ကားတစ်စီး ဝယ်လိုက်ပြီဆိုတာနဲ့ ကားမော်ဒယ်အလိုက် လိုအပ်မယ့် အပိုပစ္စည်းများကိုလည်း တစ်ပါတည်း ဝယ်ယူူဖို့လိုအပ်ပါတယ်။ ဒါမှ သင့်ကားသည် ပြီးပြည့်စုံတဲ့ကားတစ်စီးဖြစ်သွားမှာပါ။
ကားမော်ဒယ်အလိုက် ကားအပိုပစ္စည်းရဲ့ဈေးနှုန်းအနိမ့်အမြင့်သည်လည်း ကွာခြားသွားနိုင်သလို အရည်အသွေးသည်လည်း ကွာခြားသွားနိုင်ပါတယ်။
ဒီဆောင်းပါးလေးထဲမှာတော့ ကမ္ဘာ့ဈေးအကြီးဆုံး ဇိမ်ခံကားတွေကိုမှ မျက်စိကျနေတဲ့ ယောကျာ်းများအတွက် ရွှေပေါ် မြ တင်သလို ဖြစ်သွားစေမယ့် ဈေးအကြီးဆုံး ကားအပိုပစ္စည်းများကို ဖော်ပြပေးသွားမှာပါ။
Porshe ကားသည် သားရေမပါရင် အပြည့်စုံနိုင်ပါဘူး
ကားအတွင်းပိုင်းအတွက် သားရေပစ္စည်းများနဲ့ ခမ်းနားလှပမှုကို လိုလားသူများအတွက်တော့ Porshe ကားသည် သားရေအပိုပစ္စည်းများကိုလည်း ထပ်မံထုတ်လုပ်ထားပါတယ်။ ပြတင်းပေါက်မှန်အကာတစ်ခုတည်းကိုတောင်မှ ဒေါ်လာ ၂၉၂၀ ကုန်ကျပါလိမ့်မယ်။ သင့်အနေနဲ့ အစုံလိုက် ဝယ်ချင်တယ်ဆိုရင်တော့ ပိုက်ဆံကိုကျစ်ကျစ်ပါအောင ်စုထားဖို့ လိုပါလိမ့်မယ်။
Tesla Model S အတွက် ထိုင်ခုံအပို
ဒီထိုင်ခုံအပိုကတော့ ဒေါ်လာ ၃၀၀၀ ကုန်ကျပါလိမ့်မယ်။ လူများများ ဝင်ဆံ့စေချင်တယ်ဆိုရင်တော့ ထိုင်ခုံအပို ဝယ်ထည့်ထားသင့်ပါတယ်။
Range Rover SV အတွက် Slide တံခါး
လက်ကလေးနဲ့ တစ်ချက်လောက် ထိလိုက်တာနဲ့တင် တံခါးက အလိုလိုလျှောကျသွားမှာဆိုတော့ တွေးကြည့်ရုံနဲ့တင် မိုက်လွန်းလှပါတယ်။ ထိုတံခါးအတွက်တော့ ဒေါ်လာ ၅၁၀၀ ကုန်ကျပါလိမ့်မယ်။
Rolls Royce Wraith ရဲ့ကြယ်တာယာ ကောင်းကင်ည
ကားအတွင်းခေါင်မိုးထဲမှာ ကြယ်ရောင်စုံတစ်လက်လက်နဲ့ ဝင်းလက်တောက်ပချင်တယ်ဆိုရင်တော့ ဒေါ်လာ ၁၄၇၀၀ ခန့် ထပ်မံအကုန်အကျခံရမှာဖြစ်ပါတယ်။
BMW i8 ကားအတွက် Louis Vuitton အိတ်များ
BMW နဲ့ Louis Vuitton တို့ လက်တွဲပူးပေါင်းလိုက်တဲ့နောက်မှာတော့ ဒေါ်လာ ၂၀၀၀၀ နီးပါး တန်ဖိုးရှိတဲ့ လုပ်ငန်းသုံးလက်ကိုင်အိတ်တစ်လက် လက်ဆွဲအိတ်တစ်လက်နဲ့ ခရီးဆောင်အိတ်တစ်လက်စတဲ့ အိတ်အစုံလိုက်ကို ဝယ်ယူရရှိနိုင်ပါတယ်။
Aston Martin DB9 ကို စက်နှိုးပြီးအဖွင့်အပိတ်လုပ်နိုင်မယ့် Jaeger-LeCoultre
ဒီနာရီကတော့ ဒေါ်လာ ၂၄၄၀၀ တန်ဖိုးကုန်ကျပါလိမ့်မယ်။ ကားမောင်းသူသည် နာရီရဲ့ဖန်သားမျက်နှာပြင်ကို တီးခေါက်ပေးလိုက်ရုံနဲ့တင် သူ့ရဲ့ကားကို ကားပါကင်မှာ အလွယ်တကူပဲ ရပ်နားနိုင်မှာဖြစ်ပါတယ်။
Bentley Bentayga ကားအတွက် ဒိုင်ခွက်နာရီ
ကားရဲ့ Dashboard ထဲမှာ ထည့်သွင်းနိုင်တဲ့ ဒီနာရီကတော့ အသုံးအဆောင်ပစ္စည်းတွေထဲမှာ ဈေးအကြီးဆုံးပါပဲ။ ဒေါ်လာ ၁ သိန်း ၇ သောင်း တန်ကြေးရှိပါတယ်။ သူ့ကို ရွှေ ၁၈ ကာရက်ဖြင့် ပြုလုပ်ထားတဲ့အပြင် စိန် ၁၂ လုံးကိုလည်း နံပါတ်စဉ်အလိုက် ထည့်သွင်းထားပါတယ်။ နှင်းဆီရောင်၊ အဖြူရောင်စတဲ့ အရောင်နှစ်မျိုးဖြင့် လာပါတယ်။
Source: Luxurylaunches.com
Featured Image Source: Luxurylaunches.com