ပျမ်းမျှအားဖြင့် လူသားတစ်ဦးသည် သူ့ဘဝရဲ့သုံးပုံတစ်ပုံကို အိပ်စက်ခြင်းဖြင့် ကုန်ဆုံးကြပါတယ်။ ဒါပေမဲ့လည်း လေ့လာတွေ့ရှိချက်များအရ အရွယ်ရောက်ပြီးသား လူ သုံးဦးတွင် တစ်ဦးသည် အိပ်ရေးဝဝ မအိပ်စက်နိုင်ကြဘဲရှိနေပါတယ်။ အချိန်တော်တော်ကြာ အိပ်စက်လို့မရတဲ့အတွက်ကြောင့် အိပ်ရေးပျက်ရခြင်းဖြစ်တယ်လို့လည်း လေ့လာတွေ့ရှိရပါတယ်။

အိပ်ရေးပျက်နေကြသူများ၊ အချိန်အကြာကြီး အိပ်စက်လို့မရသူတွေအတွက် မြန်မြန်အိပ်မောကျအောင် ကူညီပေးမယ့် သာယာသံတချို့ရှိပါတယ်။

သဘာဝအသံများ

sounds to help you sleep

မိုးရွာသံ၊ သစ်ရွက်များ လေတိုက်လို့ လှုပ်ခတ်တဲ့အသံ၊ ရေ တတောက်တောက် ကျတဲ့အသံ၊ ရေလှိုင်းသံလေးများသည် သင့်ရဲ့အာရုံကြောကို နှေးကွေးသွားစေပြီး မြန်မြန်အိပ်မောကျအောင် ကူညီပေးနိုင်ပါတယ်။

ဖြည်းဖြည်းမှန်မှန်အသံများ

sounds to help you sleep

လျှပ်စစ်ပန်ကာကနေ ထွက်ပေါ်လာတဲ့အသံ၊ တီဗွီ (သို့) ရေဒီယိုထုတ်လွှင့်တင်ဆက်မှု၊ အဲကွန်းကနေ ထွက်ပေါ်လာတဲ့ ဖြည်းညှင်းသောအသံများ။ ထိုအသံများသည် တိုးညှင်းသော ဆူညံသံများဖြစ်ပါတယ်။ ထိုအသံတွေသည် သင့်ဦးနှောက်ကို အာရုံစူးစိုက်စေပြီး ထိုအသံကိုပဲ နားထောင်မိအောင် ကူညီပေးကာ မြန်မြန်အိပ်မောကျစေပါတယ်။

အနိမ့်သံများ

sounds to help you sleep

အချို့လူတွေအတွက်တော့ အနိမ့်သံများသည် နှစ်ခြိုက်စွာအိပ်မောကျအောင် ကူညီပေးနိုင်ပါတယ်။ ပင်လယ်ရေလှိုင်းရဲ့ညင်သာစွာရိုက်ခတ်သံများသည် စိတ်ကို တည်ငြိမ်စေပြီး မြန်မြန်အိပ်မောကျစေပါတယ်။

မီးဖိုချောင်ကလာတဲ့အသံ

 

sounds to help you sleep

Photo Source: Justonecookbook.com

မီးဖိုချောင်က လာတဲ့အသံတွေကလည်း သင့်ကို ကလေးလေးတစ်ယောက်လို နှစ်ခြိုက်စွာအိပ်မောကျအောင် ကူညီဗပးနိုင်ပါတယ်။ ဘယ်လိုအသံတွေလည်းဆိုတော့ စားစရာတစ်ခုခု ကြော်တဲ့အသံကနေ ထွက်ပေါ်လာတဲ့ ရှူးရှူးရှဲရှဲအသံ၊ ရေခဲသေတ္တာရဲ့မော်တာအသံ စတဲ့အသံတွေသည်လည်း သာယာငြိမ့်ညောင်းသောအသံအဖြစ် ယူဆနိုင်ပါတယ်။

သီးသန့်ရွေးချယ်ထားတဲ့ သီချင်းများ

sounds to help you sleep

Photo Source: Headphonesty.com

သင် အိပ်စက်မရခြင်းအကြောင်းအရင်းက စိတ်ဖိစီးမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ထိုစိတ်ဖိစီးမှုကို သီချင်းဖြင့် တိုက်ထုတ်နိုင်ပါတယ်။ သင် မအိပ်ခင်မှာ သင် အနှစ်သက်ဆုံးသီချင်းများကို ရွေးချယ်ကာ နားဆင်လိုက်ပါ။ တဖြည်းဖြည်းနဲ့ အိပ်မောကျသွားပါလိမ့်မယ်။

တိတ်ဆိတ်သောအသံ

sounds to help you sleep

တစ်ခါတစ်လေမှာ တိတ်ဆိတ်ငြိမ်သက်ခြင်းသည် သင့်အတွက် အကောင်းဆုံးပါပဲ။ တိတ်ဆိတ်ငြိမ်သက်ခြင်းကြောင့် သင့်ရဲ့စိတ်သည်လည်း စိတ်နှလုံးငြိမ်းအေးပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပါလိမ့်မယ်။

Source: Brightside.me