ဆံပင်ပုံစံတွေထဲမှာ ပုံသွင်းဖို့ အခက်ဆုံးကတော့ ခွေလိမ်ပြီး ဖွာတဲ့ ဆံပင်ပိုင်ရှင်တွေပါပဲ။ ဆံပင်ရိုးရိုးကောက်တာအပြင် အတွန့် အတွန့် နဲ့ ခွေနေတဲ့ ဆံပင်ပုံစံဟာ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်တတ်သလို ရာသီဥတု စိုထိုင်းမှုနဲ့ ဆံပင်ပျက်စီးမှုတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

ဘာပဲဖြစ်ဖြစ်ဆံပင်ဆိုတာ ကောင်းကောင်း ထိန်းသိမ်းဖို့ လိုပါတယ်။ဆံပင်ကောက်သူတွေမှာတော့ အခုပြောမယ့် နေ့ စဉ်အလေ့အကျင့်လေးတွေ လုပ်ရင်းနဲ့ ဆံပင်ပုံစံကို လန်းအောင် Care လုပ်နိုင်ပါတယ်။

(၁) မှန်ကန်တဲ့ ခေါင်းလျှော်ရည်သုံးပါ

Source: Pixabay

တကယ်လို့ သင့်မှာ ဖွာလန်ကြဲ ဆံပင်မျိုး ရှိထားတယ်ဆိုရင် ခေါင်းလျှော်ရည်ကိုလည်း ဆံပင်အမျိုးအစားလိုက်ပြီး ရွေးချယ်သင့်ပါတယ်။ ခေါင်းလျှော်ရည် ဝယ်မယ်ဆိုရင် ဆံသားကို ရေဓါတ်ဖြည့်တင်းပေးနိုင်တဲ့ Glycerine ပါတဲ့ ခေါင်းလျှော်ရည်မျိုး ဝယ်သင့်ပါတယ်။ ခေါင်း လျှော်ရည်သုံးမယ်ဆိုရင် ဆံပင်ထဲကသဘာဝဆီကို စုပ်ယူတဲ့ ဆာလ်ဖိတ်ပါတာ ရှောင်သင့်ပါတယ်။နောက်တစ်ခုက နေ့တိုင်း ခေါင်းလျှော်တာမျိုး မလုပ်သင့်ဘဲ နှစ်ရက်တစ်ခါလောက်ပဲလျှော်ဖို့ အကြံပြုချင်ပါတယ်။

(၂) Conditioner သုံးပါ

Source: Unsplash

ခေါင်းလျှော်ပြီး ဆံပင်ခြောက်တာနဲ့ ဆံပင်ပျော့ဆေး Conditioners နဲ့ ဆံပင်ပုံသွင်းသင့်ပါတယ်။ Conditioning Treatment အနေနဲ့ ပုံမှန်ဆိုရင် Conditioner သုံးပြီးမှ ခေါင်းလျှော်တာလည်း ရပါတယ်။ Conditioning လုပ်ရတဲ့ အကြောင်းကလည်း ဆံပင်ကို ခေါင်းဖြီးရင် မပျက်စီးဖို့ နဲ့ ဆံသားတွေအကြား ပွတ်တိုက်မှုနည်းစေဖို့ ပါ။

(၃) Hair Mask သုံးကြည့်ပါ

Source: Freepik

အလှပြင်ဆိုင် သွားစရာမလိုဘဲ အိမ်ထဲမှာတင် သဘာဝပစ္စည်းတွေနဲ့ Hair Mask လုပ်လို့ ရပါတယ်။ ဥပမာ- အုန်းဆီ နဲ့ ပျားရည်တစ်ဇွန်းဆီကို ပန်းကန်လုံးတစ်ခုထဲ ရောပြီး အရည်ပျော်အောင် အပူပေးပြီး ဆံပင်မှာ ၁၅ မိနစ် ကျော်လောက် လိမ်းထားပြီး အပေါ်ကနေ Shower Cap အုပ်ထားသင့်ပါတယ်။

