အမျိုးသားတစ်ယောက်ရဲ့ မုတ်ဆိတ်မွှေးထားတဲ့ပုံစံကနေ သူ့ရဲ့စိတ်နေစိတ်ထားကို ပြောပြနိုင်တယ်လို့ စိတ်ပညာရှင်များနဲ့ စတိုင်လ်ကျွမ်းကျင်ပညာရှင်များက ပြောကြားထားပါတယ်။ တစ်ချို့အမျိုးသားတွေက မုတ်ဆိတ်မွှေးထားရတာကို ကြိုက်နှစ်သက်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို ပိုပြီးယောကျာ်းပီသစေတယ်လို့ ယူဆကြလို့ပါပဲ။

တစ်ချို့ကျတော့လည်း မျက်နှာပြောင်ပြောင်ရှင်းရှင်းထားရတာသဘောကျကြတော့ မုတ်ဆိတ်မွှေးနည်းနည်းထွက်လာတာနဲ့ ပြောင်အောင်ရိတ်ပစ်လိုက်တော့တာပါပဲ။ တကယ်လို့ သင်က မုတ်ဆိတ်မွှေးထားရတာကြိုက်နှစ်သက်တဲ့သူတစ်ယောက်ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်အသုံးဝင်မှာပါ။

ဒီဆောင်းပါးထဲမှာ ယောကျာ်းပီသလှတဲ့ ကမ္ဘာကျော်အနုပညာရှင်တွေရဲ့ မုတ်ဆိတ်မွှေးထားပုံအမျိုးမျိုးကို ဖော်ပြပေးမှာပဲဖြစ်ပါတယ်။

Chris Pine

Chris Pine ရဲ့မုတ်ဆိတ်မွှေးကတော့ နားထင်ကနေ မုတ်ဆိတ်မွှေးရော၊ ပါးသိုင်းမွှေးတွေရောဆက်နေတာကြောင့် ဆံပင်နဲ့မုတ်ဆိတ်မွှေးတွေက ရောနေတဲ့ပုံပေါက်နေပါတယ်။ ဒီမုတ်ဆိတ်မွှေးကတော့ မြန်မာနိုင်ငံမှာ မထားကြဘူးထင်တာပါပဲ။ အနောက်တိုင်းမှာတော့ မုတ်ဆိတ်မွှေးအရှည်ကြီးတွေထားလည်း ကိစ္စမရှိပေမယ့် ဒီမှာသာ ထားရင်တော့ သင့်ကိုတစ်ကိုယ်ရည်သန့်ရှင်မှုမရှိဘူးလို့ ဝိုင်းပြောကြပါလိမ့်မယ်။

John Legend

John Legend ရဲ့ မုတ်ဆိတ်မွှေးတွေကတော့ ပြောင်အောင်ရိတ်ထားတာကိုမှ ငုတ်တိလေးပြန်ထွက်လာတဲ့ပုံပါ။ မေးရိုးပေါ်စေတဲ့မုတ်ဆိတ်မွှေးစတိုင်လ်ပါ။

Henry Cavill

Henry Cavill ရဲ့ မုတ်ဆိတ်မွှေးကတော့ အပေါ်နှုတ်ခမ်းက နှုတ်ခမ်းမွှေးက ပိုရှည်တဲ့ပုံစံပါ။

Johnny Depp

ယောကျာ်းပီသလှတဲ့ မင်းသားကြီးတွေထဲမှာ Johnny Depp ကိုတော့ ချန်ထားလို့မရပါဘူး။ သူ့မုတ်ဆိတ်မွှေးကတော့ အရမ်းကြီးမရှည်တော့ ဘော်ဒါတို့လိုက်ထားချင်တယ်ဆိုလည်း ရပါတယ်။

Dwayne Johnson

The Rock လို့နာမည်ကြီးတဲ့ Dwayne Johnson က ကတုံးတုံးထားတဲ့အပြင် မျက်နှာကလည်း ကြီးတော့ မုတ်ဆိတ်မွှေးနဲ့ ပါးသိုင်းမွှေးတွေက အရမ်းရှည်လို့မရပါဘူး။ လေးထောင်ကျကျနဲ့ ခပ်တိုတိုမုတ်ဆိတ်မွှေးက သူနဲ့အလိုက်ဆုံးပါပဲ။

Robert Downey Jr

Robert Downey Jr ရဲ့ မုတ်ဆိတ်မွှေးက မေးရိုးပေါ်လွင်ထင်ရှားတဲ့သူတွေနဲ့ လိုက်ဖက်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့နှုတ်ခမ်းမွှေးကို သေချာကြည့်ကြည့်ပါ။ တစ်ဝက်ကို သေသေသ်သပ်ရိတ်ထားပြီး တစ်ဝက်ကိုမရိတ်ဘဲ ချန်ထားတာတွေ့ရမှာပါ။ သင်က ဒီနှုတ်ခမ်းမွှေးပုံစံထားချင်ရင်တော့ တော်တော်လေး လေ့ကျင့်ထားမှရပါမယ်။

Source: Fashionbeans