Joe Bernstein လို့အမည်တွင်တဲ့အမျိုးသားက အသက် ၂၅ နှစ်အရွယ်မှာ ပေါင်ချိန် ၃၃၉.၈ ပေါင်ရှိနေပါတယ်။ သူ ဘယ်လောက်ပဲ အစာလျော့စားစား ဘယ်လိုမှ အရာမထင်ခဲ့ပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ သူ့ရဲ့နေထိုင်မှုပုံစံကို ပြောင်းလဲလိုက်ပြီး မိမိကိုယ်ကို ထင်မြင်နေတဲ့အယူအဆတွေကို ပြောင်းလဲလိုက်တဲ့နောက်မှာတော့ ၇၀ ကီလိုဂရမ်(၁၅၄ ပေါင်) ဝိတ်ချနိုင်ခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။ အခုဆိုရင် သူက အားကစားထရိန်နာတစ်ယောက်အဖြစ်ပါ အလုပ်လုပ်နေပြီး အခြားသူတွေကို ဘယ်လိုနေထိုင်စားသောက်ရမယ် ဘယ်လိုအားကစားတွေ ပြုလုပ်ရမလဲ စတာတွေကို လမ်းညွှန်ပေးနိုင်တဲ့သူတစ်ယောက်ဖြစ်နေပါပြီ။

သူ့ကို ကိုယ်ရည်စစ်သွားစေတဲ့ နည်းလမ်းတွေက ဘာတွေလဲ။

ကယ်လိုရီ သောက်သုံးခြင်း ရှောင်ကြဉ်ပါ။

တစ်နေ့ကို ကယ်လိုရီ ၂၀၀၀ ကျော်ခန့် သောက်သုံးနေတယ်ဆိုတာ သတထားမိကြရဲ့လား။ ဆိုဒါ၊ လက်ဖက်ရည်နဲ့ အခြားအချိုရည်များကို သောက်သုံးမယ့်အစား ရေပဲ အစားထိုးသောက်သုံးခြင်းက ၃ လအကြာမှာ ၄၈.၅ ပေါင် ကျနိုင်ပါတယ်။

ရယ်ဒီမိတ်အပြင်စာတွေ စားသုံးခြင်းကို ရှောင်ကြဉ်ပါ။

မနက် အိပ်ရာထနောက်ကျလို့ ရုံးသွားတဲ့အခါ ထမင်းချိုင့်မယူသွားရတဲ့နေ့မျိုးမှာ အပြင်စာတွေပဲစားလိုက်ရတဲ့ ရက်တွေများနေပြီလား။ ဒါဆိုရင်တော့ တဖြည်းဖြည်းနဲ့ ဝိတ်တက်လာတော့မှာပါ။ အသင့်စား အစာအစာတွေ၊ အပြင်စာတွေထက် အိမ်မှာ ချက်ပြုတ်ပြင်ဆင်ထားတဲ့အစားအစာတွေပဲ စားသုံးပါ။

လမ်းမပေါ်မှာ အချိန်ဖြုန်းခြင်း ရှောင်ကြဉ်ပါ။

လမ်းမပေါ်မှာ အချိန်ဖြန်ခြင်းဆိုတာကတော့ မီးပွိုင့်မိတဲ့အခါ ကားပေါ်မှာပဲ ငြိမ်ပြီးထိုင်နေရတဲ့ဒုက္ခကို ပြောတာပါ။ ထိုကဲ့သို့ အထိုင်များခြင်းက သင့်ကို ဝိတ်တက်စေပါတယ်။ စက်ဘီးနဲ့ အလုပ်သွားတာပဲဖြစ်ဖြစ်၊ မီးပွိုင့်မိနေချိန်မှာ ကိုယ်သွားလိုတဲ့နေရာနား နီးလာပြီဆိုရင် လမ်းဆင်းလျှောက်တာပဲဖြစ်ဖြစ် ပြုလုပ်ပေးလိုက်ပါ။

အရသာရှိတဲ့အစားအစာများကို ပြင်ဆင်ချက်ပြုတ်တတ်ပါစေ။

အစားအစာတွေကို ဖြစ်သလိုစားသုံးခြင်းထက် အရသာရှိရှိပြင်ဆင်ချက်ပြုတ် စားသောက်ခြင်းက သင့်ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ဘယ်လိုချက်ပြုတ်ရမလဲ မသိသေးရင် အင်တာနက်က ချက်ပြုတ်နည်းတွေ လေ့လာပါ။ ဟင်းချက်သင်တန်းသွားတက်လိုက်ပါ။

သရေစာမုန့်တွေအစား လတ်ဆတ်တဲ့သဘာဝအစားအစာတွေကိုသာ စားသုံးပါ။

သရေစာမုန့်တွေက ကိုယ်အလေးချိန်တက်စေတယ်ဆိုတာ ကျွန်တော်တို့အားလုံးသိပြီးသားဖြစ်ပေမယ့် တကယ်တမ်းမစားရအောင် ကိုယ့်စိတ်ကိုယ် ထိန်းထားရတာလောက် ခက်ခဲတာ မရှိပါဘူး။ ထို သရေစာမုန့်အစား လတ်ဆတ်တဲ့သစ်သီးဝလံလေးတွေ စားသုံးပေးပါ။

ခွေးတစ်ကောင် မွေးထားပါ။

မနက်စောစော အိပ်ရာထပြီး မိမိအချစ်တော် ခွေးလေးနဲ့ လမ်းလျှောက်ခြင်းက သင့်ကို ကိုယ်အလေးချိန်လျော့ကျစေပါတယ်။ ခွေးမမွေးချင်ဘူးဆိုရင်တောင် အားတင်းပြီး မနက်စောစောလမ်းထလျှောက်ပေးပါ။

ဒါကတော့ ၃၃၉.၈ ပေါင် ရှိတဲ့ Joe နဲ့ စားသောက်နေထိုင်မှုပုံစံ ပြောင်းလဲလိုက်ပြီး ဝိတ်ချလိုက်တဲ့ Joe ပဲဖြစ်ပါတယ်။ သူ ပြောပြသွားတဲ့နည်းလမ်းထဲမှာ လေ့ကျင့်ခန်းအပြင်းအထန်ပြုလုပ်ရမယ်လို့ မပါပါဘူး။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအသောက်စားဖို့ရယ် ကိုယ်လက်လှုပ်ရှားမှု ရှိဖို့ရယ်ပါပဲ။ စာဖတ်သူက မိမိကိုယ်ကို ဝလို့ဝိတ်ချချင်တယ်ဆိုရင်လည်း ဒီနည်းလမ်းတွေ လိုက်နာပေးလို့ရပါတယ်။ ဝိတ်ချချင်တဲ့သူငယ်ချင်းတွေကိုလည်း ဒီနည်းလမ်းလေးတွေ ဝေမျှပေးဖို့ မမေ့နဲ့ဦးနော်။

Source: brightside.me