(၄) အခြောက်ခံစက် အသုံးလျှော့ပါ

Source: Freepik

Hair Dryer ဟာ ဆံပင်ကို သုံးတာ များလာရင် ဆံပင်ပိုပြီး ပျက်စီးပြီး ဦးရေပြားဆီတွေ ခန်း ခြောက်နိုင်ပါတယ်။ ဆံပင်ရှည်တဲ့သူတွေအတွက် Dryer ဟာ ဆံပင်အခြောက်မြန်စေပေမယ့် Dryer သုံးမယ်ဆိုရင် အရင်ဆုံးဆံပင်မှာ အပူခံစပရေးတစ်ခုခု လိမ်းပြီးမှသုံးသင့်ပါတယ်။

(၅) မျက်နှာသုတ်ပုဝါ ချည်ကိုဂရုစိုက်ပါ

Source: Pixabay

ခေါင်းကို သုတ်ဖို့ မျက်နှာသုတ်ပုဝါနဲ့ အိပ်ရာခင်း ၊ ခေါင်းအုံးက အစ မိုက်ခရိုဖိုင်ဘာ Towel သုံးဖို့ အကြံပြုချင်ပါတယ်။ ဆံပင်ခွေကောက်တဲ့ သူတွေအတွက် ခေါင်းအုံးစွပ်ကအစ ပိုးသားနဲ့ လုပ်တဲ့ ခေါင်းအုံးစွပ်သုံးတာ ဆံသားကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။

(၆) ခေါင်းဖြီးနည်း မှန်ပါစေ

Source: Freepik

ခေါင်းကို ဘီးနဲ့ ဖြီးတာမှာလည်း နည်းစနစ်ရှိပါတယ်။ ခေါင်းကို အရင်းကနေ အဖျားအထိ တစ်ခါတည်း ဖြီးတာ ၊ အနောက်ကနေ ရှေ့ကို ဖြီးတာဟာဆံသားတွေထဲက သဘာဝအဆီကို ဆံပင်တစ်အုံလုံးဆီ ရောက်စေလို့ ဆံပင်ခေါက်တာ ပျက်စီးတာ ဖြစ်မှု နည်းစေပါတယ်။ ဘီးကိုလည်း သစ်သားဘီးသုံးတာဟာ ဆံပင်အလိပ်လိပ် အခွေခွေ ဖြစ်နေသူတွေအတွက် ပိုကောင်းပါတယ်။ တစ်ခုသိထားရမှာကဆံပင်ဟာ ခပ်ကြမ်းကြမ်းဖြီးတာ ၊ မကြာခဏဖြီးတာ မကောင်းပါဘူး။

(၇) ရေချိုးမယ်ဆိုရင်

Source: Freepik

ဆံပင်က ခွေလိမ်ပြီးရှည်တယ် ဖွာတယ်ဆိုရင် အရင်ဆုံး ရေနွေးပူနဲ့ စိမ်ထားတဲ့ Towel နဲ့ အရင် ပေါင်းထားသင့်ပါတယ်။ ရေမချိုးခင် မိနစ် ၂၀ လောက်အထိ ပေါင်းထားရမှာပါ။ ပြီးရင်တော့ လက်နဲ့ ဆံပင်အထဲက အဆီတွေ ပြန့်စေဖို့ ဦးရေပြားနဲ့ ဆံပင်တွေကို အသာအယာ နှိပ်ပေးပြီး ခေါင်းလျှော်ရေချိုး လုပ်သင့်ပါတယ်။ရေချိုးရင်တော့ ရေပူကို ဆံပင်ပေါ် မလောင်းမိစေဖို့ လိုပါတယ်။ Shampoo ကိုလည်း အကြာကြီး ခေါင်းမှာ မထားသင့်ပါဘူး။ပြီးရင်တော့ မိုက်ခရိုဖိုင်ဘာ Towel နဲ့  ခြောက်သွေ့ အောင် ညင်ညင်သာသာ သုတ်ပေးရမှာပါ။