အချစ်က ထူးဆန်းတယ်။ ချစ်သူနှစ်ဦးဘဝမှာ ချစ်ပါတယ် ဘယ်လောက် ပြောပြော ၊ သစ္စာတွေ ဘယ်လောက်ထားထား အကြောင်းတရား မတိုက်ဆိုင်ရင်တော့ နေလာနှင်းပျောက်သလိုမျိုး မျှော်လင့်ထားတဲ့ ချစ်အိပ်မက်တွေ ပျောက်ပျက်သွားတတ်ပါတယ်။ တကယ်မကွဲဘဲ ဆုပ်ထားတဲ့ လက်နှစ်စုံ မြဲဖို့ဆိုတာ တကယ့် ရှားတောင့်ရှားပါး ဖြစ်ရပ်ပါ။ ရွှေလက်တွဲပြီး တစ်သက်လုံး မြဲသွားတဲ့ အချစ်ဆိုတာ ဒီအချက် ၆ ချက်ထဲက တစ်ချက်ချက်နဲ့တော့ တိုက်ဆိုင်တတ်ပါတယ်။

(၁) အပြန်အလှန်ခွင့်လွှတ်မှုနဲ့ ဆောက်တည်ထားတဲ့ အချစ်

Source: manelblanco.blogspot.com

နားလည်မှုမရှိခြင်းဟာ အချစ်အိမ်ထဲ ချိန်ကိုက်ဗုံးတစ်လုံး ထည့်ထားသလိုပါ။ အချိန်မရွေး ပြိုလဲ ပျက်စီးဖို့ အသင့်ဖြစ်နေတတ်ပါတယ်။ လူတစ်ယောက်ကို ချစ်တယ်ဆိုတာ သူ့ပြဿနာတွေကိုပါ ချစ်လိုက်ရတာပါ။ သူရောကိုယ်ရော အမှားတွေ ရှိခဲ့မယ် ၊ ပြဿနာတွေ ရှိခဲ့မယ်။ ဒါပေမယ့် တစ်ယောက်ကို တစ်ယောက် ခွင့်လွှတ်တဲ့ စုံတွဲတွေက မြဲမြံတဲ့ အချစ်ကို ပိုင်ဆိုင်တတ်ပါတယ်။

(၂) စွန့်စားမှုကို အခြေခံတဲ့ အချစ်ရေး

Source: lovepanky

အချစ်ဆိုတာ အခက်အခဲတွေကြားကနေ ရှင်သန်တတ်ပါတယ်။ ပြဿနာကြီးတွေကို အတူရင်ဆိုင်ဖြေရှင်းခဲ့ဖူးသူတွေဟာ ဘဝမှာ အခိုင်မြဲဆုံး လက်တွဲဖော်တွေ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေ ကိုယ်သိပ်မချစ်မိသလို ချစ်မိသလို ဖြစ်နေတဲ့ ကောင်မလေးက ကိုယ်နဲ့အတူ ဘဝပြဿနာတွေကို ရဲဘော်ရဲဘက်လို အနားက ရင်ဆိုင်ပေးခဲ့ချိန်မှာ အချစ်စစ်ကို မြင်တတ်တဲ့ အဖြစ်တွေလည်း ရှိပါတယ်။

(၃) လိင်စိတ်ပေါ် တည်ဆောက်ထားတဲ့ အချစ်ရေး

Source: IMAWESA.INFO

လိင်စိတ်ဆိုတာ ငြင်းမရတဲ့ လူ့အခံစိတ် ဖြစ်ပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာက လူတစ်ယောက်နဲ့ လိင်မှုကိစ္စ ပိုလုပ်လေလေ သူ့ကို ပိုပြီး လိုချင်လေလေ ဖြစ်တတ်ပါတယ်။ ဒါက တွေ့ရှိချက်တစ်ခုပါ။ ဒီထက် အရေးကြီးတာက Sex ဟာ ချစ်တတ်တဲ့ ဓါတ်သဘာဝတစ်ခုဖြစ်တဲ့ Oxytocin ဟိုမုန်းကို ထုတ်ပေးပါတယ်။ တကယ်ပျော်တဲ့ အိမ်ထောင်ရှင်တွေဟာ တစ်နှစ်ကို ပျမ်းမျှ ၇၅ ကြိမ် လိင်ဆက်ဆံတယ်လို့တောင် ဆိုပါတယ်။ ဒါပေမယ့် လိင်ဆက်ဆံရေးတစ်ခုတည်းပေါ် တည်ဆောက်တဲ့ အချစ်က နွံပေါ် ဆောက်တဲ့ အိမ်လို မသေချာ မတည်ငြိမ်တတ်ပါဘူး။

(၄) ယုံကြည်မှုနဲ့ ချစ်တဲ့ အချစ်

Source: Samantha Jayne

ယုံကြည်မှုဟာ ရေရှည် လက်တွဲဖို့အတွက် အရေးပါဆုံး အစိတ်အပိုင်းတစ်ခုပါ။ ယုံကြည်မှု မရှိတဲ့ ချစ်သူနှစ်ဦးဟာ ဘယ်လောက်ကြာကြာ အတူရှိနိုင်မှာမို့လဲ။

(၅) အနာဂါတ်ပေါ် မျှော်လင့်ချက်တူတဲ့ အချစ်ရေး

Source: A Conscious Rethink

အတူတူ မျှော်လင့်ထားတဲ့ အနာဂါတ်တစ်ခု ရှိမယ် တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းဆက်နွယ်မှုလည်း ရှိမယ်ဆိုရင် ဒီစုံတွဲလည်း မြဲတတ်ပါတယ်။ တန်ဖိုးထားတာချင်းလည်း တူသလို ရည်မှန်းချက်ပန်းတိုင်လည်း တူတဲ့ အချစ်ဟာ စိတ်ချမ်းသာစရာပါ။ ဘဝကလည်း မျှော်လင့်ချက် ရှိတဲ့ ဘဝဖြစ်လေတော့ နေ့တိုင်းက ပျင်းစရာ ရှိမှာ မဟုတ်ပါဘူး။

(၆) အားနည်းချက်ကိုယ်စီ ရှိတဲ့ အချစ်ရေး

Source: indy100.com

ထူးဆန်းတာက အသည်းကွဲဖူးတဲ့ သူအချင်းချင်း ချစ်သူ ဖြစ်ရင် မြဲတတ်တာပါ။ အမြဲတမ်းမှန်တာမျိုး မဟုတ်ပေမယ့် လူတိုင်းဟာ သူတို့ရဲ့ မလှပတဲ့ အတိတ်ကိုယ်စီကို လက်ခံသူကို နှစ်သက်ကြပါတယ်။ သူတို့အချင်းချင်းလည်း အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ဆက်ဆံလို့ရတဲ့ ဆက်ဆံရေး ဖြစ်လေတော့ ဘာကိုမှ ကြောက်စရာမလိုဘဲ လွတ်လပ်စေတာကြောင့် ဒီအချစ်ရေးမျိုးကလည်း မြဲတတ်ပါတယ်။