အရုပ်ကားသေးသေးလေးပဲဖြစ်ဖြစ်၊ စက်ရုပ်သေးသေးလေးပဲဖြစ်ဖြစ် ယောကျာ်းလေးတွေက သူတို့ရဲ့အသုံးအဆောင်ပစ္စည်းများ၊ အရုပ်များကို တန်ဖိုးထားကြပါတယ်။ ငယ်ရွယ်စဉ်ကတည်းက စက်ရုပ်သေးသေးလေးများ၊ ကားသေးသေးလေးများ ဝယ်စုခဲ့ရာမှာ တဖြည်းဖြည်း အရွယ်ရောက်လာတဲ့အခါ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတွေဖြစ်တဲ့ လက်ပတ်နာရီများ၊ ခါးပတ်များ၊ ရှူးဖိနပ်များကို ဝယ်စုလာတတ်ကြပါတယ်။

ဒီလိုမျိုး ဖက်ရှင်ကို နှစ်သက်စိတ်ဝင်စားတဲ့ ဆယ်ကျော်သက် ယောကျာ်းများအတွက် အလန်းစားလက်ပတ်နာရီအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Fossil

latest watches for men

ရင့်ကျက်တည်ငြိမ်မှုကို လိုလားတဲ့ ယောကျာ်းများအတွက်ကတော့ ဒီအနက်ရောင် Fossil နာရီက အသင့်တော်ဆုံးပါပဲ။

Daniel Wellington

latest watches for men

ရိုးရိုးရှင်းရှင်းစတိုင်လ်ကို နှစ်သက်တဲ့ အမျိုးသားများအတွက် ဒီအဖြူ အပြာအစင်းကျားလေးက ဖက်ရှင်ကျစေမှာပါ။

Calvin Klein

latest watches for men

Calvin Klein တံဆိပ်ဟာဆိုရင် နာမည်ကြီးတံဆိပ်တစ်ခုဖြစ်ပြီး အမျိုးသားဝတ်လက်ပတ်နာရီများကိုလည်း ထုတ်လုပ်လျက်ရှိပါတယ်။

Casio

latest watches for men

အကြမ်းပတမ်းခံတဲ့ နာရီမျိုးကိုမှ လိုချင်တယ်ဆိုရင်တော့ ဖန်ရှင်မျိုးစုံပါပြီး အကြမ်းလည်းခံတဲ့ Casio G-Shock က အသုံးတည့်ပါလိမ့်မယ်။

Stuhrling

latest watches for men

Stuhrling တံဆိပ်နာရီအမျိုးအစားကတော့ အရောင်မျိုးစုံရှိပြီး စမတ်ကျလှပစေဖို့အတွက် ကူညီပေးနိုင်ပါတယ်။

Nixon

latest watches for men

လူကြီးဆန်ပြီး ရင့်ကျက်တည်ငြိမ်စေတဲ့ နာရီမျိုးကို ရှာဖွေနေတယ်ဆိုရင်တော့ Nixon တံဆိပ် လက်ပတ်နာရီလေးက အသင့်တော်ဆုံးပါပဲ။

Timex

latest watches for men

အားကစားသမားများအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Timex နာရီကတော့ ခိုင်ခံ့လှပပြီး ရေစိုလည်း ခံတာကြောင့် ရေကူးတဲ့အခါလည်း ဝတ်ဆင်ထားနိုင်ပါသေးတယ်။

Samsaung Gear S3 Classic

latest watches for men

စမတ်နာရီမျိုးကို ပိုင်ဆိုင်ထားချင်တယ်ဆိုရင်တော့ Samsaung Gear S3 Classic က သင့်အတွက်ပါပဲ။ ဖုန်းနဲ့ ချိတ်ဆက်လို့ရတဲ့အတွက်ကြောင့် သင့်ရဲ့နေ့စဉ်ဘဝကို ပိုမိုလွယ်ကူသက်သာစေပါလိမ့်မယ်။

Source: TheTrendSpotter