ပထမဦးဆုံး ဒိတ်လုပ်တဲ့အခါ ကြိုတင်ပြင်ဆင်စရာတွေက အများကြီးပါပဲ။ ဖက်ရှင်ကျကျ ဝတ်စားသွားလာဖို့လည်း လိုအပ်သလို ကြည့်လိုက်တာနဲ့ ဆွဲဆောင်မှုတိုးမယ့် ဖက်ရှင်မျိုးဖြစ်ဖို့လိုအပ်ပါတယ်။

ဒါမှ ဒီကောင်လေးက သပ်သပ်ရပ်ရပ်နဲ့ စတိုင်လ်ကျကျ ဝတ်စားသွားလာတတ်ပါလားဆိုပြီး သင့်ကောင်မလေးက သင့်ရဲ့ဖက်ရှင်ပိုင်းမှာ အမှတ်တိုးပေးမှာဖြစ်ပါတယ်။

ပထမဦးဆုံး ဒိတ်လုပ်ဖို့အတွက် ဘယ်လိုဝတ်စားသွားရမလဲဆိုပြီး အကြံအိုက်နေတဲ့ ယောကျာ်းများအတွက် အဓိကကျတဲ့ ဖက်ရှင် Tips (၇) မျိုးကို ဝေမျှပေးချင်ပါတယ်။

ရှပ်အင်္ကျီ၊ Bomber ဂျက်ကတ်နှင့် ချီနိုဘောင်းဘီအတွဲအစပ်

man fashion for first date

သင့်အနေနဲ့ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးနဲ့ ဖက်ရှင်ကျကျ ဝတ်ဆင်ချင်တယ်ဆိုရင်တော့ ဒီဖက်ရှင်လေးကို ဝတ်ဆင်သင့်ပါတယ်။ ဖိနပ်ကိုတော့ အဖြူရောင် Sneaker လေး ဝတ်ဆင်လိုက်တဲ့အခါ သန့်ပြန့်ပြီး ဆွဲဆောင်မှုတိုးစေမှာပါ။

ရှပ်အင်္ကျီ၊ Denim ဘောင်းဘီနှင့် လက်ပြတ်ကုတ်အင်္ကျီ

man fashion for first date

ကုတ်အင်္ကျီ ထပ်မဝတ်ဘူးဆိုရင်တော့ သင့်ဖက်ရှင်က ပုံတုံးကြီးဖြစ်နေပြီး ဆွဲဆောင်မှုမရှိပါဘူး။ အပေါ်ဝတ်ကုတ်အင်္ကျီလက်ပြတ်လေး ထည့်လိုက်မှသာ ပြီးပြည့်စုံတဲ့ဖက်ရှင်တစ်ခုဖြစ်သွားမှာပါ။

ဂျင်းဘောင်းဘီနှင့် ဂျင်းရှပ်အင်္ကျီ

man fashion for first date

ဒီဖက်ရှင်ကတော့ ပေါ့ပေါ့ပါးပါးနဲ့ ယောကျာ်းဆန်တဲ့ ဖက်ရှင်တစ်ခုပါ။ ဂျင်းရှပ်အင်္ကျီနဲ့ ဂျင်းဘောင်းဘီကို တွဲဝတ်မယ်ဆိုရင်တော့ ရိုးရိုးဂျင်းဘောင်းဘီထက်စာရင် ဂျင်းဘောင်းဘီအပြဲနဲ့ ပိုမိုလိုက်ဖက်ပါတယ်။

အဖြူရောင် ရှပ်အင်္ကျီနှင့် နက်ပြာရောင်စတိုင်ဘောင်းဘီ

man fashion for first date

သင့်ကောင်မလေးရဲ့အမြင်မှာ စမတ်ကျကျနဲ့ ရင့်ကျက်တဲ့အသွင်ကို ဖော်ဆောင်ချင်တယ်ဆိုရင်တော့ ဒီဖက်ရှင်က အသင့်တော်ဆုံးပါပဲ။

အဖြူရောင်ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီ

man fashion for first date

အဖြူရောင်က ဘယ်အရောင်နဲ့မဆို လိုက်ဖက်တဲ့အရောင်ပါ။ သူ့ကို ဂျင်းဘောင်းဘီနဲ့ တွဲဝတ်မယ်ဆိုရင်တော့ သန့်သန့်ပြန့်ပြန့်လေးနဲ့ ကြည့်ကောင်းနေမှာပါ။ ဒီနေရာမှာတော့ ဂျင်းဘောင်းဘီက အပြဲဖက်ရှင်လည်း ရသလို ရိုးရိုးဂျင်းဘောင်းဘီနဲ့လည်း လိုက်ဖက်ပါတယ်။

အရောင်ဆင်သော ဖက်ရှင်

man fashion for first date

ဂျင်းဘောင်းဘီအရောင်နဲ့ ဆင်တူတဲ့ ရှပ်အင်္ကျီအရောင်ကို တွဲဖက်ဝတ်ဆင်ပေးခြင်းကလည်း သင့်ကို တည်တည်ငြိမ်ငြိမ်နဲ့ ခံ့ညားနေစေမှာပါ။

လည်ပင်းပေါက်အဝိုင်းတီရှပ်နှင့် ဘောင်းဘီတိုဖက်ရှင်

man fashion for first date

ဒီဖက်ရှင်ကို ဝတ်ဆင်တဲ့အခါ သတိထားဖို့တော့လိုပါမယ်။ ဘောင်းဘီတိုဖက်ရှင် ဖြစ်တာကြောင့် အများအမြင်မှာ မရိုင်းအောင်တော့ ဝတ်ဆင်သင့်ပါတယ်။ ညနေခင်းအချိန်အခါ ဒိတ်မယ်ဆိုရင်တော့ ဒီဖက်ရှင်က ကြည့်ကောင်းနေစေမှာပါ။

Source: Lifestylebyps.com