ဆံပင်ဆိုတာ လူတစ်ယောက်ရဲ့ အမှတ်လက္ခဏာထဲက တစ်ခုဖြစ်ပါတယ်။ ဒီအချက်ဟာ အနုပညာရှင်နဲ့ ဘောလုံးသမားတွေလို လူစိတ်ဝင်စားခံရတဲ့ ဆယ်လီတွေအတွက် ပိုပြီး မှန်ပါတယ်။ ကမ္ဘာ့ထိပ်တန်း ဘောလုံးကစားသမားတွေကတော့ သူတို့ရဲ့ ဆံပင်နဲ့တင် သူတို့ နာမည်ကို လူတွေ သိစေဖို့ ကြိုးစားကြပါတယ်။

(၁) ဒေးဗစ်ဘက်ဟမ်း

Source: Hello Magazine

ဆံပင်တိုကိုမှ သပ်ရပ်သားနားတဲ့ ယောကျာ်းတို့ရဲ့ ခန့် ညားမှုကို ဘက်ဟမ်းရဲ့ ဆံပင်ပုံစံမှာ တွေ့ နိုင်ပါတယ်။ အရင့်အရင်က သူ့ကို ဆံပင်တို ၊ ဆံပင်ရှည် ၊ ပိုနီတေးလ်စီး အစုံနဲ့ မြင်ခဲ့ရပေမယ့် ၂၀၁၈ တော်ဝင်မင်္ဂလာဆောင်အခမ်းအနားမှာတော့ နွေရာသီနဲ့ လိုက်ဖက်တဲ့ ဘေးပါး နောက်ပါး ဆံပင်တိုဒီဇိုင်းနဲ့ ပွဲတက်လာတာ တွေ့ ရပါတယ်။ အသက် ၄၃ နှစ်ရှိပြီ ဖြစ်တဲ့ ကမ္ဘာကျော် ဘောလုံးသမားကြီးတစ်ယောက်ကို ဒီလို သပ်ရပ်ရှင်းလင်းတဲ့ ဆံပင်ပုံစံနဲ့ မြင်ရတာလည်း ပျိုမေတို့ ရင်ခုန်စရာ ဖြစ်မှာမလွဲပါဘူး။။

(၂) ခရစ္စတီယာနို ရော်နိုဒို

Source: Hindustan Times

သမိုင်းမှာ အငြင်းပွားစရာမရှိ အတော်ဆုံး ဘောလုံးသမား လက်တစ်ဆုပ်စာထဲက တစ်ယောက်ဖြစ်တဲ့ ခရစ္စတီယာနိုရဲ့ ဆံပင်ဟာ တိုကပ်ကပ်ပုံစံကိုမှ လိုင်းမျှင်မျှင်လေးဖော်ထားတာပါ။ သူ့ မေးရိုးရဲ့ တောင့်တင်းမှုကို ဒီဆံပင်က မြင်သာတာကြောင့် အဝေးကနေ ကြည့်လည်း လူအုပ်ထဲမှာ ထင်ရှားနေမယ့် ဆံပင်ပုံစံ ဖြစ်ပါတယ်။

(၃) ဟယ်ရီကိန်း

Source: Evening Standard

အင်္ဂလန်သားတစ်ယောက်အတွက် ဟယ်ရီကိန်းရဲ့ ဆံပင်ဟာ ဂန္ဓဝင်လက်ဆင့်ကမ်းလာတဲ့ ခပ်ရိုးရိုး ဆံပင်ပုံစံလို့ ပြောနိုင်ပါတယ်။ မုတ်ဆိတ်နဲ့ မျက်နှာကျကို လိုက်အောင် သူ့ရဲ့ ဆံသဆရာက လက်စွမ်းပြထားတာပါ။

(၄) ပေါ့ဘာ

Source: Evening Standard

မန်ချက်စတာ ယူနိုက်တက်ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာရဲ့ ဆံပင်ကတော့ အထူးဆံသဆရာတွေနဲ့မှ အဆင်ပြေမယ့် ဆံပင်ပုံစံဖြစ်ပါတယ်။ လွတ်လပ်ပြီး အထိန်းအကွပ်မဲ့တဲ့ ဒီဇိုင်းအပြင် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစေဖို့ ဘေးနားတွေမှာ ပုံဖော်ထားတာပါ။

(၅) ဂါရတ်ဘေးလ်

Source: Sky Sports

ရီးရဲလ်မက်ဒရစ်ရောက်မှ ဘေးလ်ရဲ့ ပုံစံက ပိုပြီး စမတ်ကျလာတယ်လို့ ဆိုရမှာပါ။ ဆံပင်ရှည်ကို စည်းနှောင်ထားတဲ့ ပုံစံက ရိုးရှင်းတယ်ထင်ရပေမယ့် ဘေးလ်ရဲ့ မျက်နှာနဲ့ တကယ်လိုက်တာ တွေ့ ရမှာပါ။ ဆံပင်ဖြောင့်တဲ့ သူ့အတွက် ဆံပင်အရှည်ကို ထိန်းသိမ်းရတာလည်း သိပ်ခက်မှာ မဟုတ်ပါဘူး။

(၆) လိုင်ယွန်နယ် မက်ဆီ

Source: Stadium Astro

အာဂျင်တီးနားစတား မက်ဆီရဲ့ ဆံပင်ပုံစံဟာ ဒီနေ့ လူငယ်တွေအကြား ရေပန်းစားတဲ့ ဆံပင်ပုံစံထဲမှာ ပါပါတယ်။ ဒီဆံပင်ပုံစံဟာ သူ့ရဲ့ မျက်နှာကျနဲ့ သူထားတဲ့ မုတ်ဆိတ်ရဲ့ သားနားမှုကို ပံ့ပိုးပေးနေပါတယ်။

(၇) ဆာဂျီယို ရာမို့စ်

Source: Man For Himself

ရီးရဲဗဟိုနောက်ခံလူ ဆာဂျီယို ရာမို့စ်ကတော့ သူ့ဆံပင်ကို သဘာဝကျတဲ့ မတိုမရှည်ပုံစံထားထားတာပါ။ မုတ်ဆိတ်ရိတ်ထားမယ်ဆိုရင် ဒီဆံပင်ဟာ သူ့အသက်ကို အများကြီး ငယ်စေမယ့် ပုံလည်း ဖြစ်ပါတယ်။