လူဟာ ပင်ကိုယ်ကကို ထူးဆန်းတဲ့ သတ္တဝါထဲမှာ ပါပြီး မိန်းကလေးတွေကတော့ ပိုပြီး ထူးဆန်းပါတယ်။ တစ်ခါတစ်လေ သူတို့ ပြောတဲ့ စကားတွေဟာ တကယ့်ဆိုလိုတဲ့ အိပ္ပါယ်နဲ့ တလွဲတွေ ဖြစ်နေတတ်ပါတယ်။ တကယ်တော့ ဒီလို ဖြစ်အောင်ကို သူတို့တမင်လုပ်တာပါ။ ဒီထဲကမှ မိန်းကလေးတွေ တလွဲအပြောဆုံး စကား ၇ ခွန်း ရှိပါတယ်။

(၁) “ရပါတယ်”

Source: verywellmind.com

Fine လို့ ခေါ်တဲ့ စကားမျိုးကို ဘယ်လိုနေရာမျိုးမှာ သုံးသလဲဆိုတာ လူတိုင်း သိပါတယ်။ “အေးဆေးပါ။ အဆင်ပြေပါတယ်” ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ ဒါပေမယ့် မိန်းကလေးတွေရဲ့ ပါးစပ်ကနေ ထွက်လာတဲ့ Fine ကတော့ အဓိပ္ပါယ်အမှန်အတိုင်း ထွက်လာတာ ရှားပါတယ်။ အထူးသဖြင့် သူ့ချစ်သူ ကောင်လေးကို စိတ်ကောက်နေတဲ့အခါမှာ ရေခဲရိုက်ထားတဲ့ အသံမျိုးနဲ့ Fine လို့ ပြောရင် မိုင်းနင်းမိပြီလို့သာ မှတ်ပါတော့။

(၂) “စိတ်မဆိုးပါဘူး”

Source: indiewire

အင်္ဂလိပ်စကားမှာ I’m Not Mad ဟာ အဓိပ္ပါယ်နှစ်မျိုး ရှိပါတယ်။ ပထမ ရိုးရိုး အဓိပ္ပါယ်က “ငါ မရူးဘူး” ဆိုတဲ့ စကားပါ။ ဒီစကားကတော့ နေ့စဉ်ဘဝမှာ သုံးခဲ့ပါတယ်။ အများဆုံးသုံးတဲ့ အဓိပ္ပါယ်ကတော့ “ငါ စိတ်မဆိုးပါဘူး” ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ဒီစကားကို “ငါ စိတ်မဆိုးပါဘူး ။ မင်းကြိုက်ရာ လုပ်နိုင်ပါတယ်” တို့ “ဘယ်လိုမှ သဘောမထားပါဘူး။ ဒီလိုပါပဲ” တို့ ဆိုပြီး စကားဆက်လေးတွေနဲ့ လာရင် ပြေလည်အောင် ဖြေရှင်းသင့်ပါတယ်။

(၃) ” ဖြစ်နိုင်ပါတယ်”

Source: pexels

May Be ဟာ သံတမန်တွေ သုံးတတ်တဲ့ အငြင်းစကားတစ်မျိုးပါ။ မိန်းကလေးတွေ သုံးရင်တော့ “May Be” ဟာ Yes လည်း ဖြစ်သွားတတ်သလို မသေချာဘူးဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်တတ်ပါတယ်။ ဥပမာ- နောက်တစ်ပတ်ထဲ အမေတို့ဆီ ကျွန်မတို့ သွားလို့ရတယ်နော် ဆိုတဲ့ ဝါကျဟာ အချစ်ရေ နောက်တစ်ပတ် အမေတို့ဆီ သွားချင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ ဒါပေမယ့် တစ်ခါတစ်လေ ယောကျာင်္းလေးဘက်က အဆိုပြုတဲ့အကြောင်းပေါ် မကျေနပ်လို့ ငြင်းမယ်ဆိုရင်လည်း May Be ဟာ လုပ်ချင်လုပ်ပေါ့ (စိတ်ထဲကတော့ တင်းနေပြီ) လို့ အဓိပ္ပါယ် ထွက်ပါတယ်။

