နွေရာသီမှာ ကမ်းခြေသွား အနားယူမယ် စဉ်းစားနေရင် ဘယ်မှာတည်းပြီး ဘယ်ကားစီးရမလဲ စီစဉ်ရတာအပြင် ဘယ်လိုမျိုးလေး ဝတ်ရမလဲဆိုတာပါ ခေါင်းခြောက်ရပါပြီ။ ဒီလို မဖြစ်ရအောင် Beach Outfit အတွက် အိုင်ဒီယာလေး တစ်ချို့ပေးချင်ပါတယ်။

(၁) ရေကူးဝတ်စုံ

Source: funkytrunks.com

ကမ်းခြေသွားမယ်ဆိုရင် Swim Wear တော့ လိုပါပြီ။ ရေကူးဖို့အတွက် ၊ လှိုင်းစီးဖို့အတွက် ရေကူးဘောင်းဘီ ကောင်းကောင်း ယူသွားသင့်ပါတယ်။

(၂) Denim ဂျင်းပင်တိုနဲ့ တီရှပ်

Source: Pinterest

လွတ်လပ်ပေါ့ပါးတဲ့ စတိုင်နဲ့ ကမ်းခြေမှာ လျှောက်သွားဖို့အတွက် လိုက်ဖက်တဲ့ ဝတ်စုံက Denim Shorts နဲ့ တီရှပ်တစ်ထည်ပဲ လိုပါတယ်။ စတိုင်လည်း ကျသလို ၊ သက်တောင့်သက်သာလည်း ရှိမှာပါ။

(၃) ရှပ်နဲ့ Denim ဂျင်းဘောင်းဘီရှည်

Source: New Fashion

ရှပ်အင်္ကျီကို ကြယ်သီးတွေ အကုန်ဖွင့်ပြီး ဂျင်းဘောင်းဘီနဲ့ ဝတ်မယ်ဆိုရင် ဆွဲဆောင်မှု ကောင်းပြီး ကမ်းခြေနဲ့လည်း လိုက်ပါတယ်။

(၄) Sleeveless Tee နဲ့ ဘောင်းဘီတို

Source: Outfit Trends

ချိုင်းပြတ်လက်တို အင်္ကျီတွေဟာ ပူပြင်းတဲ့ ရာသီတွေမှာ စတိုင်ကျစေမယ့် အင်္ကျီဖြစ်ပြီး ဘောင်းဘီတိုနဲ့ တွဲဝတ်မယ်ဆိုရင် ပြီးပြည့်စုံတဲ့ ဝတ်စုံ ဖြစ်လာပါတယ်။

(၅) ဗြောင်လက်ရှည် ၊ ဗြောင် ချည်သားဘောင်းဘီ

Source: mensstyle.com.au

ရိုးရှင်းတဲ့ ဟန်ကို ကြိုက်တယ်ဆိုရင် အထက်အောက် အရောင်လွင်ဖျော့ဖျော့ ဗြောင်လက်ရှည် အင်္ကျီ ၊ ဗြောင်ချည်ဘောင်းဘီ ဝတ်လိုက်ပါ။ ကမ်းခြေမှာ ထင်းခနဲ ပေါ်နေပါလိမ့်မယ်။

(၆) အရောင်အသွေးစုံ အပွင့်ပါ ဘောင်းဘီတိုနဲ့ ရှပ်အင်္ကျီ

Source: Solidrop.net

Printed အင်္ကျီနဲ့ ရှပ်တွေဟာ မရိုးနိုင်တဲ့ ကမ်းခြေဝတ်စုံတွေ ဖြစ်ပါတယ်။ Beach Outfit အတွက် ရွေးရခက်နေရင် ဒါမျိုး စမ်းဝတ်ကြည့်ပါ။

(၇) ဂျင်းဂျက်ကတ်နဲ့ ဘောင်းဘီတို

Source: Imgur

ဂျင်းဂျက်ကတ်ကို ရှပ်ဖြူလက်တို ၊ ဘောင်းဘီတိုနဲ့ တွဲဝတ်တာက ကမ်းခြေသွားတာ ၊ Boat Party တက်တာအတွက် ပေါ့ပါး လိုက်ဖက်ပါတယ်။ ထသွားလာသွားလည်း အဆင်ပြေ ၊ လူကြားထဲလည်း တင့်တယ်နေမှာပါ။