ကျွနု်ပ်တို့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အခြားသောအင်္ဂါအစိတ်အပိုင်းများကဲ့သို့ပင် ဦးနှောက်သည်လည်းပဲ သင့်ရဲ့နေထိုင်စားသောက်မှုပေါ် မူတည်ပြီး ပြောင်းလဲသွားတတ်ပါတယ်။ သင်က သတိမထားမိဘဲ ပြုလုပ်မိတဲ့ အလေ့အကျင့်များကြောင့် သင့်ရဲ့ဦးနှောက်ကို ထိခိုက်နိုင်ပြီး မှတ်ဉာဏ်စွမ်းအား ကျဆင်းခြင်းနှင့် အယ်လ်ဇိုင်းမားရောဂါကို ခံစားရနိုင်ချေ မြှင့်မားလာတတ်ပါတယ်။

တကယ်လို့ သင့်ဦးနှောက်ကို စွမ်းဆောင်ရည်မြင့်မားစေချင်တယ် မပျက်စီးစေချင်ဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် အလေ့အကျင့်တစ်ချို့ကို ရှောင်ကြဉ်သင့်ပါတယ်။

မည်သူနှင့်မျှ ပေါင်းသင်းဆက်ဆံမှု မရှိခြင်း

comparison between lonely man and sociable men

မီချီဂန်တက္ကသိုလ်က ပြုလုပ်တဲ့ လေ့လာတွေ့ရှိချက်အရ လူအများနဲ့ ၁၀ မိနစ်ခန့် စကားပြောခြင်းက သင့်ရဲ့စိတ်ကျန်းမာရေးကို မြင့်တင်ပေးတယ်လို့ သိရှိရပါတယ်။ အပြင်ထွက်ပြီး တွေ့သမျှလူတိုင်းနဲ့ စကားပြောရယ်လို့ မဆိုလိုပါဘူး။ သင့်ရဲ့သူငယ်ချင်း၊ ဆွေမျိုးမိတ်ဆွေများနဲ့ ဖုန်းပြောခြင်းကလည်း သင့်ရဲ့ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်မားစေပါတယ်။

သကြား အလွန်အကျွံ စားသုံးခြင်း

cake and drinks

သုတေသနလေ့လာချက်အရ သကြားဓာတ်အလွန်အကျွံ စားသုံးခြင်းက သင့်ရဲ့ဦးနှောက်ဆဲလ်များကို ထိခိုက်စေပါတယ်။ ရေရှည်မှတ်ဉာဏ်ကို ထိခိုက်စေတာကြောင့် သင်ယူလေ့လာမှုပိုင်းကို အားနည်းစေပါတယ်။

ဦးနှောက်အတွက် လေ့ကျင့်ခန်း မပြုလုပ်ခြင်း

healthy brain vs a brain with alzheimer

လူသားတစ်ယောက်ရဲ့ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ စွမ်းဆောင်နိုင်စွမ်းအမြင့်ဆုံးအချိန်ကတော့ အသက် ၁၆ နှစ်နဲ့ ၂၅ နှစ်ကြားဖြစ်ပြီး ၂၅ နှစ်ကြောသွားပါက ဦးနှောက်စွမ်းဆောင်ရည်က တဖြည်းဖြည်း ကျဆင်းသွားပါတယ်။ သင့်ရဲ့ဦးနှောက်စွမ်းဆောင်ရည်ကို မကျဆင်းစေချင်ဘဲ အမြဲတမ်းကျန်းမာနေစေချင်တယ်ဆိုရင်တော့ စာများများဖတ်ခြင်း၊ ဦးနှောက်အသားပေးရသည့် Puzzles ဂိမ်းများ ကစားခြင်း၊ ပုစ္ဆာများ ဖြေရှင်းခြင်းစတဲ့ ဦးနှောက်လေ့ကျင့်ခန်းများကို များများ ပြုလုပ်သင့်ပါတယ်။

မနက်စာ မစားခြင်း

coffee and pancake

လေ့လာတွေ့ရှိချက်များအရ မနက်စာ စားတဲ့ကလေးတွေက သူတို့ရဲ့ကျောင်းစာမှာ ပိုအာရုံစိုက်နိုင်ပြီး အမှတ်ပိုများလေ့ရှိတယ်လို့ သိရှိရပါတယ်။ မနက်စာ မစားတဲ့အခါ သွေးတွင်းသကြားဓာတ် ကျဆင်းသွားပြီး သင့်ရဲ့ဦးနှောင်စွမ်းဆောင်ရည်လည်း တစ်ပါတည်း ကျဆင်းသွားပါတယ်။

သွားရေစာမုန့်များ စားသုံးခြင်း

comparison between brains

သွားရေစာမုန့်များကို အလွန်အကျွံစားသုံးခြင်းကလည်း သင့်ရဲ့ဦးနှောက်ဆဲလ်များကို ထိခိုက်စေပြီး ရေရှည်မှတ်ဉာဏ်နှင့် ရေတိုမှတ်ဉာဏ် နှစ်ခုစလုံးကိုလည်း ပျက်စီးစေပါတယ်။ ဒါ့အပြင် သွားရေစာမုန့်များ အလွန်အကျွံ စားသုံးခြင်းကြောင့် စိတ်ကျရောဂါကို ခံစားရနိုင်ပါတယ်။

စမတ်ဖုန်းများ

picture showing smart phone affects brain

ကြွက်တွေပေါ်မှာ စမ်းသပ်ထားတဲ့ လေ့လာချက်များအရ ဆဲလ်ဖုန်းအသုံးပြုခြင်းက ဦးနှောက်ကင်ဆာ ဖြစ်ပွားနိုင်ချေနဲ့ ဆက်နွယ်နေတယ်ဆိုတာကို တွေ့ရှိရပါတယ်။ ဒါပေမဲ့လည်း ယနေ့ခေတ်မှာ စမတ်ဖုန်းက မရှိမဖြစ်အရေးပါတဲ့ပစ္စည်းဖြစ်နေတော့ လွှင့်ပစ်လို့လည်း မရဘူးပေါ့။ ဒါ့ကြောင့် ဆရာဝန်တွေက ဖုန်းပြောတဲ့အခါ စပီကာ ဖွင့်ပြောတာမျိုး (သို့) နားကြပ်တပ်ပြောတာမျိုး ပြုလုပ်ဖို့ အကြံပေးထားပါတယ်။ ဒါ့အပြင် အိပ်စက်အနားယူတဲ့အခါ ဖုန်းကို ခေါင်းအုံးနားမှာ ထားမအိပ်ဖို့လည်း ပြောကြားထားပါသေးတယ်။

Source: Brightside.me