အသက်က ၂၅-၃၀ ပဲ ရှိသေးတယ်။ ဆံပင်က ဟိုနားနည်းနည်း ဒီနား နည်းနည်း ဖြူနေပြီဆိုရင် ဒီအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။

(၁) မျိုးရိုး

Source: pexels

ကိုယ့်အဖေနဲ့ အမေ တစ်ယောက်ယောက်ဟာ ငယ်ငယ်ရွယ်ရွယ်န့ ဆံပင်ဖြူရင် ကိုယ်လည်း အသက်ငယ်ငယ်နဲ့ ဆံပင်ဖြူဖို့ အလားအလာ များပါတယ်။ လက်တင်အမေရိကန် ၆၀၀၀ ကျော်ရဲ့ ဆံပင်လက္ခဏာတွေကို ခွဲခြားလေ့လာခဲ့တဲ့ နယူးယော့ခ် Langone ဆေးသုတေသနအဖွဲ့ရဲ့ လေ့လာမှုကတော့ ဆံပင်အရောင်ဟာ မျိုးရိုးနဲ့ အများကြီး ဆိုင်တယ်လို့ ဆိုပါတယ်။

(၂) ကိုယ်ခံအားစနစ် မမှန်မှု

Source: pexels

ဒီလို ရောဂါမျိုးကြောင့် Alopecia လို့ ခေါ်တဲ့ ဆံပင်ကျွတ်တာအပြင် ဆံပင်တွေ ဖြူသွားတာပါ ဖြစ်နိုင်ပါတယ်။ Autoimmune အခြေအနေကြောင့် ဆံပင်ဂလင်းတွေကို ထိခိုက်ပြီး ဆံပင်ကျွတ်ထွက်သွားတတ်ပါတယ်။ တကယ်လို့ ဆံပင်ပြန်ပေါက်ရင်လည်း ဆံပင်တွေ ဖြူသွားတတ်ပါတယ်။ အမေရိကန်မှာ ဒါမျိုးရောဂါကို လူပေါင်း ၆.၈ သန်း ခံစားနေရ ပါတယ်။

(၃) ညစ်ညမ်းတဲ့ ပတ်ဝန်းကျင်

Source: pexels

အဆိပ်အတောက်တွေနဲ့ ပြည့်နေတဲ့ ပတ်ဝန်းကျင်နဲ့ လေထုညစ်ညမ်းနေတဲ့ နေရာမျိုးမှာ နေသူတွေဟာ ဆံပင်တွေ မွဲခြောက်ဖြူလျော်တာ ပိုမြန်ပါတယ်။ ဒီလို ပတ်ဝန်းကျင်မျိုးဟာ လူကို ဖိအားလည်း ပိုများစေပြီး ဒီဖိအားနဲ့ မွန်းကြပ်မှုကလည်း ဆံပင်ဖြူစေတဲ့ အကြောင်းထဲမှာ ပါနေပါတယ်။

(၄) အလွန်အကျွံ ဖိအားများခြင်း

Source: pexels

သမ္မတရာထူးမဆက်ခံခင်က ဆံပင်နက်မှောင်ခဲ့တဲ့ အမေရိကန်သမ္မတဟောင်း ဘားရတ်ခ်အိုဘားမားဟာ သမ္မတသက်တမ်းကုန်လို့ အိမ်ဖြူတော်က ဆင်းပေးချိန်မှာ ဆံပင်တွေ ဖြူနေတာ မြင်ရမှာပါ။ အလားတူပဲ အလုပ်မှာ ဖိအား အလွန်များတဲ့သူတွေဟာ ဆံပင်ကျွတ်ပြီး ဆံပင်ဖြူဖို့ ပိုပြီး ဖြစ်နိုင်ခြေများပါတယ်။ မိသားစုအရေး စိတ်အလွန်ဆင်းရဲရရင်လည်း ဆံပင်ဖြူတတ်ပါတယ်။

(၅) ဆေးလိပ်ငွေ့ 

Source: pexels

ဆေးလိပ်သောက်ခြင်း ၊ ဆေးလိပ်ငွေ့ရှုမိခြင်းဟာ လူကို ရုပ်တင် ရင့်စေတာ မဟုတ်ဘဲ ဆံပင်တွေပါ ဖြူစေနိုင်ပါတယ်။ ၂၀၁၃ က သုတေသနတစ်ခုမှာ ဆေးလိပ်သာက်သူတွေဟာ ဆေးလိပ်မသောက်တဲ့ သူတွေထက် ဆံပင်ဖြူဖို့ ၂ ဆခွဲ ပိုပြီးအလားအလာ များတယ်လို့ ဖော်ပြထားပါတယ်။

(၆) ဟော်မုန်းအပြောင်းအလဲ

Source: usnews

အသက်အရွယ်နဲ့အတူ ဟော်မုန်းတွေ ပြောင်းလာချိန်မှာ ဆံပင်တွေ ဖြူတတ်ပါတယ်။ များသောအားဖြင့် အသက် ၃၀ ဝန်းကျင်မှာ ဆံပင်တွေ ဖြူတာမျိုး ဖြစ်တတ်ပါတယ်။ အသက်ကြောင့်ရော ၊ ဟော်မုန်းကြောင့်ပါ ဆံပင်ဖြူတာမျိုးကတော့ ရှောင်လွှဲလို့ မရပါဘူး။

(၇) အပူများလွန်းခြင်း

Source: unair

ဝမ်းချုပ်တာ များရင်ဖြစ်စေ ၊ ကိုယ်တွင်းအပူချိန် များလွန်းရင် ဖြစ်စေ ဆံပင်တွေ ကျွတ်တာနဲ့ ဆံသားတွေ ဖြူကုန်တာမျိုး ကြုံတတ်ပါတယ်။ ဒါကိုတော့ ရေများများ သောက်တာ ၊ အသီးအရွက်စားပြီး ဝမ်းမှန်အောင်နေတဲ့ အကျင့်နဲ့ ကာကွယ်ပေးသင့်ပါတယ်။