မိမိရဲ့အသက် ၂၀ ကျော်၊ ၃၀ ကျော်အရွယ်မှာ ချမ်းသာကြွယ်ဝချင်တဲ့ယောကျာ်းများအတွက် ကျင့်သုံးသင့်တဲ့ နည်းလမ်းကောင်းများကို ဝေမျှပေးချင်ပါတယ်။ ထိုနည်းလမ်းကောင်းများကို ကျင့်သုံးပါက သင့်ရဲ့အနာဂတ်မှာ ငွေရေးကြေးရေးကြောင့် မတောင့်မတ မကြောင့်မကျ နေထိုင်ရမှာပဲဖြစ်ပါတယ်။

အချိန်ဖြုန်းတဲ့အကျင့်ကို ဖျောက်ပါ

how to become rich in your 20s or 30s

ချမ်းသာကြွယ်ဝခြင်းသည် တဖြည်းဖြည်းအသက်ကြီးလာသည်နှင့်အမျှ သူ့အလိုလို ချမ်းလာတယ်လို့ ငယ်ရွယ်သူများက ထင်မှတ်တတ်ကြပါတယ်။ ဒါ့ကြောင့် ငယ်ရွယ်ချိန် သန်မာစဉ်မှာ အချိန်ဆွဲတတ်ခြင်း၊ အချိန်ဖြုန်းခြင်းတို့ကို ပြုလုပ်မိတတ်ကြပါတယ်။ အသိဝင်လာတဲ့အချိန်မှာတော့ နောက်ကျသွားပြီပဲဖြစ်ပါတယ်။ နောင်မှ နောင်တ မရအောင်လို့ အချိန်ဖြုန်းတတ်တဲ့အကျင့်ကို ဖျောက်ဖျက်လိုက်ပါ။

ဘယ်အရာမှ သူ့အလိုလို ဖြစ်မလာတာကို နှလုံးသွင်းထားပါ

how to become rich in your 20s or 30s

ချမ်းသာကြွယ်ဝမှုသည် သူ့အလိုလို မဖြစ်တည်လာသလို မှော်အတတ်ကလည်း ကူညီနိုင်မှာမဟုတ်ပါဘူး။ တစ်ခုတည်းသောနည်းလမ်းကတော့ သင့်ရဲ့အသုံးစရိတ်ထက် ပိုရှာပါ။ ဝင်ငွေများကို အမြော်အမြင်ကြီးစွာ ရင်းနှီးမြှုပ်နှံပါ။

မိမိကိုယ်တိုင်အတွက် ရင်းနှီးမြှုပ်နှံပါ

how to become rich in your 20s or 30s

သင့်ရဲ့ပညာရေးအတွက် (သို့) သင့်ရဲ့အရည်အချင်းများ တိုးတက်လာဖို့အတွက် လိုအပ်သည်များကို ရင်းနှီးမြှုပ်နှံပါ။ သင့်မှာ အတွေ့အကြုံများ၊ အရည်အချင်းများ များများတိုးတက်လာလေ သင့်ရဲ့လစာကလည်း ပိုမိုများပြားလာမှာဖြစ်ပြီး ပိုမိုစုဆောင်းမိလာပါလိမ့်မယ်။

တစ်နေ့တာအသုံးစရိတ်များကို စာရင်းဇယားပြုစုထားပါ

how to become rich in your 20s or 30s

အထွေထွေအသုံးစရိတ်အတွက် ငွေဘယ်လောက်ပဲ သုံးမယ် အဝတ်အစားအတွက် ငွေဘယ်လောက်သုံးမယ်ဆိုတာကို တစ်ခါတည်း ကန့်သတ်ထားပါ။ ထို့နောက် တစ်နေ့တာလုံးမှာ အသုံးစရိတ်ဘယ်လောက်ကုန်သလဲဆိုတာကို စာရင်းမှတ်ထားပါ။ မလိုအပ်တဲ့အရာများအတွက် ငွေယိုပေါက်ကို ပိတ်ပင်ထားရပါမယ်။

အကြွေးဆပ်ပါ

how to become rich in your 20s or 30s

မိမိရဲ့ဝင်ငွေများကို မစုဆောင်းခင်၊ ရင်းနှီးမြှုပ်နှံမှု မစတင်ခင်မှာ အရင်ဦးဆုံး အကြွေးတွေကို ဆပ်ရပါမယ်။ သင် အလုပ် မဝင်ခင်မှာ ကျောင်းကိစ္စချေးငွေများ၊ အကြွေးဝယ်ကဒ်များအတွက် အကြွေးများကို အရင်ဆုံးဆပ်ပါ။ အကြွေးဆပ်ပြီးမှ စုဆောင်းခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းအဆင့်သို့ တက်လှမ်းရမှာဖြစ်ပါတယ်။

တစ်စုံတစ်ခုတည်းတွင်သာ မမှီခိုပါနဲ့

how to become rich in your 20s or 30s

အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်တစ်ခုတည်းအတွက်သာ ဇောက်ချလုပ်ကိုင်နေစဉ်မှာ အခြားသော အလုပ်များကိုလည်း အချိန်ပိုင်းအဖြစ် လုပ်ကိုင်နိုင်ရပါမယ်။ မတော်လို့ သင့်ရဲ့ကုမ္ပဏီက ဒေဝါလီခံခဲ့သော် အခြားသော အသက်မွေးဝမ်းကြောင်းအလုပ်အတွက် လုပ်ကိုင်နိုင်တဲ့အတွက်ကြောင့် ပူပန်စရာမလိုတော့ပါဘူး။ ထို့အတူ သင့်ရဲ့ဝင်ငွေများအားလုံးကို မရင်းနှီး မမြှုပ်နှံလိုက်ပါနဲ့။ Plan A မအောင်မြင်ပါက Plan B ကလည်း အဆင်သင့်ရှိနေရမှာဖြစ်ပါတယ်။

Source: Inc.com