ဘာသာစကားလေ့လာခြင်းရဲ့အကျိုးကျေးဇူးများကတော့ မရေမတွက်နိုင်အောင် များပြားလှပါတယ်။ ယဉ်ကျေးမှုအသစ်များကို လေ့လာနိုင်ခြင်း၊ ခရီးသွားရ လွယ်ကူခြင်း၊ လူအများနှင့် ပေါင်းသင်းဆက်ဆံရ ပိုမိုလွယ်ကူခြင်း၊ မှတ်ဉာဏ်စွမ်းအား ပိုမိုမြင့်မားလာခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းပိုမိုကောင်းမွန်ခြင်းတို့ပဲဖြစ်ပါတယ်။

ဒီဆောင်းပါးလေးထဲမှာတော့ ဘာသာစကားအသစ် လေ့လာချင်သော ယောကျာ်းများအတွက် ထိုဘာသာစကားကို အမြန်တတ်မြောက်လွယ်စေမယ့် နည်းလမ်းကောင်းများကို ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။

စသင်ကတည်းက ဘယ်အဆင့်အထိ တတ်ကျွမ်းချင်သလဲဆိုတာကို တခါတည်း ဆုံးဖြတ်ထားပါ

benefits for men of learning new language

Source: Preply.com

အခြေခံအဆင့်၊ ထမင်းစား ရေသောက်လောက် ပြောတတ်ရင်ပဲ ကျေနပ်ပြီလား။ ဒါမှမဟုတ် အလယ်အလတ်အဆင့်အထိ တတ်ကျွမ်းချင်တာလား။ Native Speaker တစ်ယောက်လို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုတတ်ချင်တာလား စသည်ဖြင့် သေသေချာချာဆံးဖြတ်ထားပါ။

လုံလောက်တဲ့အချိန် ပေးပါ

benefits for men of learning new language

Source: Businessinsider.com

မိမိတတ်ကျွမ်းချင်တဲ့အဆင့်ကို ဆုံးဖြတ်ပြီးသွားတဲ့အခါ ထိုအဆင့်နဲ့ ကိုက်ညီတဲ့အချိန်အတိုင်း လေ့လာရပါမယ်။ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ချင်သူအဖို့ တစ်နေ့ကို မိနစ် (၃၀) ခန့်လေ့လာခြင်းက မလုံလောက်ပေမယ့် အခြေခံအဆင့်လောက်ပဲ ပြောဆိုတတ်ချင်တယ်ဆိုရင်တော့ ထိုအချိန်က လုံလောက်ပါတယ်။

ဘာသာစကားတစ်မျိုးတည်းကိုပဲ အာရုံစိုက်ပါ

benefits for men of learning new language

Source: marstranslation.com

သင် အင်္ဂလိပ်စာ သင်ယူနေချိန်မှာ ကိုယ့်မိခင်ဘာသာစကားကို မေ့ထားလိုက်ပါ။ မြန်မာလူမျိုးအများစု ပြုလုပ်တတ်တဲ့အမှားတစ်ခုကတော့ ဘာသာစကားအသစ် သင်ယူနေချိန်မှာ မြန်မာစကားကို ခေါင်းထဲ၌ တဆင့်ခံ ဘာသာပြန်နေခြင်းပဲဖြစ်ပါတယ်။

မိမိအသုံးများမယ့် စကားလုံးများကို အရင်လေ့လာပါ

 

benefits of learning new language for men

Source: Apkpure.com

ကိုယ့်ကိုယ်ကို မိတ်ဆက်တဲ့အခါ ဘယ်လိုစကားလုံးမျိုး အသုံးပြုသလဲ။ မိမိ ဝါသနာပါတဲ့ စကားလုံးမျိုး အရင်လေ့လာပါ။ ဒါ့အပြင် မဖြစ်မနေ သိထားသင့်တဲ့ အခြေခံဝေါဟာရများကိုလည်း တတ်ကျွမ်းထားသင့်ပါတယ်။

အချိန်ကို အကျိုးရှိရှိ အသုံးချပါ

benefits of learning new language for men

Source: iStock

ဘတ်စ်ကား စောင့်နေတဲ့အချိန်မျိုး (သို့) ဘတ်စ်ကား စီးနေတဲ့အချိန်မျိုးမှာ အလကား မတ်တပ်ရပ်စောင့်နေမယ့်အစား နားကြပ်လေး တပ်ထားပြီး Listening Skill တိုးတက်လာအောင် လေ့ကျင့်လို့ရပါတယ်။ “အချိန်မရှိလို့၊ မအားလို့ မလေ့လာဖြစ်တာ” ဆိုတဲ့ ဆင်ခြေမျိုးကို ဘယ်တော့မှ မပေးမိပါစေနဲ့။ အရမ်းအလုပ်များတယ်ဆိုရင်တောင် တစ်နေ့ကို အချိန်နည်းနည်းစီ ဖယ်ထားသင့်ပါတယ်။

ပျော်ပျော်ရွှင်ရွှင်လေ့လာပါ

benefits of learning new language for men

Source: Justlearn.com

တာဝန်ဝတ္တရားတစ်ခုလို လေ့လာနေရခြင်းက သင့်ကို ပျင်းရိစေမှာဖြစ်တာကြောင့် အမြဲတမ်းပျော်ပျော်ရွှင်ရွှင်သာလေ့လာပါ။ ရုပ်ရှင်ကြည့်ရင်း၊ သီချင်းနားထောင်ရင်း လေ့လာခြင်းကလည်း သင့်ကို ပျော်ရွှင်စေပါလိမ့်မယ်။ ဒါပေမဲ့ ရုပ်ရှင်ကြည့်တဲ့အခါ မြန်မာစာတမ်းထိုး ရုပ်ရှင်မျိုး ကြည့်ခြင်းကတော့ သင့်ကို စိတ်အပန်းဖြေစေရုံပဲ ကူညီပေးမှာပါ။ ဘာသာစကားတတ်ကျွမ်းဖို့ ကူညီပေးမှာမဟုတ်ပါဘူး။

မြန်မာစာတမ်းထိုး၊ အင်္ဂလိပ် စာတမ်းထိုးတွေကို ကြည့်မယ့်အစား သူတို့ပြောတဲ့အသံကို အာရုံစိုက် နားထောင်ခြင်းကသာ သင့်အတွက် အကောင်းဆုံးပဲဖြစ်ပါတယ်။ မတတ်သာတဲ့အဆုံးကျမှ အင်္ဂလိပ်ကားကို အင်္ဂလိပ်စာတမ်းထိုးနဲ့ ကြည့်ပါ။

Source: Claimcompass.eu