ရုပ်ရှင်တွေဟာ ဖျော်ဖြေရေးသက်သက်မပါဘူး။ ရုပ်ရှင်တွေထဲမှာ ဘဝတွေ ၊ သင်ခန်းစာတွေ ၊ မြင်ကွင်းတွေ ၊ စိတ်ကူးတွေ ၊ ဖန်တီးမှုတွေနဲ့ အမြင်တွေ ပါနေပါတယ်။ ရုပ်ရှင်ကားကောင်းတစ်ကားဟာ လူတစ်ယောက်ရဲ့ဘဝတွေးခေါ်ချက်တွေပေါ်ပါ လွှမ်းမိုးနိုင်တဲ့အထိ ဩဇာကြီးပါတယ်။

မျက်လုံးညောင်းခံ ၊ ငွေကုန်ခံ ၊ အချိန်ကုန်ခံပြီး ကြည့်ရမယ့် ရုပ်ရှင်တွေဟာ ကိုယ့်စိတ်နှလုံးကို အကောင်းဆုံးရသ ပေးပြီး နှစ်သိမ့်စေမယ့် ရုပ်ရှင်ကားတွေ ဖြစ်ဖို့ လိုပါတယ်။ ဒီတစ်ခေါက်မှာ နာမည်ကြီး ရုပ်ရှင်သတင်းအချက်အလက် ပလက်ဖောင်းတစ်ခုဖြစ်တဲ့ IMDb ရဲ့ Rating အမြင့်ဆုံး ရုပ်ရှင်ဇာတ်ကားတချို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

(၁) The Shawshank Redemption

The Shawshank Redemption

Photo: My Hot Posters

၁၉၉၄ ခုနှစ်ထွက် ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်တဲ့ Shawshank ကို IMDb Rating သမိုင်းမှာ Rating အမြင့်ဆုံးဇာတ်ကားအဖြစ် နေရာပေးထားပါတယ်။ Rating 9.2 အထိ ပေးရလောက်အောင် ပြောင်မြောက်တဲ့ ရုပ်ရှင်ကားကောင်းဆိုတာလည်း ငြင်းစရာ မရှိပါဘူး။

Shawshank ဟာ ဇာတ်ပို့ ၊ ဇာတ်ဆောင် သရုပ်ဆောင်မှု စွမ်းရည်လောက် ကောင်းတဲ့ ရုပ်ရှင်မဟုတ်ပါဘူး။ ဇာတ်လမ်းရဲ့ လှည့်ကွက်နဲ့ အတိမ်အနက်တွေ ၊ ပြောတဲ့ ဒိုင်ယာလော့ခ်နဲ့ မော်ဂန်ဖရီးမန်းရဲ့ ဇာတ်လမ်းနဲ့ လိုက်ဖက်လှတဲ့ နောက်ခံစကားပြောမှု အားလုံးဟာ ဟန်ချက်ညီနေပါတယ်။ ကြည့်ဖြစ်အောင် ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားလို့ပဲ ညွှန်းပါရစေ။

(၂) The Godfather (1972)

The Godfather (1972)

Photo: The History of Cinema

ရုပ်ရှင်သမိုင်းမှာ The Godfather ကားဟာ သိပ်ဩဇာကြီးပါတယ်။ Godfather ထဲက ဒွန်ကော်လီဝမ်စရိုက်ကို ကြည့်ဖူးသူတိုင်း စွဲစွဲလန်းလန်း ဖြစ်ကြမှာ မလွဲပါဘူး။ ဝတ္ထုဇာတ်လမ်းအိမ်အားကောင်းမှု ၊ သရုပ်ဆောင်စရိုက် တည်ငြိမ် ခန့်ညားမှုနဲ့ ရိုက်ကူးတင်ဆက်မှုအိုင်ဒီယာတွေက နောင်လာမယ့် ရုပ်ရှင်တွေအတွက် လမ်းပြဖြစ်ခဲ့တယ်လို့ကို ဆိုရမှာပါ။ ဒီရုပ်ရှင်ကိုတော့ IMDb က Rating 9.1 ပေးထားပါတယ်။

(၃) The Godfather: Part II (1974) & The Dark Knight (2008)

The Dark Knight (2008)

Photo: Squareeyed

အပေါ်မှာ ပြောခဲ့သလိုပါပဲ။ The Godfather ဟာ ရုပ်ရှင်သမိုင်းမှာ အရေးပါဆုံးဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဆုပေါင်း အကောင်းဆုံးသရုပ်ဆောင် အကယ်ဒမီဆုအပါအဝင် ဆုပေါင်း ၁၇ ဆုအထိ ရခဲ့တာပါ။ အမေရိကန်စာရေးဆရာ မာရီယို ပူဇိုးရဲ့ လက်ရာကို ရုပ်ရှင်ပြန်ဖွဲ့ထားတာ ဖြစ်ပါတယ်။ Godfather ဟာ သုံးပိုင်းထွက်ပါတယ်. နောက်ဆုံးအပိုင်းမှာ သိပ်ပြီး Review မကောင်းတော့ပါဘူး။

