ကိုယ်ခံစွမ်းအားရဲ့၈၀ ရာခိုင်နှုန်းသည် အူလမ်းကြောင်းတွင် စုဝေးနေတတ်ကြပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်ရှိ အဆိပ်အတောက်များသည် ပုံမှန်စွန့်ထုတ်ခြင်းခံရပါက အူလမ်းကြောင်းရှိ ကောင်းတဲ့ ဘက်တီးရီးယားများက ကိုယ်ခံစွမ်းအားကို မြင့်တင်ပေးပြီး အအေးမိခြင်း၊ တုပ်ကွေးမိခြင်းနှင့် ဖျားနာခြင်းတို့မှ ကာကွယ်ပေးတယ်လို့ သိပ္ပံပညာရှင်များက ပြောကြားထားပါတယ်။
အချို့သော အစားအစာများသည်လည်း ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး သွေးခဲခြင်း၊ ခံတွင်းနံ့နံခြင်းတို့မှ ကာကွယ်ပေးပါတယ်။ သင့်အနေနဲ့ ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် သဘာဝအစားအစာများကို စားသုံးနိုင်ပါတယ်။
ထောပတ်သီး

ထောပတ်သီးသည် အသည်းထဲရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးပါတယ်။ ခန္ဓာကိုယ်တွင်းရှိ ကိုလက်စတောများကို လျော့ချပေးပြီး သွေးတိုးခြင်း၊ နှလုံးရောဂါဖြစ်ခြင်းတို့မှလည်း ကာကွယ်ပေးပါတယ်။
နာနတ်သီး

လတ်ဆတ်သော နာနတ်သီးကို စားသုံးခြင်းသည် သွေးလှည့်ပတ်မှုကောင်းမွန်စေပြီး အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ သွေးတွင်းသကြားဓာတ်ကို လျော့ချပေးတာကြောင့် ဆီးချိုသမားများအတွက် သင့်တော်ပါတယ်။
စိမ်းပြာရေညှိ

စိမ်းပြာရေညှိသည် ခန္ဓာကိုယ်အနံ့ဆိုးများကို ဖယ်ရှားပေးပြီး ခန္ဓာကိုယ် အနံ့အသက်ကောင်းမွန်အောင် ကူညီပေးပါတယ်။
Grapefruit
သင့်ဝမ်းဗိုက်ရှိ အဆီပိုများကို ဖယ်ရှားချင်တယ်ဆိုရင်တော့ Grapefruit သီးကိုသာ ရွေးချယ်လိုက်ပါ။
သခွားသီး

ခံတွင်းအနံ့အသက် မကောင်းလို့ စိတ်ညစ်နေပါသလား။ သခွားသီးကိုသာ စားသုံးလိုက်ပါ။ သခွားသီးသည် ရေဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့အတွက်ကြောင့် တံတွေးထွက်များအောင် ကူညီပေးပြီး ခံတွင်းထဲရှိ ဘက်တီးရီးယားပိုးမွှားများကို သေစေပါတယ်။
Source: Brightside.me
Featured Image Source: Thedailymeal.com

