တက်တူးဖက်ရှင်သည် ယခုနောက်ပိုင်းတွင် လူငယ် လူရွယ်များအကြား ခေတ်စားလာသော ဖက်ရှင်တစ်ခုဖြစ်ပါတယ်။ မိမိခန္ဓာကိုယ်ပေါ်တွင် တက်တူးများရေးထိုးခြင်းအားဖြင့် မိမိရင်ထဲက အနုပညာကို ကိုယ်တိုင်ကိုယ်ကျ ပုံဖော်ရေးထိုးနိုင်ပါတယ်။

သင့်အနေနဲ့ တက်တူး မရေးထိုးခင်မှာ ကိုယ်နဲ့လိုက်ဖက်မယ့် တက်တူးဒီဇိုင်းများကို သေချာရွေးချယ်သင့်ပါတယ်။ အနုပညာရှင်များ ရေးထိုးလေ့ရှိကြတဲ့ တက်တူးများကို ကြည့်ပြီးလည်း တက်တူးဒီဇိုင်းအချို့ မှီငြမ်းနိုင်ပါတယ်။

ကမ္ဘာကျော်ဆယ်လီများသည်လည်း သူတို့ခန္ဓာကိုယ်ရှိ တက်တူးကို အဓိပ္ပာယ်အမျိုးမျိုးဖြင့် ရေးထိုးလေ့ရှိကြပါတယ်။

Shawn Mendes

celebrity's tattoos fashion

လက်ဖျံနားမှာ ရေးထိုးထားတဲ့ ဂီတာပုံစံတက်တူးလေးကတော့ သူမွေးဖွားရာဇာတိနှင့် သူ့မိဘများရဲ့အသံကို ကိုယ်စားပြုပြီး ရေးထိုးထားခြင်းဖြစ်ပါတယ်။ သူ့ရဲ့ဂီတာပုံကို သစ်ပင်များနဲ့ ပုံဖော်ထားတာပါ။

Tom Holland

celebrity's tattoos fashion

ပင့်ကူလူသား စူပါဟီးရိုးကတော့ သူ့ရဲ့ခြေဖဝါးမှာ ပင့်ကူပုံတက်တူးကို ရေးထိုးထားပါတယ်။ အံ့သြစရာကောင်းတာတစ်ခုကတော့ သူသည် ပင့်ကူကို အင်မတန်ကြောက်ရွံ့သူတစ်ယောက်ပါပဲ။

Zac Efron

celebrity's tattoos fashion

Zac Efron ကတော့ သူ့ရဲ့လက်ဖမိုးနဲ့ လက်ဖဝါးကြားမှာ ရေးထိုးထားတဲ့ “You Only Live Once” ရဲ့အတိုကောက် “YOLO” ကို ၂၀၁၁ ခုနှစ်က ပြန်ဖျက်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့လက်မောင်းမှာတော့ ငှက်မွှေးတက်တူးတချို့ကို ဆက်လက်ရေးထိုးထားပါတယ်။

Ryan Gosling

celebrity's tattoos fashion

Ryan ကတော့ သူ့ရဲ့ဘယ်လက်လက်နားမှာ မကောင်းဆိုးဝါးရဲ့လက်ကနေ နှလုံး ပြုတ်ကျတဲ့ပုံသဏ္ဍာန်ကို ဖန်တီးခဲ့တာပါ။ ဒါပေမဲ့ အပူပိုင်းဒေသရှိ ရှားစောင်းပင်နဲ့ ပိုတူနေတယ်လို့ သူကိုယ်တိုင် ဝန်ခံထားပါတယ်။ ထိုတက်တူးကို သူကိုယ်တိုင် ရေးထိုးခဲ့တာကြောင့်ဖြစ်ပါလိမ့်မယ်။

Chris Hemsworth

celebrity's tattoos fashion

သူကတော့ သူ့ရဲ့လက်ပေါ်မှာ သူ့မိန်းမနဲ့ ကလေးတွေရဲ့ နာမည်အစ စာလုံးတွေကို ရေးထိုးထားပြီး သူ့မိသားစုကို ဘယ်လောက်ချစ်ကြောင်း ဖော်ပြထားပါတယ်။

Chris Evans

celebrity's tattoos fashion

ကြွက်သားများနဲ့ တောင့်တင်းခိုင်မာနေတဲ့ လက်မောင်းပေါ်မှာ ခန်းဂျီးစကားလုံးကို ရေးထိုးထားတာ တွေ့မြင်ရပါလိမ့်မယ်။ ထိုခန်းဂျီးစကားလုံးသည် သူ့မျိုးရိုးနာမည်ကို ကိုယ်စားပြုတယ်လို့ ပြောပြထားပါတယ်။

သင်ရော တက်တူးရေးထိုးမယ်ဆိုရင် ဘယ်လိုတက်တူးမျိုးကို ဘယ်လိုအဓိပ္ပာယ်မျိုးနဲ့ ရေးထိုးမယ်လို့ စိတ်ကူးထားပါသလဲ။

Source: Menshealth.com