စာဖတ်သူက အားကစားလိုက်စားသူတစ်ယောက်လား။ ကိုယ့်အိမ်မှာပဲ အားကစားလုပ်ဖြစ်တာလား၊ ဒါမှမဟုတ် စက်ကိရိယာအစုံအလင်ရှိတဲ့ Gym မှာ သွားဆော့လေ့ရှိလား။ တကယ်လို့ Gym မှာ တကူးတကသွားဆော့တယ်ဆိုရင် ရှောင်ကြဉ်သင့်တဲ့ အပြုအမူတစ်ချို့ကို ပြောပြချင်ပါတယ်။

တကယ်တော့ အားကစားခန်းမဆိုတာ ကိုယ်တစ်ယောက်တည်း ဆော့နေတဲ့နေရာ၊ ကိုယ်တစ်ယောက်တည်း ပိုင်တဲ့နေရာမဟုတ်ပါဘူး။ မတူညီတဲ့လူပေါင်းစုံလာရောက်ပြီး အားကစားပြုလုပ်တဲ့နေရာပဲဖြစ်ပါတယ်။ ကိုယ့်အပြုအမူကြောင့် သူတစ်ပါး စိတ်အနှောင့်အယှက်မဖြစ်အောင် နေထိုင်တတ်မှသာ စမတ်ကျတဲ့သူဖြစ်မှာပါ။ ဘယ်လိုအပြုအမူတွေဖြစ်မလဲ။

စက်ကိရိယာများကို ချွေးအစိုအတိုင်း ထားခဲ့ခြင်း

Source: Mybeautygym.com

ကိုယ်ဆော့ထားတဲ့ အလေးတုံး (သို့) ခုံတန်းလျားတွေမှာ ကိုယ့်ချွေးတွေ စိုသွားခဲ့ရင် ဒီအတိုင်းမထားခဲ့ပါနဲ့။ အခြားသူတွေ ဆက်ဆော့ကစားနိုင်အောင်လို့ ကိုယ့်ယူလာတဲ့ပုဝါနဲ့ သုတ်ပြီးမှ တခြားလေ့ကျင့်ခန်း ပြောင်းဆော့ပါ။

စက်ကိရိယာကို ကိုယ်က အသုံးမပြုဘူးဆိုရင် အခြားသူဆော့ကစားနိုင်အောင် ဖယ်ပေးလိုက်ပါ။

Source: Brightside.me

စက်ဘီးနင်းတဲ့ စက်ပေါ်မှာ စက်ဘီးမနင်းဘဲ ဒီအတိုင်းထိုင်ပြီး မက်ဆေ့ခ်ျပို့နေတာတို့၊ ဖုန်းသုံးနေတာတို့ မလုပ်သင့်ပါဘူး။ တချို့တွေရှိပါတယ်။ Gym သွားပြီး လေ့ကျင့်ခန်းမလုပ်ဘဲ Selfie ချည်းပဲ ဆွဲနေတတ်တာမျိုး မလုပ်ရပါဘူး။

ကျယ်ကျယ်လောင်လောင် ဖုန်းပြောခြင်း

Source: Brightside.me

တချို့တွေက ဖုန်းအကြာကြီးနဲ့ အကျယ်ကြီးပြောတတ်ကြပါတယ်။ ဒါကလည်း အားကစားလာလုပ်သူတွေအတွက် အနှောင့်အယှက်တစ်မျိုးပါပဲ။ သင့် အကြောင်းကို ဘယ်သူမှ စိတ်မဝင်စားကြပါဘူး။ ဒါ့ကြောင့် ဖုန်းပြောမယ်ဆို တစ်နေရာရာထွက်ပြောပေးတာမျိုး ပြုလုပ်ပါ။

စက်ပစ္စည်းတစ်မျိုးတည်းပဲ မဆော့ပါနဲ့။

Source: Brightside.me

Gym မှာ လူအရမ်းကျနေတဲ့အချိန်၊ သင် သွားဆော့တဲ့ Gym ကလည်း ပြေးစက်တစ်ခုတည်းပဲ ရှိတယ်ဆို အဲ့ဒီပြေးစက်ပေါ်မှာပဲ ၂ နာရီလောက် မပြေးပါနဲ့။ တခြားလေ့ကျင့်ခန်းတွေလည်း ပြောင်းလုပ်ပါ။ စက်ပစ္စည်းတွေက Gym လာဆော့တဲ့သူတိုင်းအတွက် ဖြစ်ပါတယ်။

Source: Brightside.me

ကိုယ်ကပဲ စက်ပစ္စည်းတစ်ခုတည်းကို မောင်ပိုင်မစီးထားသင့်သလို အခြားတစ်ယောက်က ဆော့နေတယ်ဆိုရင်လည်း သူ့အရှေ့မှာ သွားရပ်ပြီး “မပြီးနိုင်သေးဘူးလား၊ ဘယ်တော့ပြီးမှာလဲ၊ မြန်မြန်လုပ်လေ” ဆိုတဲ့အကြည့်မျိုး၊ စိတ်မရှည်တဲ့အကြည့်မျိုးနဲ့ သွားမကြည့်ပါနဲ့။ ဒီအပြုအမူကလည်း ရိုင်းတဲ့အပြုအမူတစ်ခုပဲဖြစ်ပါတယ်။ တခြားသူဆော့နေတယ်ဆို သင်က အခြားလေ့ကျင့်ခန်းတစ်ခုကျော်ဆော့ထားလိုက်ပါ။ ထိုသူဆော့ပြီးမှ ကိုယ့်ဘာသာအေးအေးလူလူသွားဆော့ရပါမယ်။

အလေးတုံးတွေကို သူ့နေရာမှာ ပြန်မထားခြင်း

Source: Brightside.me

အလေးတုံးတွေ ယူဆော့ပြီး သူ့နေရာမှာ ပြန်မထားတော့ နောက်လူတွေဆော့ရတဲ့အခါ ဒုက္ခရောက်ပါတယ်။ ဒါ့ကြောင့် အလေးတုံးဆော့ပြီးတာနဲ့ သူ့နေရာတကျပြန်ထားပေးလိုက်ပါ။

အခုဖော်ပြသွားတဲ့အချက်တွေကို စာဖတ်သူတို့တစ်ခါမှမလုပ်ဖူးဘူး သူများတွေလုပ်ရင်လည်း မကြိုက်ဘူးဆိုရင် Gym ဆော့တဲ့သူတွေ သိသွားအောင်လို့ ဒီဆောင်းပါးလေး ရှယ်ရင်း ပြောပြလိုက်ပါ။