ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာရုံနဲ့ ဘေးအန္တရာယ် ကင်းရှင်းပြီလို့ လူအများက ယုံကြည်ကြပါတယ်။ ဒါပေဲ့ ထိုစည်းကမ်းများအပြင် လိုက်နာသင့်တဲ့ အချို့သောအချက်တွေလည်း ရှိပါသေးတယ်။ ဥပမာပြောရမယ်ဆိုရင် ယာဉ်မောင်းထိုင်ခုံကို သေချာညှိထားခြင်းပဲဖြစ်ပါတယ်။ မိမိခန္ဓာကိုယ်အနေအထားနဲ့ လိုက်ပြီး မညှိထားဘူးဆိုရင် အသေးစားမတော်တဆမှုတွေ ကြုံတွေ့ရတတ်ပါတယ်။
ဒီဆောင်းပါးလေးထဲမှာတော့ ကားမောင်းသူများ မဖြစ်မနေ လိုက်နာသင့်တဲ့ အချက်လေးများကို ထည့်သွင်းဖော်ပြသွားမှာပဲဖြစ်ပါတယ်။
ယာဉ်မောင်းသူ ထိုင်ခုံကို မိမိအရပ်နဲ့ ညှိပါ

အနေအထားမမှန်ပါက ကားမောင်းတဲ့အခါ သက်သောင့်သက်သာရှိမှာဟုတ်ပါဘူး။ မိမိအရပ်နဲ့ သေချာညှိထားယ်ဆိုရင်တော့ ခရီးရှည် ကားမောင်းရတဲ့အခါ ခါးညောင်းမှာမဟုတ်ပါဘူး။
ခါးပတ် ပတ်ဖို့မမေ့ပါနဲ့

ဒီအချက်ကတော့ ကားမောင်းသူတစ်ယောက်တည်း လိုက်နာသင့်တာမဟုတ်ပါဘူး။ ရှေ့ခန်းမှာ ထိုင်သူတိုင်း လိုက်နာသင့်တဲ့အချက်ပါ။
ကားဘရိတ်ကိုလည်း အမြဲတမ်းစစ်ဆေးပါ

ကားဘရိတ်စနစ် မကောင်းတော့ဘူးဆိုတာကို ဖော်ပြနေတဲ့ အချက် (၄) ချက်ရှိပါတယ်။ ထိုအချက်များကတော့ ဘရိတ်နင်းတဲ့အချိန်မှာ တကျွိကျွိမြည်ခြင်း၊ ကားဘရိတ်က စည်းကျဝါးကျ ကျုံ့လိုက် ဆန့်လိုက်ဖြစ်ခြင်း၊ ဘရိတ်နင်းလိုက်ပေမယ့် ကားက ဆက်သွားနေခြင်း၊ ကားဘရိတ်ပေါက်ခြင်း စသည်တို့ပဲဖြစ်ပါတယ်။
ထိုအချက်များကို သင့်အနေနဲ့ ကြုံတွေ့ရတယ်ဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ စက်ပြင်ဆရာနဲ့ သေချာပြသသင့်ပါတယ်။
မခန့်မှန်းပါနဲ့

ကိုယ့်အရှေ့မှာရှိတဲ့ ဘယ်ကားကတော့ ကွေ့မှာ တည့်တည့်သွားမှာ ဘယ်လမ်းကြောင်းယူမှ စသည်ဖြင့် မခန့်မှန်းပါနဲ့။ ထိုကဲ့သို့ ခန်းမှန်းချက်အားဖြင့် သင့်ရဲ့အာရုံကို ထွေပြားစေမှာဖြစ်ပြီး ယာဉ်မတော်တဆမှုများ ကြုံတွေ့ရနိုင်ပါတယ်။
လီဗာ (သို့) ဘရိတ်နင်းတဲ့အခါ

သင့်ရဲ့ခြေထောက်တစ်ခုလုံးကို အသုံးမပြုပါနဲ့။ ခြေဖနောင့်ကို တစ်နေရာတည်းမှာပဲ ထားပြီး ခြေထိပ်ကိုပဲ လီဗာနဲ့ ဘရိတ်အပေါ်မှာ လှုပ်ရှားမှု ပြုလုပ်ပေးရပါမယ်။
ကားမောင်းနေစဉ်မှာ ဖုန်းသုံးပြီး စာမရိုက်ပါနဲ့

ကားမောင်းစဉ်မှာ ဖုန်းသုံးခြင်း၊ မက်ဆေ့ပို့ခြင်းက အန္တရာယ်များလွန်းလှပါတယ်။ သင့်အနေနဲ့ အရေးကြီး ဖုန်းပြောစရာရှိတယ်ဆိုရင် ကားကို လမ်းဘေးချရပ်ပြီး ဖုန်းပြောခြင်း၊ စာရိုက်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။
စိတ်ရှည်ပါ

ဒီအချက်ကတော့ အရေးကြီးဆုံးအချက်လို့ ပြောလို့ရပါတယ်။ ဒေါသကြီးတတ်သူများ၊ စိတ်မထိန်းနိုင်သူများအနေနဲ့ ကား (လုံးဝ) မမောင်းသင့်ပါဘူး။ ယနေ့ခေတ် ယာဉ်လမ်းကြောကလည်း ၂၄ နာရီလုံး ကားပိတ်နေတာပါ။ မိမိသွားရမယ့်ခရီးကို နောက်မကျချင်ဘူးဆိုရင် အိမ်ကနေ စောထွက်လာပေးပါ။ ကားကို စိတ်ရှည်လက်ရှည်နဲ့ မောင်းပါ။ သင့်အသက်အန္တရာယ်အတွက်ရော လမ်းပေါ်ရှိလူများရဲ့အသက်အန္တရာယ်အတွက်ပါ ထည့်စဉ်းစားဖို့လိုပါတယ်။
Source: Brightside.me
