စုံတွဲတွေ အသုံးအများဆုံး အိပ်ရာထက်က သိုင်းကွက်တွေ ထဲကတစ်ခုကတော့ 69 ပါ။ 69 သိုင်းကွက် ဆိုတာဟာ ပါတနာနှစ်ဦးလုံး တစ်ပြိုင်နက် ပါးစပ်ဖြင့် ချစ်တင်းနှောတဲ့ Position ကို ဆိုလိုပါတယ်။

69

Photo : The Sun

ဒီတစ်ခေါက်မှာတော့ 69 သိုင်းကွက်သုံးတဲ့အခါမှာ ပိုပြီး သာယာပျော်ရွှင်ဖွယ် အတွေ့အကြုံကို နှစ်ဦးသား ရရှိခံစားနိုင်စေဖို့ သိထားရမယ့် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) သက်တောင့်သက်သာရှိဖို့ ဦးစားပေးပါ

couple holding hands

Photo : Healthline

69 သိုင်းကွက် သုံးတဲ့အခါမှာ အရေးကြီးဆုံးက သင်ရော သင့်ပါတနာ နှစ်ဦးလုံး သက်တောင့်သက်သာ အနေအထားမှာ ရှိနေဖို့ လိုအပ်ပါတယ်။ မျက်နှာပြင်ညီပြီး တည်ငြိမ်မှုရှိတဲ့ ကုတင် သို့မဟုတ် ဆိုဖာ ကဲ့သို့ သက်တောင့်သက်သာရှိတဲ့ နေရာတွေကို ရွေးချယ်ပြီး နှစ်ဦးသားရဲ့ ခန္ဓာကိုယ်အနေအထားတွေဟာလည်း မသက်မသာ မဖြစ်စေဖို့ လိုသလို ချိန်ညှိရပါမယ်။ ဥပမာအားဖြင့် ဘေးတစောင်း အနေအထား လှဲလျောင်းတာ ၊ တစ်ဦးနဲ့တစ်ဦး ပြောင်းပြန်အနေအထားကိုမှ ပိုပြီး သက်တောင့်သက်သာရှိတဲ့ Position ရအောင် လိုသလို Adjust လုပ်တာတွေ လုပ်ပေးရပါမယ်။

(၂) ချောမွေ့မှုရှိဖို့ ချောဆီသုံးပါ

Vaginal Lubricants

Photo : Deborah Silver Music

ချောဆီဟာ ချစ်တင်းနှောချိန်တိုင်းမှာ စိုစွတ်မှုအတွက် အထောက်အပံ့ ဖြစ်စေပြီး နှစ်ဦးလုံးရဲ့ ခံစားမှုနဲ့ သာယာပျော်ရွှင်မှုကို တိုးစေဖို့ ကူညီပေးပါတယ်။ 69 သိုင်းကွက် ခင်းတဲ့အခါမှာလည်း တစ်ဦးနဲ့တစ်ဦး ထိတွေ့မှုတိုင်းမှာ သက်တောင့်သက်သာ ပိုရှိပြီး သာယာကျေနပ်စရာကောင်းတဲ့ နှိုးဆွမှု အထိအတွေ့ ခံစားချက်တွေကို ရရှိခံစားနိုင်စေဖို့ ချောဆီကို မဖြစ်မနေ အသုံးပြုပေး သင့်ပါတယ်။

(၃) ခေါင်းအုံးတွေ ခုထားပါ

Couple In Bed

Photo : Freepik

69 သိုင်းကွက် ခင်းချိန်မှာ နှစ်ဦးသားရဲ့ Position အနေအထားတွေ ပိုမို သက်တောင့်သက်သာ ရှိစေဖို့ ခေါင်း ၊ ကျောနဲ့ ဒူးအောက်တွေမှာ ခေါင်းအုံးတွေကို အဆင်ပြေသလို ညှိဆခုထားပေး နိုင်ပါတယ်။ ဒါက 69 သိုင်းကွက်ကို ပိုမိုသက်တောင့်သက်သာ ဖြစ်စေပြီး ခန္ဓာကိုယ်အနေအထား မသက်မသာ ခံစားရတာတွေ လျှော့ချပေးနိုင်ပါတယ်။

(၄) တစ်လှည့်စီ ပြောင်းလဲကစားပါ

couple in bed

Photo : Sun Sentinel

မတူညီတဲ့ ရှုထောင့် မြင်ကွင်း အနေအထားတွေ ၊ မတူညီတဲ့ ခံစားချက် အတွေ့အကြုံတွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားမှု ပိုကောင်းစေဖို့ သင်နဲ့သင့်ပါတနာဟာ Position အနေအထားကို အထက်အောက် ပြောင်းပြန် တစ်ယောက် တစ်လှည့်စီ ပြောင်းလဲ သိုင်းကွင်း ခင်းနိုင်ပါတယ်။ အထက်မှအောက် ၊ အောက်မှအထက် တစ်ယောက်နဲ့ တစ်ယောက် တစ်လှည့်စီ‌ ‌ပြောင်းပြီး လုပ်ဆောင်တာဟာ ရိုလာကိုစတာ စီးနေရသလို ခံစားချက်မျိုးနဲ့ ရင်ခုန်ပျော်ရွှင်ဖို့ ပိုကောင်းစေမှာပါ။

(၅) နှေးနှေးနဲ့ ဖြည်းဖြည်း အရှိန်တင်သွားပါ

couple being romantic and kissing in bed

Photo : The Noun Project

69 သိုင်းကွက်ကို အကောင်းဆုံးနဲ့ အပြည့်စုံဆုံး ဖြစ်စေဖို့ ဖြည်းဖြည်းနဲ့ တဆင့်ချင်း စတင် လှုပ်ရှားသွားတာဟာ အကောင်းဆုံးပါ။ တဖြည်းဖြည်းနဲ့မှ နှစ်ဦးသားရဲ့ ရင်ခုန်သံ စည်းချက်တွေအတိုင်း အရှိန်ကို တဆင့်ချင်း တင်သွားပါ။ စတင်ချိန်ကတည်းက ဝုန်းဒိုင်းကြဲတာထက် စိတ်ခံစားမှုတွေ အပေါ် မူတည်ပြီး နှေးနှေးနဲ့ တရစ်ချင်း/ ဖြည်းဖြည်းချင်း အရှိန်တင်သွားတာက ပိုမိုသာယာရင်ခုန်ဖွယ် အတွေ့အကြုံကို ရရှိခံစားရစေမှာ ဖြစ်ပါတယ်။

Source : My Fit Brain

Featured Photo : Times of India