အသံတိတ်လူသတ်သမားလို့ တင်စားခံရတဲ့ နှလုံးရောဂါဟာ တကယ့်ကို စိုးရိမ်စရာ ရောဂါစာရင်းမှာ ရှိပါတယ်။ နှလုံးရောဂါ ဝင်ရောက်မလာအောင် အစားအသောက်နဲ့ ဘယ်လို ထိန်းရမလဲဆိုပြီး အမေရိကန်နှလုံးကောလိပ်ဂျာနယ် (Journal Of The American College Of Cardiology) ဟာ လေ့လာမှုပေါင်း ၆၀ ကျော် လေ့လာခဲ့ပြီး စားပေးသင့်တဲ့ အစားအသောက်များ စာရင်းကို ထုတ်ပြန်ထားပါတယ်။

(၁) ဗာဒံစေ့

Source: menshealth

အခွံမာသီးနွယ်ဝင် Almond စေ့ဟာ ကိုလက်စထရောကို ကျစေပြီး Vitamin E လိုမျိုး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးမယ့် ဓါတ်တွေ ထုတ်ပေးပါတယ်။

(၂) ပန်းသီး

Source: chron.com

သစ်သီးဟာ လူနဲ့ တည့်ပါတယ်။ အရင့်အရင် သုတေသနတွေမှာကတည်းက ပန်းသီးကို နှလုံးအတွက် ဓါတ်စာအနေနဲ့ စားပေးကြပါတယ်။ တစ်နေ့ ပန်းသီးတစ်လုံး စားပေးခြင်းဟာ သွေးတွင်းက ကိုလက်စထရောလယ်ဗယ်ကို ၈% အထိ ချပေးနိုင်တယ်လို့ ဆိုပါတယ်။ နောက်တစ်ခုက ပန်းသီးကို အခွံပါ စားပေးမယ်ဆိုရင် သွေးကြောနံရံတွေ သန့်ရှင်းစေမှာ ဖြစ်ပါတယ်။

(၃) ဘလူးဘယ်ရီ

Source: Food Revolution Network

စပျစ်နွယ်ဝင် ဘလူးဘယ်ရီသီးတွေဟာ အဆီနဲ့ ကိုလက်စထရော ကျဆင်းစေပါတယ်။ ဒီအသီးတွေမှာ Anthocyanin လို့ ခေါ်တဲ့ သွေးဖိအားကျဆင်းစေပြီး သွေးကြောတွေရဲ့ ကျန်းမာရေးကို ပိုကောင်းစေတဲ့ဓါတ်ပါလို့ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

(၄) ပဲအမျိုးမျိုး

Source: Verywell Fit

ပဲတောင့်ရှည် ၊ ပဲပိစပ်စတဲ့ ပဲတွေဟာ သွေးတွင်း သကြားဓါတ်ကို ပိုကောင်းမွန်စေပြီး အဝလွန်မှု မဖြစ်အောင်ပါ ကာကွယ်ပေးပါတယ်။ အလွယ်တကူ ဝယ်ယူစားသုံးနိုင်တဲ့ ပဲအမျိုးမျိုးဟာ ပရိုတိန်းဓါတ်ကြွယ်ဝပြီး လူနဲ့တည့်တဲ့ အစားအသောက်လည်း ဖြစ်လို့ နေ့စဉ်ဟင်းတစ်ခွက်အဖြစ် သုံးဆောင်သင့်ပါတယ်။

(၅) ငါး

Source: The Spruce Eats

ပင်လယ်ငါးတွေဟာ Omega-3 Fatty အက်ဆစ်ပါရှိတာကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ Omega-3 Fatty အက်ဆစ်ဟာ ကိုယ်ခန္ဓာထဲက ကိုယ်လက်စထရောမော်လီကျူးတွေကို တိုက်ဖျက် LDL အမှုန်တွေကို၁၂% အထိ နည်းအောင် လျှော့ချပေးနိုင်ပါတယ်။

(၆) ကော်ဖီ

Source: Jugaadjn.com

မနက်စောစော ကော်ဖီတစ်ခွက် သောက်ဖြစ်တဲ့သူတွေဟာ သွေးတိုးတာ ၊ နှလုံး စည်းချက်မမှန်တာလိုမျိုး နှလုံးနဲ့ ဆက်စပ်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ခရမ်နဲ့ သကြားတွေ အများကြီး ထည့်သောက်တယ်ဆိုရင်တော့ ကော်ဖီရဲ့ အကျိုးသက်ရောက်မှုကို ဖျက်ဆီးရာရောက်ပါတယ်။

(၇) လက်ဖက်ရည်

Source: Organic Authority

လက်ဖက်ရည်ဟာ နှစ်ပေါင်းများစွာကတည်းက ကျန်းမာရေးအတွက် ကောင်းတဲ့ အဖျော်အဖြစ် သတ်မှတ်ထားတာပါ။ Green Tea ပဲဖြစ်ဖြစ် Black Tea ပဲ ဖြစ်ဖြစ် နှလုံးပျက်စီးမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ကော်ဖီမှာလိုပဲ သကြား ၊ နို့နဲ့ ခရမ်တွေ သိပ်အများကြီးတော့ ထည့်သောက်လို့ မသင့်ပါဘူး။