တက်တူးဆိုတာ အရုပ်သက်သက်မဟုတ်ပါဘူး။ တကယ်တော့ တက်တူးတွေဟာ အရေပြားအနုပညာတစ်ရပ်ဖြစ်ပါတယ်။ တက်တူးတစ်ခုချင်းစီက အဓိပ္ပါယ်တစ်ခုချင်းစီကို ကိုယ်စားပြုနေတာ ဖြစ်လို့ တက်တူးထိုးမယ်ဆိုရင် နောင်တမရမယ့် ဒီဇိုင်းမျိုး ရွေးသင့်ပါတယ်။ အခုပြောမယ့် တက်တူးဒီဇိုင်းတွေကတော့ ဘယ်တော့မှ ထိုးဖို့ မစဉ်းစားသင့်တဲ့ တက်တူးဒီဇိုင်းတွေပါပဲ။
(၁) Portrait Tattoo

Photo: tattooforaweek
Portrait Tattoo တွေဟာ အဓိပ္ပါယ်ရှိတဲ့ အမှတ်အသားတစ်ခုဆိုတာ မငြင်းပါဘူး။ ပြဿနာက Portrait Tattoo ဆွဲရင် ကိုယ်လိုချင်တဲ့ပုံအတိုင်း ထွက်ချင်မှ ထွက်သလို ထွက်လာတဲ့ ပုံကလည်း အူကြောင်ကျားပုံတွေ ဖြစ်တတ်လို့ပါ။
(၂) Amateur Tattoo

Photo: tattooforaweek
Amateur Tattoo ဟာ နာမည်အတိုင်း အပျော်တန်းတက်တူးသမားတွေ ထိုးတဲ့ တက်တူးတွေကို ပြောတာပါ။ ပွဲဈေးတန်းတွေမှာ အမှတ်တရအနေနဲ့ ထိုးကြလေ့ရှိတဲ့ တက်တူးအမျိုးအစားဖြစ်ပြီး စိတ်မချရသလို အရည်အသွေးကလည်း နိမ့်ပါတယ်။
(၃) Relationship Tattoos

Photo: tattooforaweek
ဒါကတော့ Quality နဲ့ မဆိုင်ပါဘူး။ သမီးရည်းစားဆိုတာ တက်တူးလောက် မြဲဖို့မလွယ်ပါဘူး။ မတော်လို့ နှစ်ဦးသားပြတ်စဲသွားရင်တောင် တက်တူးက အမာရွတ်ဖြစ်သွားပြီး နောက်လာမယ့် Relationship ကိုပါ ထိခိုက်စေနိုင်ပါတယ်။
(၄) Face Tattoo

Photo:tattooforaweek
တက်တူးထိုးစရာနေရာတွေ အများကြီး ရှိပါတယ်။ မျက်နှာကိုတော့ တက်တူးထိုးစရာ ကွင်းတစ်ခုလို သဘောမထားလိုက်ပါနဲ့။ အလုပ်နဲ့ လူမှုဆက်ဆံရေးမှာပါ ပြဿနာတက်နိုင်လို့ပါ။
(၅) Fads

Photo: tattooforaweek
ဘာခံယူချက်မှ မရှိဘဲ ရေပေါ်ဆီ Trend ဖြစ်နေတဲ့ အကြောင်းအရာတစ်ခုခုကို တက်တူးအဖြစ် မရွေးမိပါစေနဲ့။ တက်တူးထိုးမယ်ဆိုရင် ကိုယ့်အရေပြားကို လေးစားဖို့ လိုပါတယ်။ ပေါတောတောအရာတွေအတွက် အသားအနာမခံပါနဲ့။
(၆) Gang Tattoo

Photo: tattooforaweek
လူမိုက်ကြီးလို အထာကျချင်လို့ Gang Tattoo ထိုးတဲ့သူတွေ ရှိကြမှာပါ။ ဒီလို တက်တူးမျိုး ထိုးတာက ကိုယ့်ရဲ့ ပုံရိပ်ကို အထင်အမြင်သေးစေနိုင်သလို နောက်ပိုင်းမှာ အလုပ်ရှာရ ခက်တာကနေ လူအချင်းချင်း ဆက်ဆံရေးမှာပါ မယုံကြည်ရတဲ့သူအဖြစ် အများက မြင်စေနိုင်ပါတယ်။
(၇) Embarrassing Tattoos

Photo: tattooforaweek
ငယ်တုန်းရွယ်တုန်း မိုက်မိုက်မဲမဲနဲ့ မမြင်အပ်တဲ့ နေရာမှာ ထိုးခဲ့တဲ့ Sexy တက်တူးတွေက အသက်ကြီးလာချိန်မှာ ရှက်စရာဖြစ်နေရင် ဘယ်လိုအဆင်ပြေပါ့မလဲ။ အနည်းဆုံးတော့ ကိုယ့်မြေးတွေနဲ့ သားသမီးတွေကို ဘယ်လိုများ ရှင်းပြကြမလဲ။ ဒါကြောင့် ဝါသနာပါရင် တက်တူးထိုးပါ။ အခုပြောခဲ့တဲ့ တက်တူးတွေကိုတော့ ရှောင်ပါလို့ အကြံပေးချင်ပါတယ်။
