၄၀ ရောက်မှ ဘဝစတယ်ဆိုတဲ့ စကားအတိုင်း အသက် ၄၀ ဆိုတာ တကယ့်အံ့သြဖွယ်ဘဝတစ်ခုကို ကူးပြောင်းတဲ့ အရွယ်ပါ။ ဒီလို အံ့ဖွယ်ဘဝအတိုင်းအတာတစ်ခုကို မကူးပြောင်းသေးခင် ကြိုတင်လုပ်ထားသင့်တဲ့ အရာတွေ ရှိပါတယ်။

(၁) ကိုယ်ကာယပိုင်းအတွက် ပြင်ဆင်ထားပါ

Source: Shutterstock

အသက် ၄၀ ဆိုရင် ဘဝက ကွေ့သွားပါပြီ။ အခုကတည်းက ကျန်းမာကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာတစ်ခု ဖြစ်အောင် တည်ဆောက်ထားဖို့ လိုပါတယ်။ Gym သွားပါ။ စိတ်အေးချမ်းအောင် တရားထိုင်ပါ။ ဒီကနေ စတင်လိုက်ပါ။

(၂) ကိုယ့်ကိုယ်ကို ရင်းနှီးမြှုပ်နှံထားပါ

Source: businessinsider.com

အစီအစဉ်တွေ ရှိထားပြီး အဲဒီအစီအစဉ်တွေကို အကောင်အထည်ဖော်နေတာက ဘဝကို ပိုပြီး အဓိပ္ပါယ်ပီပြင်စေတာပါ။ လေ့လာဖို့ အချိန်မပေးခဲ့ရင် ၊ တတ်ကျွမ်း နားလည်ဖို့ မလုပ်ဆောင်ခဲ့ရင် အချိန်တွေပုပ်ပြီး အလဟဿဖြစ်ကုန်မှာပါ။

(၃) သေဖို့ ပြင်ထားပါ

Source: Chantell Glenville

အများကြီး အသက်ရှည်ဖို့ မတွေးပါနဲ့။ ကောင်းမွန်ပြောင်မြောက် ခရီးရောက်တဲ့ ဘဝကိုပဲ ပုံဖော်ပါ။ အသက် ၄၀ နဲ့ နောက်ပိုင်းဟာ ဘဝကို ပိုပြီး အရည်အသွေးရှိရှိ ဖြတ်သန်းရမယ့် ကာလဆိုတာ မေ့ထားလို့မရပါဘူး။

(၄) ဟင်းချက်တတ်အောင် သင်ထားပါ

Source: liketocook.com

ယောကျာ်းတွေ စိတ်မပါတဲ့ မီးဖိုချောင်အလုပ်ကလည်း တကယ် အရေးပါပါတယ်။ ကျန်းမာပြီး အဟာရနဲ့ ကိုက်ညီတဲ့ အစားအသောက်ကို ကိုယ်တိုင် ချက်တတ်ပြုတ်တတ်အောင် လေ့လာပါ။ ကိုယ့်အမျိုးသမီးနဲ့အတူ မီးဖိုချောင် ဝင်ပြီး အတူတူ ချက်ပြုတ်ကြည့်လိုက်ပါ။ ဘဝမှာ ထူးဆန်းတဲ့ မေ့ကွက်တွေ ရှိတယ်ဆိုတာ သိရပါလိမ့်မယ်။

(၅) သက်တောင့်သက်သာဘဝထဲက ခုန်ထွက်လိုက်ပါ

Source: Steemit

စွန့်စားကြည့်ပါ။ Comfort Zone ဆိုတာ အားနည်းသူတွေ ဝင်ခွေနေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ Comfort Zone ထဲမှာ ပိတ်မိသူဟာ ကိုယ်ရည်ကိုယ်သွေးပါ ကျဆင်းလာပါလိမ့်မယ်။ အသစ်တွေ စမ်းကြည့်ပါ။ ငယ်ငယ်က စိတ်ကူးထားခဲ့တဲ့ အိပ်မက်တစ်ချို့ ရှိတယ်ဆိုရင် အကောင်အထည် ဖော်ကြည့်လိုက်ပါတော့။

(၆) မိသားစုနဲ့ အချိန်ပေးပါ

Source: Icebike.org

အသက်ကြီးလာရင် အလုပ်ပိုများလာပါတယ်။ အလုပ်ပိုများတော့ မိသားစုတွေ ၊ မိတ်ဆွေတွေနဲ့ တွေ့ဖို့အချိန်ပို နည်းလာပါတယ်။ ဒီအချက်ကို ပြင်လိုက်ပါ။ အဆက်အသွယ်မပြတ်ပါစေနဲ့။ ဘဝရဲ့ အဓိပ္ပါယ်ထဲမှာ ငွေရှာဖို့အပြင် ချစ်ခြင်း မေတ္တာနဲ့ အရေးပါတဲ့ လူ့အဖွဲ့အစည်းတွေဆိုတာ ရှိသေးတယ်ဆိုတဲ့ အချက်ကို အသက် ၄၀ မတိုင်ခင်ကတည်းက ခံယူထားဖို့လိုပါတယ်။

(၇) ကိုယ့်ကိုယ်ကို ချီးမြှောက်ပါ

Source: businesstown.com

ကောင်းတာတွေ လုပ်ခဲ့တယ်ဆိုတာကို ဖော်ထုတ်ပြီး ကိုယ့်ကိုယ်ကို ဆုချသင့်ပါတယ်။ အနာဂါတ်အတွက် ငွေစုဖို့ ၊ ရင်းနှီးမြှပ်နှံဖို့လိုသလို ကိုယ့်အတွက် အရေးပေါ် အခြေအနေတွေအတွက် ကြိုပြီး အရန်အစီအစဉ်အနေနဲ့ ကိုယ့်ကိုယ်ကို ငွေပေးထားပါ။