အလုပ်ခွင်တစ်ခုတည်းမှာ နှစ်ပေါင်းများစွာကြာအောင် အလုပ်လုပ်သူတွေမှာ Burn Out ဖြစ်လာတဲ့ ပြဿနာရှိတတ်ပါတယ်။ Burn Out လို့ ခေါ်တဲ့ လုပ်ချင်ကိုင်ချင်စိတ် မရှိတော့ခြင်းဟာ အကြောင်းအမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ Burn Out ဖြစ်လာရင် လုပ်ငန်းခွင်မှာ မပျော်ရွှင်ရုံတင်မဟုတ်တော့ဘဲ စွမ်းဆောင်ရည်ကျဆင်းပြီး မျှော်လင့်ချက်ကင်းမဲ့တဲ့ အဖြစ်ကိုပါရောက်လာနိုင်စေပါတယ်။ဒီတော့ Burn Out ဖြစ်လာပြီလားဆိုတာ ကိုယ့်ကိုယ်ကိုဆန်းစစ်ဖို့ အရေးကြီးပြီး တကယ်လို့ Burn Out ဖြစ်လာရင်လည်း အမြန်တိုက်ထုတ်ဖို့ နည်းရှာသင့်ပါတယ်။ Burn Out ဖြစ်မဖြစ်ကိုသိဖို့ အတွက်ကတော့ အခုပြောမယ့်အချက်ပြမှူတွေကြုံနေပြီလား ကြည့်နေပါ။

(၁) ကိုယ့်ကိုယ်ကိုယုံကြည်မှူ နည်းလာတယ်

Source : Shutterstock

အလုပ်ခွင်အတွင်းမှာ Performance ကျလာပြီးပေးထားတဲ့ အလုပ်တာဝန်တွေကိုလည်း ကိုယ့်အနေနဲ့ လုပ်နိုင်တော့မှာ မဟုတ်ဘူးလို့ ဆက်တိုက်လိုလို တွေးနေမိတယ်ဆိုရင် Burn Out စလာပြီလို့ ဆိုနိုင်ပါတယ်။ အခြေအနေပိုဆိုးလာချိန်မှာ ကိုယ့်သူဌေးက ကိုယ့်ကိုခေါ်ပြီး Performance ကျလာတဲ့ အကြောင်းကို ခေါ်ပြောတော့မှာပဲလို့ ထင်နေတတ်ပါတယ်။ကျောင်းမှာဆိုရင်လည်း စာလုပ်ချင်စိတ်မရှိတော့ဘူး။လူတွေနဲ့ မတွေ့ ချင်တော့ဘူး။ ငြိမ်ငြိမ်ကလေးပဲနေချင်တော့တယ်ဆိုရင် Burn Out ဖြစ်လာပြီလို့ ပြောလို့ ရပါတယ်။

(၂) အဆိုးချည်း မြင်လာတယ်

Source: Pixabay

Burn Out ဖြစ်ရခြင်းဟာ သူကျင်လည်တဲ့ပတ်ဝန်းကျင်နဲ့ တိုက်ရိုက်ဆိုင်ပါတယ်။ အလုပ်တစ်ခုတည်းမှာ လုပ်နေတဲ့ သူတွေအပေါ် အကောင်းမမြင်နိုင်တော့ဘူး။ အလုပ်တာဝန်သေးသေးလေးတွေကို ကွန်ပလိန်းတက်တယ်။ကိုယ်နဲ့ တွဲလုပ်နေတဲ့ လုပ်ဖော်ကိုင်ဘက်တွေရဲ့ မကောင်းတဲ့ အချက်တွေကို စိတ်ထဲမှာ တေးထားမိတယ်ဆိုတာ Burn Out ရဲ့ သင်္ကေတတစ်ခုပါပဲ။

(၃) စိတ်ကျေနပ်စရာ မရှိဘူးဖြစ်လာတယ်

Source: Pixabay

ဖိအားတွေ ပိုများလာတယ်ဆိုတာကို သိလျက်နဲ့ မတွန်းလှန်နိုင်တော့ဘူး။ ကိုယ်လုပ်နေတဲ့ အလုပ်ပေါ်မှာလည်း ဂုဏ်ယူတက်ကြွမှူမရှိတော့ဘူး။ အဆိုးဆုံးက ကိုယ့်အလုပ်ဟာ အဓိပ္ဗါယ်မရှိတဲ့ အလုပ်လိုခံစားလာရတာပါပဲ။

(၄) ညဘက် အိပ်မပျော်တော့ဘူး

Source: Unsplash

ညဘက်အိပ်မပျော်ခြင်းမှာ အကြောင်းရင်းအမျိုးမျိုး ရှိနိုင်ပေမယ့် အလုပ်အကြောင်းတွေးပြီး အိပ်မရတဲ့ ညတွေများလာရင် ပြဿနာက Burn Out ဖြစ်ဖို့ ဦးတည်နေတာလို့ ပြောနိုင်ပါတယ်။အိပ်ရေးပျက်တာများသူဟာ အလုပ်ခွင် စွမ်းဆောင်ရည်နဲ့ စိတ်ပိုင်းဆိုင်ရာထက်မြက်မှူကို ထိခိုက်စေနိုင်ပါတယ်။

(၅) ခန္ဓာကိုယ်က နာလာတယ်

Source: Pixabay

ပုခုံးကြွက်သားတွေ ၊ လည်ကုပ်နေရာတွေက တင်းတင်းကြီး ဖြစ်နေတာ ၊ ဇက်ထိုးပြီးအုံးလွဲသလို ခံစားရတာတွေဟာ သတိထားသင့်ပါတယ်။ ဖိအားများတဲ့သူတွေ စိတ်မွန်းကြပ်တဲ့သူတွေမှာခန္ဓာကိုယ်တစ်နေရာရာက နာလာတတ်ပါတယ်။ ဒါဟာစိတ်နဲ့ ခန္ဓာကိုယ်ရဲ့ ဆက်စပ်တဲ့ အချက်ပြတစ်ခုပါပဲ။

(၆) စိတ်ဆတ်လာမယ်

Source: Unsplash

ဘာရယ်မဟုတ်တဲ့ ကိစ္စလေးမှာ သည်းမခံနိုင်ဖြစ်လာပြီဆိုရင် ဒါဟာ Burn Out ဖြစ်နေတဲ့ အခြေအနေလို့ ဆိုနိုင်ပါတယ်။ ကိုယ်ချစ်တဲ့သူတွေကိုလည်း ဂရုမစိုက်တော့ဘူး။ မိဘ ၊ ဆွေမျိုးသူငယ်ချင်းတွေကိုလည်း လှည့်မကြည့်တော့ဘူးဆိုတာ စိတ်ပိုင်းထိခိုက်လာတဲ့ အနေအထားပါ။

(၇) ပင်ပန်းလာမယ်

Source : Freepik

အကြောင်းရင်း မယ်မယ်ရရမရှိဘဲ မောပန်းလွယ်ခြင်းဟာ သင့်ကိုယ်ခန္ဒာက သင့်ကိုပြန်ပြောပြနေတဲ့ Burn Out မှတ်တမ်းတစ်ခုပါ။ Burn Out သက်သာဖို့ အတွက်တော့ အနားယူဖို့ နဲ့ စိတ်ကို အေးချမ်းအောင်ပြုပြင်ဖို့ လိုပါတယ်။