တစ်နေ့တစ်နေ့ စားဝတ်နေရေးအတွက် သွားလာလှုပ်ရှားနေရတဲ့အတွက်ကြောင့် ကိုယ့်ခန္ဓာကိုယ်ကိုဂရုမစိုက်မိတာများပါတယ်။ အားကစားပြုလုပ်ပြီး ကျန်းမာရေးလိုက်စားရမယ်၊ အာဟာရပြည့်ဝတဲ့ အစားအစာတွေစားပြီး ကျန်းမာအောင်နေထိုင်မယ် စတဲ့အရာတွေကို လျစ်လျူရှုထားမိပြီး ပိုက်ဆံရှာရမယ်ဆိုတဲ့အတွေးနဲ့ အလုပ်ချည်းပဲအသည်းအသန် မဲလုပ်လာကြပါတယ်။ နောက်ဆက်တွဲအနေနဲ့ အလုပ်ရဲ့ဖိစီးမှုဒဏ်တွေကြောင့် စိတ်ဖိစီးမှုတွေ ခံစားလာရပါတော့တယ်။

ဒီလိုစိတ်ဖိစီးမှုတွေ မခံစားရအောင် ဘယ်လိုပြုမူနေထိုင်ရမလဲ။ အသင့်စားအစားအစာတွေထက် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေ ဦးစားပေးစားသုံးပါ။ မိမိရဲ့အားလပ်ချိန်မှာ ကိုယ်နှစ်သက်တဲ့အားကစားတစ်ခုကို စွဲစွဲမြဲမြဲပြုလုပ်ပေးပါ။ လုပ်ငန်းခွင်က စိတ်ဖိစီးမှုတွေနဲ့ အခြားသောအကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုမခံစားရအောင် ဆော့ကစားသင့်တဲ့ အားကစားလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

ဘောလုံးကစားခြင်း

Source: Shutterstock

ဘောလုံးအားကစားကတော့ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး နံပါတ်တစ် အားကစားလို့တောင် ပြောလို့ရပါတယ်။ နာမည်ကြီးအသင်းတွေရဲ့ ဘောလုံးပွဲတွေပဲ ထိုင်ကြည့်မနေပါနဲ့။ ကိုယ့်အားလပ်ချိန်လေးမှာ ဝါသနာတူ သူငယ်ချင်းတွေစုပြီး ဘောလုံးကန်ကြည့်လိုက်ပါ။ သက်လုံကောင်းစေပြီး ကျန်းမာစေမှာပဲဖြစ်ပါတယ်။

ရေကူးခြင်း

Source: Shutterstock

ရေကူးခြင်းက တစ်ကိုယ်လုံးကို လှုပ်ရှားပေးနေရတာဖြစ်တဲ့အတွက် တစ်ကိုယ်လုံးမှာရှိနေတဲ့ အဆီပိုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ တစ်နေ့ကို တစ်နာရီခန့် ရေကူးပေးမယ်ဆိုရင် တစ်လကြာတာနဲ့ သိသာထင်ရှားတဲ့ ရလဒ်ကောင်းတွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

ပြေးခြင်း

Source: Shutterstock

ပြေးတာကလည်း ပိုက်ဆံမကုန်တဲ့ အားကစားတစ်ခုပဲဖြစ်ပါတယ်။ ရေကူးအားကစားကတောင် မကူးတတ်ဘူးဆိုရင် ကူးဖို့အရင်သင်ရပါမယ်။ သင်ပြီးမှ ကိုယ့်စိတ်ကြိုက် ရေကူးကန်မှာ သွားကူးလို့ရမှာပါ။ ဒါပေမဲ့ ပြေးတာကတော့ လူတိုင်းပြေးလို့ရပါတယ်။ မနက်ခင်းစောစော၊ ဒါမှမဟုတ် ညနေစောင်း နေအေးချိန်လေးမှာ အပြေးလေ့ကျင့်ခန်းလေး ပြုလုပ်ပေးလိုက်ပါ။

ဘတ်စကပ်ဘော ကစားခြင်း

Source: Shutterstock

ဘောလုံးအားကစားပြီးရင် ဒုတိယလူကြိုက်အများဆုံး အားကစားကတော့ ဘတ်စကပ်ဘော အားကစားပဲဖြစ်ပါတယ်။ ဘတ်စကပ်ဘော ကစားတဲ့အခါ တစ်ယောက်တည်း ကစားတာထက် နှစ်ယောက်၊ သုံးယောက်ကစားတာက ပိုပြီး ပျော်ဖို့ကောင်းပါတယ်။ လူများများနဲ့ အဖွဲ့လိုက် ပြိုင်ဆော့မယ်ဆိုရင်လည်း အသင်းအဖွဲ့စိတ်ဓာတ်ရရှိအောင် ကူညီပေးနိုင်တဲ့အားကစားတစ်မျိုးပါ။

အလေးမခြင်း

Source: Shutterstock

ယနေ့ခေတ် လူငယ်တွေ ဝိတ်လျော့ချင်တဲ့အခါ ဝိတ်တက်အောင် ကြိုးစားချင်တဲ့အခါ၊ ဒါမှမဟုတ် ကြွက်သားတွေ ထွက်လာပြီး ဗလတောင့်အောင် ပြုလုပ်ချင်တဲ့အခါ Gym ပြေးလေ့ရှိပါတယ်။ Gym ခန်းမမှာက စက်ပစ္စည်းကိရိယာစုံလင်တာကြောင့် ဗလထွက်ချင်တဲ့သူတွေအတွက် နေရာကောင်းတစ်ခုပဲဖြစ်ပါတယ်။

တင်းနစ် ရိုက်ခြင်း

Source: Shutterstock

တင်းနစ်ကစားတာကလည်း ပျော်ဖို့ကောင်းပြီး သက်လုံကောင်းစေတဲ့ အားကစားတစ်ခုပါပဲ။ ခြေသလုံးကြွက်သားနဲ့ လက်မောင်းကြွက်သားတွေအတွက် အထောက်အကူဖြစ်စေတဲ့ အားကစားတစ်ရပ်ပဲဖြစ်ပါတယ်။

ခြေလျင် တောင်တက် အားကစား

Source: Shutterstock

ခြေလျင်တောင်တက် အားကစားကတော့ လူနည်းစုလောက်သာ ပြုလုပ်တဲ့အားကစားတစ်မျိုးပါ။ တောင်တက်ရတာဖြစ်တဲ့အတွက်ကြောင့် စွန့်စားရတဲ့အားကစားတစ်မျိုးပဲဖြစ်ပါတယ်။ အားကစားတိုင်းကတော့ အမောအပန်းခံနိုင်ရမယ်ဆိုပေမယ့် ဒီအားကစားကတော့ ခရီးကြမ်းဒဏ်ကိုပါ ထပ်တိုးခံစားရတဲ့ အားကစားတစ်ခုပါ။ စာဖတ်သူတို့အနေနဲ့ အသစ်အဆန်းတစ်ခုခုကို စမ်းကြည့်ချင်တယ်ဆိုရင်တော့ ဒီအားကစားကို စမ်းလုပ်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။