့်ကိုယ်ကို ချီးမွမ်းခန်းဖွင့်ပါ။ ဒါဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးလာပြီး ရှေ့ဆက်လျှောက်ရမယ့် ခရီးကြမ်းအတွက် ခွန်းအားသစ်များ ပေးစွမ်းပါလိမ့်မယ်။

သင့်အနေနဲ့ ဒီအချက်များကို အသုံးချပြီး လက်မြှောက် အရှူံးပေးချင်စိတ်ကို အနိုင်ယူလိုက်ပါ။ ဒါမှ နောင်တစ်ချိန်မှာ ပြန်တွေးတဲ့အခါ နောင်တမရဘဲ မိမိကိုယ်ကို ဂုဏ်ယူနေမှာဖြစ်ပါတယ်။

Photo: Freepik.com

Source: Lifehack.org