အားလုံးပဲ မင်္ဂလာပါ။ Kwee ရဲ့ ပရိတ်သတ်တွေကို မေးခွန်းလေးတစ်ခုလောက်မေးချင်ပါတယ်။ ကိုယ်မှတ်မိသလောက် အပြေးလေ့ကျင့်ခဲ့တာဟာ ဘယ်တုန်းကပါလဲ။ အကယ်လို့ အခုဖတ်လိုက်တဲ့ မေးခွန်းလေးကို ဖြေဆိုဖို့အတွက် အနည်းဆုံး ငါးမိနစ်လောက်ယူလိုက်ရတယ်ဆိုရင်တော့ လေ့ကျင့်ခန်းသေချာပြန်လုပ်ပေးဖို့ အချိန်ရောက်နေပါပြီ။

ကဲ…ဒါဆိုရင် အရင်နှစ်တွေတုန်းက မလုပ်ဖြစ်ခဲ့တဲ့ အပြေးလေ့ကျင့်ခန်းကို အခု ၂၀၁၉ ခုနှစ်ထဲမှာ ပြုလုပ်သင့်တဲ့ အကြောင်းအရင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ နေရာမရွေး အပြေးလေ့ကျင့်နိုင်ခြင်း

Source: Ask Fitness Coach

ဘယ်အချိန်၊ ဘယ်နေရာမှာမဆို ပြုလုပ်နိုင်တဲ့ အပြေးလေ့ကျင့်ခန်းဖြစ်တဲ့အတွက်ကြောင့် ပိုက်ဆံအကုန်အကျလည်းသက်သာပါတယ်။ Gym အခန်းထဲမှာပဲ လေ့ကျင့်ပြီး ချွေးထုတ်မယ့်အစား အပြင်လောက သဘာဝကို ခံစားရင်း၊ လေကောင်းလေသန့်ရှူရှိုက်ရင်းနဲ့ အားကစားပြုလုပ်လိုက်ပါ။

၂။ အံ့သြစရာကောင်းတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိနိုင်ခြင်း

Source: Runtastic

အခြားလေ့ကျင့်ခန်းတွေထက် အပြေးလေ့ကျင့်ခန်းကို ပြုလုပ်ပေးတာက ကြွက်သားတွေကို သန်မာစေပြီး အရိုးတွေကို ကြံ့ခိုင်စေတာကြောင့် အသက်ရှည်ရှည်နေထိုင်နိုင်ရန် ကူညီပေးပါတယ်။ တစ်နာရီကြာ အပြေးလေ့ကျင့်ခြင်းဖြင့် ကယ်လိုရီပမာဏ ၈၀၀ ကျော်ကိုလည်း လောင်ကျွမ်းစေနိုင်ပါသေးတယ်။

၃။ ကလေးလေးလို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေခြင်း

Source: Verywell Fit

အကယ်လို့ သင်ဟာ ညဖက်တွေမှာ တော်ရုံနဲ့အိပ်မပျော်ဘူးဖြစ်နေတယ်ဆိုရင်တော့ အပြေးလေ့ကျင့်ကြည့်လိုက်ပါ။ နေ့စဉ်နဲ့အမျှ ကိုယ်ကာလလှုပ်ရှားနေခြင်းဟာ အိပ်မပျော်သူများအဖို့ ကောင်းကောင်းအိပ်ပျော်စေမှာဖြစ်ပါတယ်။

၎။ စိတ်ဖိစီးမှုတွေ ကင်းဝေးစေခြင်း

Source: Runtastic

အပြေးလေ့ကျင့်တဲ့အခါ ကိုယ်တွင်းမှ Endorphins လို့ခေါ်တဲ့ စိတ်ပျော်ရွှင်စရာ ဟော်မုန်းဓာတ်တွေကို ထုတ်လွှတ်ပေးတာကြောင့် စိတ်လက်ပေါ့ပါးလန်းဆန်းကာ မလိုလားတဲ့ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။

၅။ အသားအရေ ကြည်လင်ဝင်းပစေခြင်း

Source: YouWorkForThem

မျက်ကွင်းညိုတာတွေ၊ ဝက်ခြံ၊ အရေးအကြောင်း၊ ဆားဝက်ခြံနှင့် ချွေးပေါက်ကျဉ်းတာတွေဟာ အသားအရေကျန်းမာမှုမရှိကြောင်းကို ဖော်ပြနေတဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။ အပြေးလေ့ကျင့်ခန်းပြုလုပ်ပေးခြင်းကတော့ ကိုယ်တွင်းကအဆိပ်အတောက်တွေကို ချွေးအနေနဲ့စွန့်ထုတ်ပေးတာကြောင့် အသားအရေကို အပြစ်အနာအဆာကင်းစေပြီး သဘာဝအတိုင်း ကြည်လင်ဝင်းပစေပါတယ်။

၆။ ကျစ်လစ်လှပတဲ့ ခန္ဓာကိုယ်ကို ရရှိစေခြင်း

Source: Runner’s World

ကိုယ်တွင်းမှာ အဆီပိုတွေစုနေတာကို စိတ်ညစ်လွန်းလို့ အဆီချဖို့ကြိုးစားနေပါသလား။ အစားလျော့စားတာက ကိုယ်ခန္ဓာတချို့တစ်နေရာတွေကိုသာ အဆီကျစေပေမယ့် အပြေးလေ့ကျင့်ခန်းကတော့ ခန္ဓာကိုယ်တစ်ခုလုံးကို လှုပ်ရှားမှုဖြစ်စေတာကြောင့် တကိုယ်လုံးက အဆီတွေကို ကျစေကာ ကျစ်လစ်သန်မာတဲ့ ခန္ဓာကိုယ်အချိုးအစားကို ရရှိစေပါတယ်။

Featured Image Source: Runtastic