သင်သည် ဘောင်းဘီတိုနဲ့ ဘောင်းဘီရှည် ဖက်ရှင်နှစ်ခုအကြား ဘယ်ဖက်ရှင်ကို အနှစ်သက်ဆုံးပါလဲ။

ဘောင်းဘီတိုဖက်ရှင်ကို ပိုမိုနှစ်သက်ပြီး ထိုဖက်ရှင်ကို ပိုအဝတ်များတယ်ဆိုရင်တော့ ထိုဖက်ရှင်နဲ့ ဘယ်ဖိနပ်အမျိုးအစားက အလိုက်ဖက်ဆုံးဖြစ်မလဲဆိုတာကို သိထားဖို့လိုပါလိမ့်မယ်။

တကယ်လို့ သင်က ဘောင်းဘီတိုဝတ်ရတာ သဘောကျတယ်ဆိုရင် ဒီဆောင်းပါးလေးကို ဆက်ဖတ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

Sneakers ဖိနပ်များ

sneakers fashion

လူကြီး လူငယ်မရွေး ကြိုက်နှစ်သက်ကြပြီး လွတ်လပ်ပေါ့ပါးတဲ့အသွင်ကို ဖန်တီးပေးနိုင်တာကြောင့် ဘောင်းဘီတိုနဲ့ နံပါတ်တစ်အလိုက်ဖက်ဆုံးဖိနပ်အမျိုးအစားတစ်ခုပါ။

Brogues ဖိနပ်

brogues fashion

ဒီဖိနပ်အမျိုးအစားကတော့ စမတ်ကျတဲ့အသွင်ကို ဖန်တီးပေးနိုင်ပါတယ်။ သင့်အနေနဲ့ ဘောင်းဘီတိုနဲ့ Formal ဖက်ရှင်မျိုး ဖန်တီးချင်တယ်ဆိုရင်တော့ ဒီဖိနပ်ကို ရွေးချယ်သင့်ပါတယ်။

ညှပ်ဖိနပ်နှင့် ကွင်းထိုးဖိနပ်များ

sandals for men

ဒီဖိနပ်ကတော့ လူအများစု အစီးများတဲ့ ဖိနပ်ပါ။ ပေါ့ပေါ့ပါးပါးလေးနဲ့ ခြေစွပ်မလို ရှူးဖိနပ်တွေလို ဖုန်သုတ်တိုက်ချွတ်စရာမလိုတဲ့အတွက်ကြောင့် လူအများစုက နှစ်နှစ်ခြိုက်ခြိုက်ဝတ်ဆင်ကြတာပဲဖြစ်ပါတယ်။

Loafers လို့ခေါ်တဲ့ သားရေပျော့ဖိနပ်များ

loafers for men

Formal ပုံစံလည်း မဝတ်ချင်ဘူး အရမ်းကြီးလည်း Causal ဘက် မသွားချင်ဘူးဆိုရင်တော့ ဒီသားရေပျော့ဖိနပ်လေးတွေက ကွက်တိပါပဲ။ ခြေစွပ်မဝတ်ချင်သူများအနေနဲ့ကတော့ ဒီဖိနပ်လေးကို ဦးစားပေးရွေးချယ်သင့်ပါတယ်။

Boat Shoes

boat shoes for men

Source: Hiconsumption.com

ဖိနပ်ဒီဇိုင်းက သင်္ဘောပုံစံနဲ့ ဆင်တူတဲ့အတွက်ကြောင့် Boat Shoes လို့ အမည်တွင်ရခြင်းဖြစ်ပါတယ်။ ဒီဖိနပ်ကတော့ လွတ်လပ်ပေါ့ပါးတဲ့ လူငယ်စတိုင်လ်ကို ဖန်တီးပေးမှာပဲဖြစ်ပါတယ်။

Espadrilles လို့ခေါ်တဲ့ ဖိနပ်အပျော့စား

Espadrilles fashion for men

Source: Boatinternational.com

ဒီဖိနပ်လေးကတော့ ခုနက Boat Shoes ဖိနပ်မျိုးနဲ့အတူတူပါပဲ။ ကွဲပြားခြားနားသွားတဲ့အချက်ကတော့  Espadrilles ရဲ့ ဖိနပ်အသားက ပေါ့ပေါ့ပါးပါးလေးနဲ့ ပျော့ပါတယ်။ စီးရတာလည်း ပေါ့ပါးလွတ်လပ်တဲ့အတွက်ကြောင့် အခုနောက်ပိုင်းမှာ ရေပန်းစားလာတဲ့ဖိနပ်တစ်မျိုးပဲဖြစ်ပါတယ်။

ဘွတ်ဖိနပ်

boots fashion for men

ဘွတ်ဖိနပ်သည် ခြေမျက်စိဖုံးတဲ့အတွက်ကြောင့် သင့်အနေနဲ့ နိုင်ငံခြားရောက်နေသည့်အလား ခံစားချင်တယ်ဆိုရင်တော့ ဘောင်းဘီတိုနဲ့ ဘွတ်ဖိနပ်ကို တွဲဖက်ဝတ်ဆင်သင့်ပါတယ်။

Source: Boatinternational.com

Featured Image Source: Ties.com