နှလုံးလမ်းကြောင်းမှာ ကျွန်းပါသလားလို့တောင် ကိုယ့်ကိုယ်ကို တွေးမိတဲ့အထိ အငြင်းခံရတဲ့ FA ဘဝဟာ တော်တော်ဆိုးပါတယ်။ ဒါပေမယ့် ဘာလို့ ဒီလို ငြင်းရသလဲဆိုတာ အဖြေရှာဖို့သင့်ပါတယ်။ မိန်းကလေးတွေဟာ ယောကျာင်္းလေးတွေကို Date မလုပ်ချင်တဲ့ အကြောင်းအမျိုးမျိုးရှိပေမယ့် တကယ်အရေးကြီးတဲ့ အကြောင်းပြချက်က ၇ မျိုးပဲ ရှိပါတယ်။

(၁) အလုပ်ပြီးအလုပ် လုပ်နေတဲ့သူ

Source: pexels

အလုပ်အကြောင်းက ဘဝဖြစ်နေတဲ့ သူတွေကို မိန်းကလေးတွေက စိတ်ဝင်စားရင်တောင် မတွဲချင်ကြပါဘူး။ အမျိုးသမီးသဘာဝမှာ အားကိုးရှာခြင်းဟာ အဓိပ္ပါယ်နှစ်မျိုး ထွက်ပါတယ်။ တစ်ခုက ငွေကြေး ၊ ဘဝလုံခြုံမှုအတွက် အားကိုးခြင်းမျိုး ဖြစ်ပြီး နောက်တစ်မျိုးကတော့ စိတ်ပိုင်းအရ အားကိုးအားထားပြုလိုခြင်း ဖြစ်ပါတယ်။ ပိုက်ဆံရှိပြီး ကိုယ့်အပေါ်အချိန်မပေးနိုင်သူ ၊ ကိုယ့်စိတ်အဆင်မပြေဖြစ်နေချိန်မှာ အချိန်ယူပြီး အားပေးစကားမပြောတတ်တဲ့သူ ၊ တစ်ပတ်လုံးလုံး ကိုယ့်အနား မကပ်နိုင်ဘဲ အလုပ်ပြီး အလုပ်ပဲ လုပ်တတ်သူကိုတော့ ဘယ်မိန်းကလေးမှ လက်တွဲချင်မှာ မဟုတ်ပါဘူး။

(၂) တောက်တဲ့ကပ်သလို အနားက မခွာသူ

Source: pexels

အပေါ်က အချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ အမှန်တရားတစ်ခုပါ။ မိန်းကလေးတွေဟာ ဂရုစိုက်တာ ခံချင်ပေမယ့် ကိုယ့်အနားမှာ မခွာဘဲ ကပ်ချွဲတဲ့သူကိုတော့ စိတ်ကုန်တတ်ပါတယ်။ အထူးသဖြင့် ယောကျာင်္းပီသတဲ့သူကို ကြိုက်တတ်တဲ့ မိန်းကလေးတွေက ဒီလို ကိုကပ်ချွဲတွေကို ဝေးဝေးက ရှောင်ပါတယ်။

(၃) အိမ်ကို မလွန်ဆန်ရဲသူ

Source: pexels

မိသားစုရဲ့ သြဇာကို မလွန်ဆန်နိုင်တဲ့ ယောကျာင်္းမျိုးဟာ မိန်းကလေးတွေရဲ့အမြင်မှာ စိတ်ပျက်စရာ ဖြစ်နေပါတယ်။ အပြင်သွားဖို့ ချိန်းတိုင်း အမေ ၊ အဖေကို ခွင့်တောင်းနေရတဲ့သူကို ဘယ်ကောင်မလေးကမှ အားကိုးယုံကြည်ချင်မှာ မဟုတ်ပါဘူး။ မိန်းကလေးတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်ကိုးစားမှု ရှိတဲ့ အမျိုးသားတွေကို ပိုပြီးသဘောကျတတ်ပါတယ်။

(၄) နည်းနည်းလောက်မှ မသောက်ရရင် ဘာမှ မလုပ်တတ်တဲ့သူ

Source: pexels

အရက်ကလေးဝင်မှ သတ္တိကောင်းတဲ့သူမျိုးဟာ မိန်းကလေးတစ်ယောက်အတွက် စိတ်ချရတဲ့ ချစ်သူမဖြစ်နိုင်ပါဘူး။ အရက်သောက်မှ ခံစားချက်တွေ ဖွင့်တတ်တဲ့သူမျိုးကိုလည်း ဘယ်မိန်းကလေးမှ လိုချင်မှာ မဟုတ်ပါဘူး။ ယောကျာင်္းလေးမို့ တစ်ခါတစ်လေ သောက်တာ စားတာကို မိန်းကလေးတော်တော်များများက လက်ခံထားပေမယ့် အရက်သောက်မှ ဖြစ်မယ်ဆိုတဲ့ လူကိုတော့ ရှောင်ကြပါတယ်။

(၅) ကပ်စေနည်းတဲ့သူ

Source: pexels

ချိန်းတွေ့ဖို့အတွက် ဈေးပေါပေါ လမ်းဘေးဆိုင်ကို ရွေးထိုင်တာဟာ Impression ကျပါတယ်။ နောက်တစ်ခုက ပိုက်ဆံရှင်းချိန်မှာ လက်တွန့်တဲ့သူမျိုးဟာ ရည်းစားရဖို့ခက်ပါတယ်။

(၆) အဆိုးမြင်လွန်းသူ

Source: pexels

တစ်ခုခု တွေ့လိုက်ကြုံလိုက်တိုင်း အဆဲကလေးနဲ့ Comment ပေးတတ်သူ ၊ နေ့တိုင်း စိတ်ညစ်စရာတွေပဲ သယ်လာတတ်သူမျိုးကို ဘယ်သူမှ မတွဲချင်ကြပါဘူး။ အရာရာတိုင်းကို ပိုလီယာနာလို အကောင်းမြင်ဖို့ မလိုပေမယ့် အဖြစ်မှန်ကို အသင့်အတင့် နှလုံးသွင်းနေတတ်သူဟာ စိတ်လည်း အေးချမ်းသလို လူချစ်လူခင်လည်း များပါတယ်။

(၇) ရည်မှန်းချက် မရှိတဲ့သူ

Source: pexels

ရှေ့ရေးအတွက် ဘာမှ လုပ်မထားတဲ့သူ ၊ အတတ်ပညာတစ်ခုခုကိုလည်း တတ်မြောက်မထားဘဲ ဘဝကို ဖြစ်သလို ဖြတ်သန်းနေတဲ့သူဟာ မိန်းကလေးတွေ ခေါင်းခါတတ်တဲ့ လူထဲမှာ ပါပါတယ်။