(၄) ဘယ်မှာလဲ

Source: LovePanky

ဒီမေးခွန်းက အတော်လေး အသုံးများပြီး ဖြောင့်ဖြောင့်တွေးရင် ရှင်းပါတယ်။ ဘယ်ရောက်နေလဲပေါ့။ တကယ်တော့ “ဘာတွေ ပေါက်ကရ လုပ်နေသလဲ” “ငါ့ကို ဘာလို့ ပစ်ထားတာလဲ” ဘာညာဆိုတဲ့ အဓိပ္ပါယ်မျိုးပါ။ ရိုးရိုး ကိုယ် ဘယ်ရောက်နေသလဲ သိချင်လို့ မေးတာတော့ မဟုတ်ပါဘူး။

(၅) သူမက ဘယ်သူလဲ

Source: iStock

Who Is She ဆိုတာ မနာလိုမှုနဲ့ သဝန်တို စိတ်မချမှုတို့ ကနေ ဖြစ်လာတဲ့ အသုံးအနှုန်းပါ။ အလုပ်က လုပ်ဖော်ကိုင်ဘက် ကောင်မလေး တစ်ယောက်ယောက်နဲ့ အပြင်ဘက်မှာ ဆုံလို့ ရယ်ရယ်မောမော စကားပြောမိတယ်ဆိုရင် ဒီစကားမျိုး သုံးတတ်ပါတယ်။ အကြောင်းကတော့ အဲဒီတစ်ယောက်ဟာ သူမရဲ့ အချစ်ရေးမှာ ပြဿနာ ရှိလာနိုင်သလားဆိုတာ သေချာချင်လို့ပါ။

(၆) ဘာမှ မဟုတ်ပါဘူး

Source: Shutterstock

ကိစ္စမရှိပါဘူး ဆိုတဲ့ စကားမျိုး မိန်းကလေးတွေ ပြောရင် ကိစ္စရှိလို့ပါပဲ။ တစ်ခါတစ်လေ ကိုယ့်ကောင်မလေးက ကိုယ့်ကို စကားမပြောဘဲနေလို့ ဘာဖြစ်နေတာလဲ လို့ မေးချိန်မှာ မိန်းကလေးတွေ အပြောများတာကတော့ ဘာမှမဟုတ်ပါဘူး ဆိုတဲ့ စကားပါ။ အဲ့ဒီ ဘာမှ မဟုတ်တာဟာ ရှော့ခ်ခပ်ကြီးကြီး ဝင်နေလို့လည်း ဖြစ်နိုင်ပါတယ်။

(၇) ဒီလိုချည်းပဲ

Source: naukrinama

အပေါ်က “ဘာမှ မဟုတ်ပါဘူး” ဆိုတဲ့ စကားကို ရေဆုံးကုန်းဆုံး မဖြေရှင်းနိုင်ရင် မိန်းကလေးတွေ ပွဲသိမ်းတဲ့ စကားက “ရှင်က အမြဲတမ်း ဒီလိုချည်းပဲ” ဆိုတာမျိုးပါ။ Fine ဆိုတဲ့ စကားကို ယုံမိလို့ ဘာပြဿနာ ဖြစ်တာလဲ မစုံစမ်းရင် နောက်ဆက်တွဲ ဖြစ်တတ်တာက “ရှင်ဟာလေ အဲဒီလိုချည်းပဲ” ဆိုပြီး အကြွေးထားသွားတတ်ပါတယ်။ နောက်ဆို “မောင်က ကျွန်မကို မချစ်ပါဘူး” လို့ အလစ်ဆို ဝင်ဝင် ကစ်ခံရတော့မှာဖြစ်လို့ ဒီစကားတွေဟာ မိန်းကလေးတွေ ပြောလာရင် မဖြစ်မနေ သတိထားသင့်ပါတယ်။