သင် ပြုလုပ်မိတဲ့ ဖက်ရှင်အမှား အသေးအဖွဲလေးတွေကလည်း သင့်ကို ဆွဲဆောင်မှုလျော့ကျသွားစေပါတယ်။ ဒါ့ကြောင့် ဖက်ရှင်နဲ့ပတ်သက်လာရင် အမှားသေးသေးလေးတောင် မလုပ်မိဖို့ရန်အတွက် ဒီဆောင်းပါးလေးကနေ ဝေမျှပေးချင်ပါတယ်။
တီရှပ်ဝတ်တဲ့အခါ

ဒီပုံနှစ်ခုကို ယှဉ်ကြည့်လိုက်တဲ့အခါ ဘယ်ပုံက ပိုပြီဖက်ရှင်ကျသလဲဆိုတာ သိသာထင်ရှားစွာ မြင်တွေ့နိုင်ပါတယ်။ သင့်အနေနဲ့ တီရှပ်ဝတ်မယ်ဆိုရင် စမတ်ကျသွာအောင်လို့ အင်္ကျီကို ဘောင်းဘီထဲ ထည့်ကာ ဝတ်ဆင်နိုင်ပါတယ်။
ဂျက်ကတ်အကူအညီရယူပါ

ရှပ်အင်္ကျီကို ဘောင်းဘီထဲ ထည့်ပြီး ဝတ်ဆင်ပြီးတဲ့နောက်မှာ ဂျက်ကတ်တစ်ထည်ပါ အပေါ်က ထပ်ဝတ်ပေးလိုက်မယ်ဆိုရင် ပိုပြီး စတိုင်လ်ကျစေပါတယ်။
အားကစားဖက်ရှင်နဲ့ ပတ်သက်လာရင်

Gym သွားပြီး အားကစားပြုလုပ်ဖို့ရန်အတွက် ဘယ်လိုဝတ်ဆင်ရမှန်းမသိဖြစ်နေပါသလား။ ဘောင်းဘီပွပွ၊ စွပ်ကျယ်လက်ပြတ်နဲ့ဆိုရင်တော့ ဘယ်လိုမှဖက်ရှင်ကျမှာမဟုတ်ပါဘူး။ အားကစားဘောင်းဘီကိုမှ အောက်အနားသား ကြပ်ကြပ်လေးဖြစ်အောင် ဝတ်ဆင်ပါ။ သူနဲ့လိုက်ဖက်တဲ့ အားကစားအင်္ကျီ ဝတ်ဆင်ပါ။
တီရှပ်ဝတ်တဲ့အခါ

အောက်ခံတီရှပ်အဖြူရောင် အပါးတစ်ထည် ဝတ်ဆင်ပြီး ရှပ်အင်္ကျီကို အပေါ်ထပ်အင်္ကျီသဘောမျိုး ဝတ်ဆင်ပေးလိုက်တဲ့အခါ ပိုပြီး ဆွဲဆောင်မှုရှိစေပါတယ်။
ကိုယ်နေဟန်ထား

ဖက်ရှင်နဲ့ ပတ်သက်လာရင် သင့်ရဲ့ကိုယ်နေဟန်ထားကလည်း စကားပြောပါတယ်။ လက်ပျဉ်ကုန်းနေမယ် ခါးကုန်းနေမယ်ဆိုရင်တော့ ဘယ်လိုမှ စမတ်ကျတဲ့အသွင်ကို ပိုင်ဆိုင်နိုင်မှာမဟုတ်ပါဘူး။
ပွယောင်းလွန်းသော အင်္ကျီ ဝတ်ဆင်ခြင်း

သင့်ခန္ဓာကိုယ်ထက် ကြီးလွန်းတဲ့အင်္ကျီများ၊ ဘောင်းဘီများ ဝတ်ဆင်ခြင်းက သင့်ရဲ့ခန္ဓာကိုယ်ကို ပိုဝစေပါတယ်။ ဒါ့ကြောင့် သင့်ခန္ဓာကိုယ်ဆိုဒ်နဲ့ ကွက်တိကျမယ့်အဝတ်အစားများကိုသာ သေချာတိုင်းချုပ်ပါ (သို့) သေချာရွေးချယ်ဝယ်ယူသင့်ပါတယ်။
အောက်ခံစွပ်ကျယ်ကို မမြင်ရအောင် သေချာဝတ်ဆင်ပါ

အောက်ခံစွပ်ကျယ် ပေါ်မှာစိုးရင် လည်ပင်းပေါက်အဝိုင်းပါတဲ့ စွပ်ကျယ်တွေအစား ဗွီပုံသဏ္ဍာန်ရှိတဲ့စွပ်ကျယ်တွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ စွပ်ကျယ်ကို အတိုင်းသားမြင်နေရတဲ့အခါ သင့်ရဲ့ဖက်ရှင်က ဖရိုဖရဲနဲ့ ကြည့်ရဆိုးစေပါတယ်။
Source: Pinterest.com
