ကွီးတို့ရေ… ကိုယ့်ရဲ့တစ်နေ့တာကို အစပြုဖို့အတွက် ရေအေးနဲ့ရေချိုးပေးတာက နည်းလမ်းကောင်းတစ်ခုလို့ အခုချိန်ထိ မသတ်မှတ်ရသေးဘူးလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးသွားမယ့် အကျိုးကျေးဇူးလေးတွေကို ဖတ်ကြည့်မိရင်တော့ လက်ခံကောင်းလက်ခံသွားပါလိ့မ်မယ်။

တကယ်လို့မှ အပြောပဲရှိတယ်လို့ မယုံဘူးဆိုရင်တော့ တစ်ခါလောက်တော့ လက်တွေ့လုပ်ကြည့်လိုက်ပါ။ ဘယ်အရာမှ ကိုယ်တိုင်ကိုယ်ကျ မပြုလုပ်သေးသရွေ့ လက်ခံဖို့က ခက်ခဲတာကြောင့် တစ်ခါတစ်ခေါက်တော့လုပ်ကြည့်ဖို့ တိုက်တွန်းလိုက်တယ်နော်။

၁။ ရေရှည်စိတ်ကျရောဂါ ဖြစ်ပွားမှုကို တိုက်ဖျက်နိုင်ခြင်း

Source: Muscle & Fitness

စိတ်ဓာတ်ကျတာနဲ့ စိတ်အားငယ်ခြင်းက မတူညီကြပါဘူး။ တစ်ဦးနဲ့တစ်ဦး မတူညီတဲ့ လူနေမှုဘဝတွေမှာ ရှင်သန်နေထိုင်နေကြရတာဖြစ်တဲ့အတွက် စိတ်ရှုပ်စရာတွေ၊ စိတ်ညစ်စရာတွေ အမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

ကျွမ်းကျင်ပညာရှင်များရဲ့ ပြောစကားတွေအရတော့ ၂၀ ဒီဂရီ ဆဲလ်စီးရပ်စ်ရှိတဲ့ ရေနဲ့ ၂ မိနစ် ၃ မိနစ်လောက် ရေချိုးပေးခြင်းက စိတ်ပင်ပန်းမှုတွေကို ဖြေဖျောက်ပေးဖို့အတွက် ကူညီပေးပါတယ်။

၂။ ကိုယ်အလေးချိန်လျော့ချပေးခြင်း

အစားအသောက်တွေ၊ လေ့ကျင့်ခန်းတွေမှ ကိုယ်အလေးချိန်လျော့ကျဖို့အတွက် ကူညီပေးတာမဟုတ်ဘဲ ရေအေးလေးနဲ့ ရေချိုးပေးခြင်းကလည်း ခန္ဓာကိုယ်တွင်းမှ အဆီဆဲလ်များထုတ်လုပ်မှုကို လျော့နည်းစေပါတယ်။

၃။ နေထိုင်မကောင်းဖြစ်မှုနည်းသွားခြင်း

Source: Muscle & Fitness

ရေပူကိုအသုံးပြုပြီး ရေချိုးခြင်းနှင့် ရေအေးကို အသုံးပြုပြီး ရေချိုးခြင်းတို့ကို နှိုင်းယှဉ်သည့်အခါမှာတော့ ရေအေးနဲ့ရေချိုးခြင်းက ဖျားနာခြင်းဖြစ်ပေါ်မှုကို လျော့နည်းစေပါတယ်။ ရေအေးကို အသုံးပြုခြင်းဟာ ခန္ဓာကိုယ်တွင်းမှ Antioxidants များကို ပုံမှန်လည်ပတ်စေကာ ကင်ဆာ၊ နှလုံးရောဂါနှင့် အခြားတစ်ကိုယ်ရည်ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ဟန့်တားပေးပါတယ်။

၎။ အာရုံစူးစိုက်အား မြှင့်တင်ပေးခြင်း

Source: FashionBeans

ရေအေးနဲ့ ရေချိုးခြင်းဟာ မောပန်းနွမ်းနယ်ခြင်း ဖြစ်ပွားမှုကို လျော့နည်းစေကာ နှလုံးသို့ သွေးစီးဆင်းမှုကိုလည်း မြှင့်တင်ပေးပါတယ်။ ထို့အပြင် အဆုတ်အလုပ်လုပ်မှုနှင့် ခန္ဓာကိုယ်အနှံ့ အောက်ဆီဂျင်သယ်ယူပို့ဆောင်ခြင်းတို့ကိုလည်း တိုးတက်စေပါတယ်။

၅။ စိတ်ဖိစီးမှုတွေကို တိုက်ထုတ်နိုင်ခြင်း

Source: Mpasho

သွေးအတွင်းက Glutathione ပမာဏတွေကို မြှင့်တင်နိုင်သလို ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေမယ့် အရာတွေကို ဖယ်ရှားပေးဖို့အတွက်လည်း ရေအေးက ကူညီပေးပါတယ်။ ဒါကြောင့် စိတ်ညစ်နေတဲ့ အချိန်တွေမှာ ရေအေးအေးလေးနဲ့ ရေချိုးလိုက်ခြင်းက စိတ်ညစ်စရာတွေကို ပြေပျောက်သွားစေမှာပါ။

Featured Image Source: The Loop