ကျွန်တော်တို့အားလုံး James Bond ကို သိကြပါတယ်။ ဂျိမ်းစ်ဘွန်းဟာ ရုပ်ရှင်ထဲမှာတင် ဟီးရိုး မဟုတ်ဘဲ ကျွန်တော်တို့ နေ့စဉ်ဘဝကိုပါ လွှမ်းမိုးနိုင်တဲ့ Super-Spy ကြီးပါ။ သူ့ဇာတ်ကားတွေ ကြည့်ပြီး သူ့ဆီကနေ သင်မယ်ဆိုရင် အကျိုးရှိတဲ့ ဘဝသင်ခန်းစာအများကြီး ရနိုင်ပါတယ်။

ဒီဆောင်းပါးမှာ James Bond ဆီက သင်ထားသင့်တဲ့ Skill ၇ မျိုးအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) အဝတ်အစားဝတ်ရာမှာ စည်းကမ်းရှိတယ်

Source: Pixabay

ဘွန်းကို စုတ်တီးစုတ်ပျက်နဲ့ တွေ့ဖို့မလွယ်ပါဘူး။ သူဟာ အသက်လုပြီး ရန်သူတွေနဲ့ ရင်ဆိုင်နေရတဲ့သူဆိုပေမယ့် သူ့ရဲ့ ပုံပန်းသဏ္ဍာန်ကို အမြဲ ဂရုစိုက်ပါတယ်။ ဒါကြောင့်ပဲ သူ Suit ဝတ်ပြီဆိုရင် တော်ရုံ မီလျံနာ ၊ ဘီလျံနာတောင် သူ့ရဲ့ဟန်ကို ရှိန်ကြပါတယ်။

(၂) ဟန်ကောင်းခြင်း

Source: Pixabay

ဂျိန်းစ်ဘွန်း ဇာတ်ကောင်တွေ အများကြီး ထွက်လာခဲ့ပေမယ့် သူ့ရဲ့ စရိုက်တစ်ခုက အမြဲတမ်း တူပါတယ်။ ဒါကတော့ လူနေဟန်ပါ။ ဘွန်းဟာ ဘယ်တော့မှ ရှက်နေ ၊ ကြောက်နေတဲ့ မဝံ့မရဲဟန် မရှိပါဘူး။ သူ့ရဲ့ တည်ငြိမ်မှုကို ကြည့်ရုံနဲ့ အခြေအနေ တစ်ခုခုမှာ သူဆုံးဖြတ်မယ်ဆိုရင် အဲ့ဒီအပေါ် သူ တကယ် သေသေချာချာ စဉ်းစားထားပြီးသားဆိုတာ သိသာပါတယ်။

(၃) ပစ္စည်းကောင်း သုံးခြင်း

Source: Pexels

လေဆာနဲ့ ပစ်နိုင်တဲ့ နာရီ ကမ္ဘာပေါ်မှာ နှစ်စင်းမရှိနိုင်တဲ့ High-Speed ဘက်စုံသုံးကား စတဲ့ Gadgets တွေကို သုံးတာ ဘွန်းတစ်ယောက်ပဲ ရှိပါတယ်။ ဒီလိုပြောလို့ ဂျိန်းစ်ဘွန်းလို တန်ဖိုးကြီး ပစ္စည်းကိုင်လို့ ပြောတာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ နေ့စဉ်သုံးမယ့် အသုံးအဆောင်ကို Quality ကို ပိုပြီး ကြည့်ဝယ်သင့်တယ်လို့ အကြံပေးချင်တာပါ။ တစ်လ နှစ်လ သုံးပြီး ပျက်စီးမယ့် ပေါချောင်ကောင်းတွေဟာ တကယ် စိတ်ပျက်စရာပါ။

(၄) အကြံတောင်းခြင်း

Source: stocksnap

ဂျိန်းစ်ဘွန်းဟာ ရှားတောင့်ရှားပါး လူတော်တစ်ယောက်ပါ။ ဒါပေမယ့် သူအခက်အခဲ တွေ့ချိန်မှာ အကူအညီတောင်းဖို့၊ သူများဆီက အကြံယူဖို့ ဘယ်တော့မှ မနှေးတတ်ပါဘူး။ လူတိုင်းဟာ ဘွန်းမဟုတ်ပါဘူး။ ကမ္ဘာ့အတော်ဆုံး သူလျှိုတစ်ယောက်တောင် အခက်အခဲဖြစ်ချိန်မှာ အကူအညီယူဖို့ မတွန့်ရင် ကျွန်တော်တို့လည်း ဒါကို အတုယူသင့်ပါတယ်။

(၅) ရင်ဆိုင်တယ်

Source: Pixabay

ရန်သူနဲ့ မျက်နှာချင်းဆိုင်တွေ့ချိန်မှာတောင် ဂျိန်းစ်ဘွန်းဟာ ခပ်ပြုံးပြုံးပဲ။ သူ ဟာ အခြေအနေမှန်ကို သိဖို့ တည့်တည့်ပဲ လမ်းလျှောက်ပါတယ်။ သူ့ရဲ့ Self-Confidence ဟာ ခိုင်လွန်းလို့ ရန်သူတွေတောင် သူ့ကို ဖြုံကြပါတယ်။ ဒါဟာ အရေးကြီးတဲ့ အရည်အသွေးတစ်ရပ်ဖြစ်သလို လူတိုင်းမှာလည်း ရှိထားသင့်ပါတယ်။

(၆) ငြိမ်တယ်

Source: Pixabay

သွေးအေးခြင်းနဲ့ တည်ငြိမ်ခြင်းဟာ ပုံစံကွာပါတယ်။ ခေါင်းအေးအေး ထားပြီး အခက်အခဲကို ဖြေရှင်းသူနဲ့ ရန်သူကို သတ်ဖြတ်ဖို့ သွေးအေးတာဟာ တန်ဖိုးချင်း တစ်ခြားစီပါ။ တကယ့်ဘဝမှာ သွေးအေးဖို့ထက် တည်ငြိမ်ဖို့က ပိုအရေးကြီးပါတယ်။

(၇) အခွင့်အလမ်းကို အမြဲရှာတတ်တယ်

Source: stocksnap

ဘေးကျပ်နံကျပ် ထွက်ပေါက်ပိတ်နေချိန်မှာ ဘွန်းဟာ ဒီအခြေအနေဆိုးကနေ ဘယ်လိုရုန်းထွက်နိုင်မလဲဆိုတာကို အမြဲရှာတတ်ပါတယ်။ အခက်အခဲတွေထဲမှာ နစ်မြှုပ်နေတဲ့ အခွင့်အလမ်းကို ရအောင် ရှာနိုင်တဲ့ အရည်အချင်းဟာ နည်းနည်းနောနောမဟုတ်ပါဘူး။

ကျွန်တော်တို့တစ်တွေ ဘဝမှာ အမြင့်ရောက်ချင်ရင် ဘွန်းဆီက ဒါတွေ သင်သင့်ပါတယ်။