ကိုယ်ကာယလေ့ကျင့်ခန်းတွေ အားသွန်ခွန်စိုက်လုပ်နေပေမယ့် ပြီးပြည့်စုံတဲ့ ကိုယ်ခန္ဓာမရသေးဘူးဆိုရင် ဒီအမှားတွေထဲက တစ်ခုခု လုပ်မိလို့ ဖြစ်မှာပါ။
(၁) Fitness Plan မထားခြင်း
Source: Pexels
Plan မရှိတဲ့ ပြဿနာဟာ ဘယ်တော့မှ အဆင်မချောပါဘူး။ ကိုယ့်ရဲ့ Gym Plan က ဘာလဲ။ ဝိတ်ချဖို့လား။ Muscles တက်ချင်လို့လား။ ဒါဆိုရင် ဘယ် Plan နဲ့ ကစားရမယ်ဆိုတာ တစ်ခါတည်း အစီအစဉ်ဆွဲထားသင့်ပါတယ်။ အစီအစဉ်ကောင်း ရှိတာဟာ အချိန်ကုန်သက်သာသလို တိုးတက်မှုလည်း မြန်ဆန်ပါတယ်။
(၂) လေ့ကျင့်ခန်း အလွန်အကျွံ လုပ်ခြင်း
Source: Freepik
ဆက်တိုက် လေ့ကျင့်ခန်းတွေ တအားလုပ်မိပြီဆိုရင် ထိခိုက်ဒဏ်ရာရတာ ၊ Motivation ကျပြီး ဘာမှ ကောက်မကိုင်ချင်အောင် ပန်းသွားပါလိမ့်မယ်။ Over Exercise ဖြစ်တဲ့ ပြဿနာဟာ တစ်လ ကိုးသီတင်း နားရတဲ့ အထိ ဖြစ်တတ်သလို ကြွက်သားအတက်လည်း နှေးသွားတတ်ပါတယ်။ ကောင်းကောင်းအနားယူတတ်ခြင်းဟာ Gym မှာ အရေးကြီးတဲ့ အခြေခံသဘောတရားတစ်ခု ဖြစ်ပါတယ်။
(၃) Workout စုံအောင် မလုပ်ခြင်း
Source: Pexels
လေ့ကျင့်ခန်းတစ်ခုချင်းစီဟာ ကြွက်သားထု တစ်ခုချင်းစီကို သက်ရောက်မှု ရှိတာကြောင့် လေ့ကျင့်ခန်း အကုန်လုံးကို တစ်ပတ်အတွင်းမှာ ပြီးအောင် လုပ်ဖို့ လိုပါတယ်။ အကုန်မပြီးရင်လည်း တတ်နိုင်သမျှစုံအောင် ဆော့ပေးသင့်ပါတယ။်
(၄) စိတ်ပါဝင်စားမှု မရှိခြင်း
Source: Pixabay
Gym ရောက်ပြီး မိနစ် ၂၀ လောက်မှာ ပျင်းလာပြီဆိုရင်တော့ မဟုတ်သေးပါဘူး။ အားကစားလုပ်ရာမှာ အဓိက သော့ချက်တစ်ခုက ကိုယ်လုပ်နေတဲ့ လေ့ကျင့်ခန်းပေါ် စိတ်အပြည့်သွင်းထားဖို့ပါပဲ။ ဒါဟာ ရေရှည်အတွက် ကောင်းပြီး Body တက်မှုလည်း သိသိသာသာ မြန်စေတဲ့ လျှို့ဝှက်ချက်ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Weight ကို စိတ်နဲ့ပါ လိုက်ပါ မနေတာ ဖြစ်ပါတယ်။
(၅) နည်းစနစ် မမှန်ခြင်း
Source: Freepik
ဒီပြဿနာဟာ Gym ကစားသူတိုင်းလိုလို ကြုံဖူးပါတယ်။ ကိုယ်ကတော့ အမှန်ထင်ပြီး ဆော့နေပေမယ့် ပုံစံမှားနေရင် ကိုယ်ဖြစ်ချင်တဲ့ ပုံစံ ထွက်လာမှာ မဟုတ်ပါဘူး။
(၆) ဆေးအကူ သုံးလွန်းခြင်း
Source: Freepik
Muscle တွေ တက်လာစေဖို့နဲ့ ဒဏ်ဖြစ်ရင် သက်သာစေဖိ့ု ဆေးတွေ အများကြီး သုံးမိနေပြီဆိုရင် သတိထားပါ။ ဆေးဟာ အကူအနေနဲ့ပဲ ကောင်းပြီး အလွန်အကျွံ မသုံးသင့်ပါဘူး။ ရေသောက်ရမယ့်အချိန်မှာ ရေပဲ သောက်ပါ။ မျှတကျန်းမာတဲ့ Diet စားပေးပြီး ကိုယ့်ရဲ့ နေမှုပုံစံကို ဂရုစိုက်သင့်ပါတယ်။
(၇) Weight မ မဘဲ သက်သာတဲ့ကစားနည်းပဲ ကစားခြင်း
Source: Pexels
တစ်ချို့သူတွေဟာ Gym အပြေးစက်ပေါ်က မဆင်းကြပါဘူး။ တကယ်က Workout ဟာ စုံအောင် ကစားရမယ့်အရာပါ။ ပေ့ါပေါ့ပါးပါး ကစားနည်းနဲ့ အချိန်ကုန် မခံဘဲ Weight မဖို့လည်း မမေ့ဖို့ အကြံပြုချင်ပါတယ်။