ဒီရက်ပိုင်းမိုးရာသီရဲ့အရသာကိုအပြည့်အဝခံစားနေပြီးမိုးကလည်း နေ့တိုင်းဆိုသလိုရွှာနေပါပြီ။အခုလိုရာသီအကူးအပြောင်းမှာဖျားနာတာကူးစက်ရောဂါစတဲ့ကျန်းမာရေးဆိုင်ရာပြဿနာတွေများစွာဖြစ်ပေါ်နိုင်တာကြောင့်အစားအသောက် အသွားအလာအနေအထိုင်အားလုံးကို ဂရုစိုက်ဖို့တော့လိုပါတယ်။ဒီနေ့မှာတော့မိုးရာသီကိုကျန်းကျန်းမာမာနဲ့ ဖြတ်သန်းနိုင်မယ့် နည်းလမ်းလေးတွေမျှဝေပေးလိုက်ပါတယ်နော်။

 

(၁) အရဟာပြည့်ဝစွာစားသောက်ပါ

Source : Shutterstock

လူတွေရဲ့ တစ်နေ့မှာ အစားအစာကလည်းအရမ်းကိုအရေးပါပါတယ်။နေ့ရက်တိုင်းကိုကျန်းမာစွာဖြတ်သန်းချင်ရင်တော့အဟာရပြည့်ဝစွာစားသုံးပေးဖို့လိုပါတယ်။မိုးရာသီမှာဝမ်းပျက် ဝမ်းလျောရောဂါတွေကလည်းအဖြစ်များတာကြောင့် လမ်းဘေးစာတွေ အသုပ်တွေနဲ့ ယင်နားစာတွေကိုတော့ရှောင်ကျဉ်သြင့်ပါတယ်။ဖြစ်နိုင်ရင်အိမ်မှာပဲလတ်လတ်ဆက်ဆက်ကိုယ် တိုင်ချက်ပြုတ်ပြီးပူပူနွေးနွေးစားသုံးသင့်ပါတယ်။

(၂) လက်ကျန်းမာရေးကိုဂရုစိုက်ပါ

Source : HuffPost

လူတစ်ယောက်မှာ ရောဂါပိုးကူးစက်ဖို့အလွယ်ကူဆုံးက လက် တွေပဲဖြစ်ပါတယ်။လက်ဖြင့်ကိုင်တွယ်လိုက်တဲ့အရာတိုင်းမှာမမြင်နိုင်တဲ့ဘက်တီးရီးယားပိုးမွှားတွေများစွာ ကပ်တွယ်နေနိုင်တာကြောင့် အမြဲတမ်းသန့်ရှင်းနေဖို့တော့လိုပါတယ်။အပြင် ကပြန်ရောက်တိုင်းလည်းလက်ကိုဆပ်ပြာနဲ့စင်ကြယ်စွာဆေးကျောပါ။အလွယ်တကူလက်သန့်စင်နိုင်တဲ့ လက်သန့်ဆေးရည် ဗူးလေးတွေလည်းဆောင်ထားနိုင်ပါတယ်။

(၃) တစ်ကိုယ်ရည်သန့်ရှင်းမှုကိုသတိပြုပါ

Source : Shutterstock

တစ်ကိုယ်ရည်သန့်ရှင်းမှုရှိရင် ရောဂါပိုးအလွယ်တကူကူးစက် ဖို့ခက်ခဲပါတယ်။ခန္ဓာကိုယ်မှာချွေးထွက်အများဆုံးနေရာတွေ ဖြစ်တဲ့ ချိုင်းကြား ပေါင်ခြံနဲ့ ခြေချောင်းကြားလိုနေရာတွေမှာ ဘက်တီးရီးယားပိုးမွှားတွေအလွယ်တကူပေါက်ဖွားနိုင်တာကြောင့် ရေချိုးတဲ့အခါအဲ့လိုနေရာတွေကို အဓိကထားသန့်ရှင်းရေးလုပ်ဆောင်ပါ။ရာသီဥတုအေးတဲ့ရက်တွေမှာတော့ကြက် သီနွေးခန့်အပူရှိန်ရှိတဲ့ရေနွေးဖြင့်ရေချိုးပေးလို့ရပါတယ်။

 

(၄) ခြင်အန္တရာယ်ကာကွယ်ပါ

Source : digitaltrends.com

အခုလိုမိုးရာသီမှာခြင်အန္တရာယ်ကလည်း သတိပြုဆင်ခြင်စရာအကြောင်းအရာတစ်ခုဖြစ်ပါတယ်။ခြင်ပေါက်ဖွားနိုင်တဲ့ ရေပုံးရေစည်တွေကိုအဖုံးအုပ်ထားပါ။အိမ်ထဲသို့ခြင်များအလွယ်တကူမဝင်ရောက်နိုင်ဖို့ ပြတင်းပေါက်နဲ့ တံခါးတွေကိုခြင်လုံ ဇကာတပ်ပါ။ညဘက်အိပ်တဲ့အခါမှာလည်း ခြင်ထောင်ဖြင့် အိပ်စက်ပါ။အိမ်ခြံဝန်းအနီးရှိခြံပေါက်ဖွားနိုင်တဲ့ ခြုံပင်ပန်းပင်းတွေကိုခြင်ဆေးဖြန်းပါ။

(၅) နွေးနွေးထွေးထွေးနေပါ

Source : freepik.com

အကယ်၍အပြင်မှာမိုးမိလာတယ်ဆိုရင် အိမ်ပြန်ရောက်တာနဲ့ ချက်ချင်းရေချိုးပါ။ရေမချိုးနိုင်ရင်တောင်မှ ရေစိုအဝတ်အစား တွေအားလုံးကိုချွတ်ပြီး ခြေလက်ရေဆေးတာတို့လုပ်ဆောင်ပေးရပါမယ်။ပြီးရင်တော့ နွေးနွေးထွေးထွေးရှိမယ့်အဝတ်အစားမျိုးဝတ်ဆင်ထားသင့်ပါတယ်။ဒီလိုမှမဟုတ်ရင်တော့ အဆုတ်အအေးပတ်ခြင်း နှာစီးချောင်းဆိုးနဲ့ ဖျားနာရောဂါတွေ အလွယ်တကူဝင်ရောက်မှာဖြစ်ပါတယ်။

(၆) ကောင်းစွာအိပ်စက်အနားယူပါ

Source : Shutterstock

တစ်နေ့တာလုံးသွားလာလှုပ်ရှားခဲ့သမျှ ညဘက်မှာကောင်းစွာ အိပ်ခြင်းဖြင့် ခန္ဓာကိုယ်ကကုန်ခမ်းသွားတဲ့ Energy တွေကို ပြန်လည်ဖြည့်တင်းပေးရပါမယ်။ညဘက်မှာနောက်ကျမှ အိပ်စက်တာမျိုးတွေ ဖုန်းအသုံးပြုတာတွေလျော့ပြီး စောစောအိပ် ယာဝင်ပါ။အိပ်ချိန်အလုံအလောက်ရရှိခြင်းကလည်း ခန္ဓာကိုယ်ကြံ့ခိုင်မှုအတွက် အထောက်အကူဖြစ်စေတာကြောင့်ရောဂါပိုးကူးစက်နိုင်ချေနည်းပါးပါတယ်။ဒါကြောင့်အိပ်စက်ပြည့်ဝ စွာရရှိဖို့ ဂရုပြုပါ။