အောင်မြင်သူတွေ ဘာကြောင့် ဒီနေရာကို ရောက်လာသလဲလို့ မေးကြည့်ရင် အကြံကောင်းလို့ ၊ စိတ်အားထက်သန်လို့ ၊ လုံ့လဝီရိယရှိလို့ ပြီးတော့ ကံနည်းနည်း ကောင်းလို့ဆိုပြီး ဖြေမယ်ထင်ပါတယ်။ တကယ်က သူတို့ရဲ့ နေ့စဉ်အလေ့အကျင့်ကလည်း သူတို့ကို ချမ်းသာအောင်မြင်သူတွေ ဖြစ်စေတဲ့ နေရာကို ပို့ပေးရာမှာ အရေးပါပါတယ်။

ဒီအကျင့်တွေဟာ ငွေမကုန်ဘဲနဲ့ လူကို အမြင့်ပို့ပေးတဲ့ အကျင့်တွေလည်း ဖြစ်ပါတယ်။

(၁) စောစောထခြင်း

Source: Unsplash

ချမ်းသာတဲ့သူတွေ ဇိမ်ခံကြပါတယ်။ ဒါပေမယ့် သမ္မတဟောင်း အိုဘားမား ၊ Twitter CEO ဂျက်ဒေါ်ဆီ နဲ့ Apple CEO တင်မ်ကွတ်တို့ဟာ မနက်စောစော ထတတ်သူတွေ ဖြစ်ပါတယ်။ မနက်စောစော ထခြင်းနဲ့ အောင်မြင်မှုအကြား ဆက်စပ်ချက်က ရှင်းပါတယ်။

သူတို့ဟာ တစ်ခြားသူတွေထက် နေ့သစ်ကို အရင်ကြိုတင်စထားတဲ့ လူတွေဖြစ်လို့ တစ်နေတာလုပ်ငန်းဆောင်တာတွေကို ကြိုပြီး စတင်နိုင်သူတွေ ၊ ကိုယ့်ရဲ့ Personal အချိန်တွေ ရှာတတ်သူတွေဖြစ်သလို ထက်သန်တက်ကြွမှုနဲ့ ပိုမိုပျော်ရွှင်တဲ့သူတွေလည်း ဖြစ်စေတာကြောင့်ပါ။

(၂) တရားထိုင်တယ်

Source: Freepik

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၉ ရက်နေ့က Twitter ရဲ့ အမှုဆောင်အရာရှိချုပ် ဂျက်ဒေါ်ဆီဟာ ပြင်ဦးလွင်မြို့မှာ ၁၀ ရက် တရားစခန်းဝင်ခဲ့ပါတယ်။ အိုဖရာဝင်းဖရေး ၊ ရူးပတ်မားဒေါ့ ၊ ဘီလ်ဖို့ဒ်တို့ဟာလည်း တရားထိုင်တဲ့ အလေ့အကျင့်ကို စွဲစွဲမြဲမြဲ လုပ်ပါတယ်။ ခန္ဓာကိုယ်နဲ့ စိတ်ကို ဂရုစိက်ခြင်းဟာ အနားရပြီး ကျန်းမာတဲ့ဘဝပုံစံကို ပေးနိုင်သလို အောင်မြင်ဖို့ အခွင့်အလမ်းတွေအတွက်လည်း ပြင်ဆင်ပြီး ဖြစ်စေပါတယ်။

(၃) အဆက်အသွယ်ကောင်းတယ်

Source: Reshot

အောင်မြင်တဲ့သူတွေဟာ အပေါင်းအသင်းအဆက်အသွယ်ရဲ့ အရေးပါပုံကို သိပါတယ်။ Networking တွေဟာ လူတွေကို လုပ်ရည်ကိုင်ရည် ပိုကောင်းစေပြီး အလုပ်သစ်ရှာရင်လည်း ပိုပြီး အခွင့်အလမ်းများပါတယ်။ အဆက်အသွယ်တွေကြောင့်ပဲ အောင်မြင်တဲ့သူတွေဟာ ပိုပြီး ဆန်းသစ်မှုတွေ ဖြစ်လာစေပါတယ်။

