ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ရဲ့ပြောကြားချက်အရ ကမ္ဘာပေါ်ရှိ လူသန်းပေါင်း ၂၃ သန်းခန့်က ကျန်းမာရေးနဲ့ မညီညွှတ်သော အစားအစာများ စားသုံးမိခြင်းကြောင့် နှစ်စဉ်နှစ်တိုင်း နာမကျန်းဖြစ်လေ့ရှိကြတယ်လို့ သိရှိရပါတယ်။ ကျွန်ုပ်တို့မျက်စိနဲ့ မမြင်ရတဲ့ ဗိုင်းရပ်စ်များစွာကလည်း လေထဲမှာ ပျံ့နှံ့နေတတ်ကြပါတယ်။

ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်ကို နာမကျန်းဖြစ်ခြင်းမှ ကာကွယ်ပေးမယ့် နည်းလမ်းကောင်းလေးတစ်ခုတော့ရှိပါတယ်။ ထိုနည်းလမ်းကောင်းကတော့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာများ စားသုံးပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်းပဲဖြစ်ပါတယ်။

အယ်လ်မွန်စေ့ စားသုံးပါ

almond for men

သုတေသနလေ့လာချက်များအရ အယ်လ်မွန်စေ့က ဗိုင်းရပ်စ်များကို တိုက်ဖျက်ပေးပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတယ်လို့ သိရပါတယ်။ ဗီတာမင်အီးနဲ့ အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့ ထိုအစားအစာက သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။

နေကြာစေ့

sunflower seed for men

နေကြာစေ့ကတော့ နှလုံးကို ကျန်းမာစေပြီး နှလုံးရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ သွားရေစာမုန့်တစ်မျိုးပါ။

သင်္ဘောသီး

papaya for men to reduce pain

Antioxidants များ ကြွယ်ဝစွာပါဝင်တဲ့ သင်္ဘောသီးကတော့ အရသာကောင်းမွန်လှပါတယ်။ သူ့ရဲ့အကျိုးကျေးဇူးများကတော့ ရောင်ရမ်းမှုကို လျော့ချပေးခြင်း၊ အသည်းကင်ဆာဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်းအပြင် အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

ကရုကမာကောင်နှင့် ယောက်သွား

oyster for men

ပင်လယ်စာချစ်သူများအတွက် ကရုကမာကောင်နှင့် ယောက်သွားစားသုံးခြင်းက ကျန်းမာရေးနဲ့ ညီညွှတ်စေပါတယ်။ သူတို့မှာ အိုမီဂါသရီး ဖက်တိအက်စစ်နှင့် ပရိုတင်းဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ဆီးချိုရောဂါ ခံစားရခြင်းမှလည်း ကာကွယ်ပေးပါတယ်။

ဟင်းနုနွယ်

spianch for a healhty lifestyle

ဟင်းနုနွယ်ထဲမှာ မဂ္ဂနီစီယမ်ဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး အာရုံကြောစနစ်ကို ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ ကူညီပေးတဲ့အပြင် နှလုံးအားကောင်းစေပါသေးတယ်။ သွေးပေါင်ချိန်ကိုလည်း မှန်ကန်အောင် ထိန်းညှိပေးပြီး ကြွက်သားများကို သန်မာစေပါတယ်။

ဖရဲသီး

water melon improves digestion for men

ဖရဲသီးက အသားအရေနဲ့ ဆံကေသာ အလှအပအတွက် အကျိုးရှိရုံတင်မကဘဲ အစာချေစနစ်ကိုလည်း ကောင်းမွန်စေကာ ခန္ဓာကိုယ် ရောင်ရမ်းခြင်းမှလည်း ကာကွယ်ပေးပါတယ်။

ဗီတာမင်စီဓာတ် ကြွယ်ဝသော သစ်သီးများ

vitamin C rich fruits for men

ဗီတာမင်စီ ကြွယ်ဝတဲ့သစ်သီးများက သွေးဖြူဥဆဲလ်များကို ကျန်းမာစေပြီး မကောင်းသောဆဲလ်များကို ဖယ်ရှားပေးါတယ်။ ဒါ့အပြင် ကိုယ်ခံစွမ်းအားမြှင့်မားစေတဲ့ Antibodies များကိုလည်း ထုတ်လုပ်ပေးပါသေးတယ်။

ထိုအစားအစာများကို များများ စားသုံးပေးပါက ယောကျာ်းများအတွက် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။

Source: Brightside.me