Batman: The Dark Knight ရုပ်ရှင်ဟာ ၂၀၀၉ အတွက် အကယ်ဒမီဆု ၈ ဆု ဆန်ကာတင်စာရင်းမှာ ပါခဲ့ပြီး အကောင်းဆုံး ဇာတ်ပို့ဆု (Joker သရုပ်ဆောင် ဟိသ်လက်ဂျာ) နဲ့ အကောင်းဆုံး အသံတည်းဖြတ်ဆုတို့လည်း ၇ခဲ့ပါတယ်။ ရုပ်ရှင်နယ်ပယ်က ပေးကြတဲ့ တခြားဆုပေါင်း ၃၀ လောက်ကိုလည်း သိမ်းပိုက်နိုင်ခဲ့တဲ့ ကားဖြစ်လို့ လက်လွတ်မခံဘဲ ကြည့်သင့်တဲ့ ကားအဖြစ် ညွှန်းချင်ပါတယ်။
ဒီကားနှစ်ကားလုံးဟာ IMDb Rating 9.0 ရထားတဲ့ ရုပ်ရှင်တွေ ဖြစ်ပါတယ်။

(၃) 12 Angry Men (1957) ၊ Schindler’s List (1993) & The Lord of The Rings: The Return of The King (2003)

Schindler’s List (1993)

Photo: Medium

ဒီကား ၃ ကားလုံးက IMDb Rating ၈.၉ စီ ရထားတဲ့ ရုပ်ရှင်ကားကောင်းတွေ ဖြစ်ပါတယ်။ 12 Angry Men ဟာ ဒရာမာရုပ်ရှင်ကားမျိုး ဖြစ်ပြီး ဂျူရီလူကြီး ၁၂ ဦးအကြောင်း ရိုက်ကူးထားတာပါ။ စရိုက်လုံးဝ မတူတဲ့ လူတန်းစားအလွှာအသီးသီးက လူ ၁၂ ယောင်ကို တရားခွင်မှာ ဂျူရီအဖြစ် ဖိတ်ပြီး တရားခံကို ဒီလူကြီးမင်း ၁၂ ယောက်ရဲ့ အကျိုးသင့်အကြောင်းသင့် ဆုံးဖြတ်ချက်နဲ့ အပြစ်ရှိ/မရှိ ဆုံးဖြတ်မှာပါ။ ဟိုး ရှေးတုန်းက ကားဆိုပေမယ့် စဉ်းစားစရာတွေ သိပ်ကောင်းတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ နောက်တော့ ဒီရုပ်ရှင်ကို ကွန်ဂရက်စာကြည့်တိုက်က အမျိုးသားမှတ်တမ်း ရုပ်ရှင်အဖြစ် ရွေးချယ်ခဲ့ပါတယ်။

နောက်တစ်ကားက Schindler’s List ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးလူမျိုး ပြည်သူ ၁၀၀၀ ကျော်လောက်ကို နာဇီတွေလက်ထဲကနေ ကယ်ထုတ်ခဲ့တဲ့ ဂျာမန်လူမျိုး လုပ်ငန်းရှင် အော်စကာ ရှင်းဒလားအကြောင်း ရိုက်ထားတာပါ။ တကယ့်ဖြစ်ရပ်မှန်ပေါ် အခြေတည်ထားတာ ဖြစ်လို့ ကြည့်ရတာ သိပ်အရသာ ရှိပါတယ်။ Schindler’s List ဟာ အကောင်းဆုံးရုပ်ရှင်ဆု ၊ အကောင်းဆုံး တေးဂီတ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုအပါအဝင် အော်စကာဆု ၇ ဆုအထိ ရခဲ့တဲ့ ဂန္ဓဝင်ရုပ်ရှင် ဖြစ်ပါတယ်။

The Lord of The Rings ဟာ သုံးကားပဲ ထွက်ပေမယ့် ကားတိုင်း ပေါက်ပါတယ်။ နောက်ဆုံးထွက်တဲ့ The Lord of The Rings : The Return of The Kingကတော့ သုံးပိုင်းထဲမှာ Rating အမြင့်ဆုံးပါပဲ။ ကျွန်တော့်အမြင်အရတော့ The Lord of The Rings ၃ ကားစလုံးမှာ အပြစ်ဆိုစရာကို မရှိပါဘူး။