စတိုင်လ်ကျပြီး ဆွဲဆောင်မှုရှိသူတွေရဲ့နေ့စဉ်ဘဝမှာ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများသည် မရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေဖြစ်ပါတယ်။ ဘယ်လိုအသုံးအဆောင်ပစ္စည်းတွေက သင့်ရဲ့မိုးရာသီဖက်ရှင်ကို ပိုမိုစတိုင်လ်ကျလာအောင် ကူညီပေးနိုင်မလဲဆိုတာ ဖော်ပြပေးလိုက်ရပါတယ်။

ထီး

monsoon accessories for men

မိုးရာသီမှာ ထီးတစ်ချောင်းကတော့ မရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ မိမိရွေးချယ်ဝယ်ယူတဲ့ထီးသည် အကြမ်းလည်း ခံရမှာဖြစ်သလို ဖက်ရှင်လည်းကျစေမယ့်ထီးမျိုး ရွေးချယ်ဝယ်ယူသင့်ပါတယ်။

ရေစိုခံနာရီ

monsoon accessories for men

သင့်ရဲ့ဖက်ရှင်က ရုပ်လုံးပိုကြွသွားစေမယ့် တစ်ခုတည်းသောအသုံးအဆောင်ကတော့ စတိုင်လ်ကျစေတဲ့ လက်ပတ်နာရီပဲဖြစ်ပါတယ်။ မိုးရာသီတွင် သင့်လက်ပတ်နာရီ ရေစိုသွားတာမျိုး (သို့) ရေဝင်သွားတာမျိုးဖြစ်နိုင်တဲ့အတွက်ကြောင့် ရေစိုခံတဲ့နာရီကိုသာ ဝတ်ဆင်လိုက်ပါ။

မိုးတွင်းစီးဖိနပ်

monsoon accessories for men

မိုးရွာတဲ့ရက်မှာ လမ်းတွေသည် ချော်နေတတ်ပါတယ်။ ဒါ့ကြောင့် မိမိစီးတဲ့ဖိနပ်သည် လမ်းလျှောက်တဲ့အခါ ချော်မသွားစေမယ့် မိုးတွင်းစီးဖိနပ်များကိုသာ ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

ခေါင်းစည်းကြိုး

monsoon accessories for men

ဒီအသုံးအဆောင်ပစ္စည်းကတော့ ဆံပင်အရှည်ထားတဲ့ ယောကျာ်းများအတွက် မိုးရာသီမှာဆောင်ထားသင့်တဲ့ အသုံးအဆောင်ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ မိုးရွာတဲ့အခါ သင့်ဆံကေသာက မိုးရေစိုသွားမယ်ဆိုရင် စိုစိစိုစိနှင့် နေလို့မကောင်းပဲဖြစ်နိုင်တာကြောင့် မိုးရွာထဲ ထွက်ရတော့မယ်ဆိုရင် ဆံပင်စည်းထားလိုက်ပါ။

မိုးကာဂျက်ကတ်

monsoon accessories for men

Photo Source: Ajio.com

အေးတဲ့အချိန်မှာ ဂျက်ကတ်အနေနဲ့လည်း ဝတ်ဆင်နိုင်ရမယ်။ ပြီးတော့ မိုးရွာတဲ့အချိန်မှာလည်း မိုးကာလိုမျိုး ဝတ်ဆင်နိုင်ရမယ်ဆိုရင်တော့ မိုးကာဂျက်ကတ်လေးက အသင့်တော်ဆုံးပါပဲ။ ခေါင်းစွပ်ပါတဲ့ မိုးကာဂျက်ကတ်လေး ရွေးချယ်လိုက်ပါ။

ရေစိုခံ အိတ်

monsoon accessories for men

အရည်အသွေးကောင်းတဲ့ ရေစိုခံအိတ်လေးတစ်လုံးသည် ယောကျာ်းတိုင်းအတွက် နေ့စဉ်လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ သင့်ရဲ့အိတ်က ရေစိုမခံဘူးဆိုရင်တော့ လွယ်အိတ်ထဲ ထည့်ထားတဲ့ပစ္စည်းတွေအတွက် အန္တရာယ်ရှိနိုင်ပါတယ်။

ချိုင်းချွေးနံ့ပျောက်ဆေး (သို့) ရေမွှေး

monsoon accessories for men

မိုးရေနဲ့ ထိတွေ့တဲ့အခါ သင့်အသားအရေသည် စေးကပ်ကပ်ဖြစ်နိုင်ပါတယ်။ ချွေးနံ့ပျောက်ဆေး (သို့) ရေမွှေးလေးဆောင်ထားတဲ့အခါ အလွယ်တကူ ပက်ဖြန်းပေးလိုက်ရုံပါပဲ။ ဒါဆိုရင်တော့ မိုးတွင်းမှာ ကိုယ်သင်းနံ့လေး သင်းပျံ့နေမှာပဲဖြစ်ပါတယ်။

Source: In.askmen.com