ကိုယ်အလေးချိန်တက်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ အစားအသောက် လေ့ကျင့်ခန်းနှင့် မှန်ကန်တဲ့နေထိုင်မှုပုံစံတွေရှိဖို့အရေးကြီးပါတယ်။ ဒီနေ့မှာတော့ ဝိတ်တက်ချင်တဲ့ကွီးတို့အတွက် လျင်လျင်မြန်မြန်နဲ့ ကျန်းကျန်းမာမာ ဝိတ်တက်စေမယ့် ထိရောက်တဲ့နည်းလမ်းတွေ မျှဝေပေးချင်ပါတယ်။

Source : Medical News Today
(၁) အစားမစားခင်ရေအဝသောက်ခြင်းကိုရှောင်ကျဉ်ရပါမယ်။ အစားမစားခင်ရေသောက်လိုက်တဲ့အခါ အစာအိမ်ကိုပြည့်တင်းသွားစေပြီး လုံလောက်တဲ့ ကယ်လိုရီပမာဏရဖို့ခက်ခဲသွားစေနိုင်ပါတယ်။
(၂) မကြာခဏစားပါ။ ဗိုက်ဆာတဲ့အချိန်တိုင်းမှာအစားများများစားပေးဖို့လိုပါတယ်။ မနက်စာနေ့လည်စာညစာအပြင် အစာပြေမုန့်တွေ Snack တွေလည်းစားသုံးပေးသင့်ပါတယ်။
(၃) နွားနို့သောက်ပါ။ နွားနို့မှာ ပရိုတင်းဓာတ်ကယ်လိုရီဓာတ်များကြွယ်ဝစွာပါဝင်တာကြောင့် ဝိတ်တက်ချင်သူတွေအတွက်တော့ အသင့်တော်ဆုံးဖြစ်ပါတယ်။

Source : Shutterstock
(၄) ပန်းကန်ဆိုဒ်ကြီးကိုအသုံးပြုပြီးအစားစားပေးပါ။ ပန်းကန်အရွယ်အစား ခပ်ကြီးကြီးအသုံးပြုပြီးအစားစားခြင်းက အစားများများပိုစားဖြစ်ပြီး ကယ်လိုရီများများရစေဖို့ ကူညီပေးပါလိမ့်မယ်။
(၅) နည်းစနစ်မှန်မှန် ကိုယ်အလေးချိန်တက်ချင်ရင်တော့ အားကစားလုပ်ဖို့လည်းလိုပါတယ်။ မှန်ကန်တဲ့ကစားနည်းတွေ ကစားနှုန်းတွေနဲ့ နေ့စဉ်ပုံမှန်လေး လေ့ကျင့်ခန်းလုပ်ဆောင်သွားမယ်ဆိုရင် အချိန်တိုအတွင်းမှာ သိသာတဲ့ရလဒ်ထွက်ပေါ်လာစေမှာပါ။ အားကစားလုပ်နေစဉ်အချိန်အတွင်းမှာလည်း ကြွက်သားထုထည်တက်စေမယ့် ပရိုတင်းဖျော်ရည်နဲ့ ဖြည့်စွက်စွာ အားဆေးတွေ သောက်သုံးနိုင်ပါတယ်။
(၆) ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်သောက်သူတွေဟာ ဆေးလိပ်မသောက်တဲ့သူတွေထက်ကိုယ်အလေးချိန်လျော့ကျနိုင်ခြေပိုများပါတယ်။ဒါကြောင့် ကိုယ်အလေးချိန်တက်ဖို့ကြိုးစားနေချိန်မှာ ဆေးလိပ်ဖြတ်ထားတာအကောင်းဆုံးပါ။

Source : Psychiatry Advisor
(၇) အိပ်ချိန်က လူတိုင်းအတွက်အရေးကြီးသလို ကိုယ်အလေးချိန်တက်ဖို့ ကြိုးစားနေသူတွေအတွက်ဆိုပိုပြီးတောင်အရေးကြီးပါတယ်။ တစ်နေ့ကို အနည်းဆုံး ၇ နာရီခန့်အိပ်စက်အနားယူပါ။ ညဘက်တွေမှာ ကောင်းစွာအိပ်စက် အနားယူပါက ကိုယ်အလေးချိန်တက်ဖို့အထောက်ကူဖြစ်သလို ကြွက်သားထုထည်ကိုလည်း ကျန်းမာသန်စွမ်းစေမှာဖြစ်ပါတယ်။
