ဦးထုပ်တွေဟာ အမျိုးသားတို့ရဲ့ဖက်ရှင်စတိုင်လ်ကိုမြှင့်တင်ပေးနိုင်တဲ့ အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ အသားအရေနဲ့ ဆံသားကို နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးနိုင်ရုံသာမက ဖက်ရှင်ကျကျ ဝတ်စားရာမှာလည်း အသုံးဝင်ပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ ဖက်ရှင်စတိုင်လ်ကို မြှင့်တင်ချင်တဲ့ကွီးတို့အတွက် ၂၀၂၁ ခုနှစ်အတွင်း ရေပန်းစားလျက်ရှိတဲ့ ဦးထုပ်ဒီဇိုင်းတွေကို ပြောပြပေးသွားမှာပါ။

(၁) Boater

Boater Hat

Photo : The Manual

ဆလင်ဒါပုံသဏ္ဍာန်ရှိပြီး အနားပြန့်တဲ့ Boater ဦးထုပ်တွေဟာ ၁၉၂၀ ခုနှစ်လောက်က ဖက်ရှင်လောကမှာ သိပ်ပြီးနာမည်ကြီးခဲ့တဲ့ ဦးထုပ်ဒီဇိုင်းတစ်ခုပါ။ ရိုးရှင်းပြီး စတိုင်လ်ကျတဲ့ ဦးထုပ်ဒီဇိုင်းတစ်ခုဖြစ်တာကြောင့် ယနေ့ခေတ်အထိ လူကြိုက်များရေပန်းစားနေဆဲဖြစ်ပါတယ်။ နွေရာသီမှာ ဂျင်းဘောင်းဘီ ၊ T-shirt တို့နဲ့တွဲဖက်ဝတ်ဆင်ရင် လုံးဝစတိုင်လ်ကျနေမှာဖြစ်ပါတယ်။

(၂) Amish Hat

Photo : The Manual

Amish Hat က Boater ဦးထုပ်နဲ့ဆင်တူပြီး Boater ထက်အနည်းငယ်ပိုပြီး အနားပြန့်ပုံစံရှိပါတယ်။ ဖက်ရှင်ကိုစိတ်ဝင်စားပြီး စတိုင်လ်ကျကျဝတ်ဆင်ချင်သူတွေအတွက် အသင့်တော်ဆုံး ဦးထုပ်ဒီဇိုင်းတစ်ခုပါ။ အနားပိုပြန့်တဲ့အတွက် နေရောင်ခြည်ဒဏ်ကိုလည်း ပိုပြီးကာကွယ်ပေးနိုင်မယ့် အသင့်တော်ဆုံးဦးထုပ်ဒီဇိုင်းတစ်ခုဖြစ်ပါတယ်။

(၃) Bowler / Derby

Bowler or Derby Hat

Photo : The Manual

ဒီဦးထုပ်ကိုတော့ Bowler သို့မဟုတ် Derby လို့လည်းခေါ်ကြပါတယ်။ အမေရိကန်မှာတော့ သိပ်ကိုလူသိများတဲ့ ဦးထုပ်ဒီဇိုင်းတစ်ခုပါ။ ဦးထုပ်အောက်ခြေအနားသတ်ကတိုပြီး အပေါ်ကိုမြင့်သွားတဲ့ ပုံစံမျိုးဖြစ်ပြီး အမျိုးသားတွေအတွက် စတိုင်လ်ကျတဲ့ဖက်ရှင်အသွင်ကို ရစေမှာပဲ ဖြစ်ပါတယ်။

(၄) Panama

Panama Hat

Photo : The Manual

နွေရာသီဖက်ရှင်အတွက် အမျိုးသားတွေရွေးချယ်သင့်တဲ့ ဦးထုပ်ဒီဇိုင်းတစ်ခုဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ စမတ်ကျစေပြီး လူကြီးတွေသာမက လူလတ်ပိုင်းအမျိုးသားတွေနဲ့လည်း လိုက်ဖက်မှုရှိတဲ့ ဦးထုပ်ဒီဇိုင်းဖြစ်ပါတယ်။ ပုံမှန်ထသွားထလာ ဖက်ရှင်တွေနဲ့တွဲဖက်ဝတ်ဆင်နိုင်သလို Suit တွေလည်း တွဲဖက်ဝတ်ဆင်လို့ရပါတယ်။

(၅) Beanie

Beanie

Photo : The Manual

တောင်ပေါ်ဒေသတွေကို အလည်သွားရောက်တဲ့အခါမှာဖြစ်စေ ။ ဆောင်းရာသီလို အေးချမ်းတဲ့ရာသီတွေမှာ ဖက်ရှင်ကျကျနဲ့ရှိုးထုတ်လို့အကောင်းဆုံး ဦးထုပ်ဒီဇိုင်းတစ်ခုဖြစ်ပါတယ်။ Beanie ဦးထုပ်ကို ပိုလာသိုးမွှေး ၊ ဖလန်နယ်သားတွေနဲ့ ချုပ်လေ့ရှိပြီး လူငယ်ဆန်ဆန် စတိုင်လ််ကျချင်တဲ့ ဆယ်ကျော်သက်လူငယ်တွေနဲ့ အလိုက်ဖက်ဆုံးဖြစ်ပါတယ်။

(၆) Newsboy

Newsboy Hat

Photo : The Manual

၁၉၇၀ ခုနှစ်များသိပ်ကိုရေးပန်းစား လူကြိုက်များခဲ့တဲ့ ဦးထုပ်ဒီဇိုင်းတစ်ခုဖြစ်ပါတယ်။ အနီးစပ်ဆုံးပြောရရင် နာမည်ကျော် Netflix စီးရီး Peaky Blinders ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ကောင်တွေ ဝတ်ဆင်တဲ့ဦးထုပ်ဒီဇိုင်းတွေပဲဖြစ်ပါတယ်။ ဝါဂွမ်း သို့ သိုးမွှေးသားတွေနဲ့ ပေါင်းစပ်ချုပ်လုပ်ထားတဲ့အတွက် အေးတဲ့ရာသီအတွက်အသင့်တော်ဆုံးဖြစ်ပြီး စမတ်ကျကျနဲ့ စတိုင်လ်မိုက်စေမှာပါ။

(၇) Baseball Cap

Baseball Cap

Photo : The Manual

Baseball Cap ဦးထုပ်တွေဟာ အမျိုးသားတိုင်လိုလို သဘောကျလေ့ရှိပြီး ပေါ့ပေါ့ပါးပါးထသွားထလာအတွက် ဖက်ရှင်မိမိုက်စေမယ့် ဦးထုပ်ဒီဇိုင်းတစ်ခုပါ။ Baseball Cap ဦးထုပ်တွေ အမျိုးသားတွေတင်မဟုတ်ပဲ အမျိုးသမီးတွေပါဝတ်ဆင်နိုင်ပြီး လူငယ်ဆန်ဆန် ဖက်ရှင်တွေနဲ့ တွဲဖက်ဝတ်ဆင်ရင် ပိုပြီးဆွဲဆောင်မှုရှိစေမှာပဲဖြစ်ပါတယ်။

Featured Photo : Tenth Street Hats