ရယ်မောခြင်းကခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးတွေများစွာရှိတယ်ဆိုတာ သိပါသလား။ စစ်မှန်တဲ့ရယ်မောခြင်းက နှစ်လိုဖွယ်ကောင်းပြီး ဆွဲဆောင်မှုရှိခြင်း ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးစေခြင်း ပေါင်းသင်းဆက်ဆံရေးမြှင့်တင်နိုင်ခြင်းစတဲ့အကျိုးကျေးဇူးတွေများစွာရရှိနိုင်ပါတယ်။ စာဖတ်သူတို့ရောတစ်နေ့တာမှာ စစ်မှန်တဲ့ရယ်မောခြင်းတွေရှိကြရဲ့လား။

(၁) စိတ်ခံစားမှုကောင်းစေတယ်

Source : Pinterest

ရယ်မောခြင်းက စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေကိုလျော့ကျစေနိုင်တဲ့အကောင်းဆုံးဆေးတစ်ခွက်ပါ။ လေ့လာစစ်ဆန်းမှုတွေအရ စိတ်ဓာတ်ကျနေတဲ့အချိန် အားရပါးရရယ်မောလိုက်တဲ့အခါ စိတ်ခံစားမှုကိုတိုးတက်စေပြီးအပြုသဘောဆောင်တဲ့ အတွေးတွေတိုးပွားလာစေနိုင်ပါတယ်။ ဒါကြောင့်စိတ်ညစ်နေတဲ့အခါ ရယ်မောစေမယ့် အရာတစ်ခုခုလုပ်ဆောင်ပါ။

(၂) သွေးပေါင်ချိန်လျော့ကျစေတယ်

Source : 123RF.com

ရယ်မောခြင်း ပြုံးရယ်ခြင်းတွေဟာ နှလုံးကျန်းမာရေးကိုအထောက်အကူဖြစ်စေပြီး သွေးပေါင်ချိန်လျော့ကျဖို့ ကူညီပေးပါတယ်။ ရယ်မောလိုက်တဲ့အခါ နှလုံးနှင့်ကြွက်သားတွေရဲ့ တင်းမာမှုကိုပြေလျော့စေပြီး နှလုံးခုန်နှုန်းကိုမှန်ကန်စေကာ သွေးပေါင်ချိန်ကို ကျစေတာဖြစ်ပါတယ်။ နေ့စဉ်ရယ်မောပျော်ရွှင်ခြင်းတွေရှိမယ်ဆိုရင် နှလုံးရောဂါကိုတောင်ကာကွယ်ပေးနိုင်ပါတယ်။

(၃) မိတ်ဆွေကောင်းရစေတယ်

Source : Storyblocks

ပြုံးရွှင်ရယ်မောခြင်းက နှစ်လိုဖွယ်ကောင်းတဲ့ အမူအရာတစ်ခုဖြစ်ပါတယ်။ ရယ်မောမှုမရှိခပ်တည်တည်နေသူတွေထက် ရယ်မောနေသူတွေက ပိုပြီးဆွဲဆောင်မှုရှိသလိုလူတွေရဲ့ ခင်မင်လိုစိတ်ကလည်းပိုများကြပါတယ်။ ဒါကြောင့်ရယ်မောလေ့ရှိတဲ့သူတွေက ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ အားသာချက်ရှိပြီး မိတ်ဆွေကောင်းတွေရတက်ပါတယ်။

(၄) ကိုယ်ခံအားစနစ်ကိုကောင်းစေတယ်

Source : Freepik

ယုံရခက်ပေမယ့် ရယ်မောခြင်းက အမှန်တကယ်ကို ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးပါတယ်။ ရယ်မောခြင်းက အကောင်းမြင်စိတ်ကိုဖြစ်ပေါ်စေပြီး စိတ်ဖိစီးမှုနဲ့ နာကျင်မှုတွေကိုတိုက်ဖျက်ပေးတဲ့မော်လီကျူးတွေကို ဦးနှောက်ကထုတ်လွတ်ပေးပါတယ်။ ဒါ့အပြင်ကိုယ်ခံအားစနစ်တုန့်ပြန်မှုကိုတိုးပွားစေတဲ့ ကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်တာကြောင့် နေ့စဉ်ရယ်မောဖို့အကြံပြုချင်ပါတယ်။