(၄) ပျင်းဖို့ အချိန်မရအောင် အလုပ်များတယ်

Source: Unsplash

အောင်မြင်သူတွေဟာ ပျင်းတယ်ဆိုတာ ရှားပါတယ်။ Tesla ရဲ့ တည်ထောင်သူ အီလွန်မတ်စ်ကတော့ တစ်ပတ်ကို နာရီပေါင်း ၈၀ ကနေ ၁၀၀ အထိ အလုပ်လုပ်တဲ့သူ ဖြစ်ပါတယ်။ ပျင်းလာပြီဆိုရင် ဖြစ်မြောက်အောင်မြင်ဖို့ထက် ပျက်သုဉ်းယိုယွင်းတဲ့ဘက်ကို ပိုရောက်လာစေပါတယ်။

(၅) တီဗွီမကြည့်ဘဲ စာဖတ်တယ်

Source: Pixabay

အောင်မြင်သူတွေဟာ သာမန်လူတွေထက် စာပိုဖတ်တဲ့သူတွေပါ။ စာဖတ်ရာမှာ ကိုယ့်ကိုယ်ကို မြှင့်တင်ဖို့အနေနဲ့ တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ တော့ ဖတ်တယ်လို့ ဆိုပါတယ်။ Thomas Corley လို့ ခေါ်တဲ့ ဓနဥစ္စာကြွယ်ဝသူတို့ရဲ့ နေ့စဉ်အလေ့အကျင့်များ စာအုပ်ထဲမှာ ချမ်းသာတဲ့သူတွေထဲ ၆၇% ကပဲ တစ်နေ့ကို အလွန်ဆုံး ၁ နာရီပဲ တီဗွီကြည့်တယ်လို့ ဆိုပါတယ်။ ချမ်းသာတွေရဲ့ ၈၆% ကတော့ စာဖတ်ရတာကို မြတ်နိုးကြတယ်လို့ ဖော်ပြထားပါတယ်။

(၆) ငြင်းရမယ့်အချိန်ကို သိတယ်

Source: Pexels

အောင်မြင်သူတွေက ပြတ်သားပါတယ်။ အောင်မြင်သူနဲ့ တကယ့်အောင်မြင်သူအကြား ခြားနားချက်ကတော့ တကယ့်အောင်မြင်သူဟာ အရာရာတိုင်းနီးပါးကို No လို့ ပြောကြတယ်လို့ ဝါရင်ဘတ်ဖတ်က ပြောဖူးပါတယ်။ ငြင်းတာဟာ ရိုင်းတာမဟုတ်ပါဘူး။ ကိုယ့်ကို စိတ်အနှောက်အယှက်ပေးမယ့် အရာတွေ ၊ ကိုယ်မတတ်နိုင်တဲ့ အရာတွေအတွက် သူတို့ ဘယ်တော့မှ Yes လို့ ပြောရလောက်အောင် မမိုက်မဲပါဘူး။

(၇) လုပ်ရမယ့်အချက်ကို စာရင်းလုပ်တယ်

Source: Pexels

ညအိပ်ရာဝင်ချိန်မှာ ကိုယ်လုပ်မယ့်အလုပ်အစီအစဉ်ကို စဉ်ထားတာဟာ အလုပ်တွင်စေမယ့် အလေ့အကျင့်ကောင်းတစ်ခုပါပဲ။ အရေးကြီးဆုံး အလုပ်တွေကို နံပါတ်စဉ်အလိုက် စဉ်ထားခြင်းအားဖြင့် ဘယ်အရာကို ဦးစားပေးရမလဲ သူတို့ သိပြီး တကယ်လည်း လုပ်ရမယ့်အရာတွေ အကုန် မကျန် လုပ်ဖြစ်သွားစေပါတယ်။