စိတ်ဓာတ်ကျခြင်းသည် စိတ်ကျန်းမာရေး အားနည်းခြင်းတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်ရှိ လူသန်းပေါင်း ၂၆၄ သန်းကျော်ခန့် ခံစားနေရတာပဲဖြစ်ပါတယ်။ စိတ်ဓာတ်ကျခြင်းသည် စိတ်ကျန်းမာရေးကို ထိခိုက်စေရုံသာမကဘဲ ကိုယ်ခန္ဓာကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။

စိတ်ဓာတ်ကျခြင်းကြောင့် သင့်ခန္ဓာကိုယ်ရှိ ကိုယ်တွင်းအင်္ဂါများက ဘယ်လိုပြောင်းလဲသွားတတ်သလဲဆိုတာကို အတူတူလေ့လာကြည့်လိုက်ရအောင်။

ကျောက်ကပ်ရဲ့လုပ်ဆောင်နိုင်စွမ်း ကျဆင်းခြင်း

Depression Affects Kidneys

ကျောက်ကပ်ကျန်းမာရေး မကောင်းတဲ့သူ မဆိုထားနှင့် ကျောက်ကပ် ကျန်းမာသူတောင်မှ စိတ်ကျရောဂါ ခံစားရပါက ကျောက်ကပ်သည် တဖြည်းဖြည်း အားနည်းလာတတ်ပါတယ်။ ဖြစ်နိုင်ချေရှိတာကတော စိတ်ကျရောဂါက ခန္ဓာကိုယ် ခုခံအားကို ကျဆင်းစေပြီး ကျောက်ကပ်ရောင်လာစေခြင်းပဲဖြစ်ပါတယ်။

အစာအိမ်ကျန်းမာရေး

depression affects stomach

လူသားတွေရဲ့ဦးနှောက်သည် အစာလမ်းကြောင်းဖြင့် ချိတ်ဆက်နေပါတယ်။ ဒါ့ကြောင့် စိတ်ဓာတ်ကျခြင်းသည် အူလမ်းကြောင်းကို ကျုံ့စေပြီး မအီမသာဖြစ်စေပါတယ်။ အစာအိမ်ရောဂါအခံရှိပါက ဗိုက်အောင့်ခြင်းဝေဒနာကို ပိုမိုခံစားရနိုင်ပါတယ်။

ဆီးချိုရောဂါ

depression affects diabetes

စိတ်ကျရောဂါသည် စိတ်ဖိစီးမှုဟော်မှုန်းကို တိုးမြှင့်စေပြီး သွေးတွင်းသကြားဓာတ်နှင့် အင်ဆူလင်ခုခံအားပေါ် ဆိုးကျိုးများ သက်ရောက်စေပါတယ်။ စိတ်ကျရောဂါနှင့် ဆီးချိုရောဂါသည် အပြန်အလှန်အကျိုးသက်ရောက်မှုရှိတာကြောင့် ဆီးချိုသမားများအနေနဲ့ စိတ်ဖိစီးမှု မခံစားရအောင် ကြိုတင်ကာကွယ်သင့်ပါတယ်။

နှလုံးရောဂါ ခံစားရခြင်း

depression affects heart

စိတ်ကျရောဂါ ခံစားရသူသည် သွေးတိုးရောဂါကိုလည်း ခံစားရနိုင်ပြီး နှလုံးခုန်နှုန်းလည်း မြင့်တတ်လေ့ရှိပါတယ်။ အကျိုးဆက်အနေနဲ့ နှလုံးရောဂါ ခံစားရတတ်ပါတယ်။

သွေးကြောများ ဒုက္ခရောက်သွားခြင်း

depression affects vassel

ဒီအချက်ကတော့ သင့်နှလုံးကိုလည်း တိုက်ရိုက်ထိခိုက်စေပါတယ်။ သွေးတိုးခြင်းသည် သွေးကြောလေးများအတွင်း သွေးစီးဆင်းမှုကို လျော့နည်းစေပါတယ်။ တဖြည်းဖြည်းနဲ့ သွေးကြောလေးများ ကျုံ့သွားပြီး ကြွပ်ဆတ်သွားပါတယ်။ တဖြည်းဖြည်းနဲ့ သွေးကြောလေးများ ပျက်စီးသွားပြီး ဆဲလ်နဲ့ တစ်သျှူးများဆိသို့ လိုအပ်တဲ့ အောက်ဆီဂျင်နှင့် အာဟာရဓာတ်များကို မပေးပို့နိုင်တော့ပါဘူး။

ခေါင်းကိုက်ခြင်းနှင့် မှတ်ဉာဏ် ချို့ယွင်းခြင်း

depression affects memory loss

စိတ်ကျရောဂါသည် ရေတိုမှတ်ဉာဏ် ကျဆင်းစေပြီး စိတ်ကယောင်ခြောက်ချားလည်း ဖြစ်စေပါတယ်။ အာရုံစူးစိုက်နိုင်မှု မရှိတော့ခြင်း၊ မကြာခဏ ခေါင်းကိုက်ခြင်းတို့ကို ကြုံတွေ့ခံစားရနိုင်ပါတယ်။

ဒါတင်မကသေးပါဘူး။ ခါးနာခြင်း၊ အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်း စတဲ့ နောက်ဆက်တွဲရောဂါများကိုလည်း ခံစားရတတ်ပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုနှင့် စိတ်ကျရောဂါကို နည်းနိုင်သမျှ နည်းအောင် လျော့ချပေးဖို့ လိုအပ်ပါတယ်။

Source: Brightside.me