ဝမ်းနည်းခြင်း၊ ကြောက်ရွံ့ခြင်း၊ ဒေါသထွက်ခြင်း၊ ချစ်ခြင်း၊ ရှက်ခြင်း၊ အသည်းကွဲဝေဒနာ ခံစားရခြင်း အစရှိတဲ့ ခံစားချက်မျိုးစုံကို အခြေအနေပေါ် မူတည်ပြီး ခံစားဖူးကြပါလိမ့်မယ်။ ထိုစိတ်ခံစားချက်အမျိုးမျိုးကို အစားအစာဖြင့် ထိန်းချုပ်နိုင်တယ်ဆိုတာကိုရော သင် ယုံကြည်ပါသလား။
မိမိရဲ့စိတ်ခံစားချက်ပေါ် လိုက်ပြီးတော့ အစားအစာအမျိုးမျိုး ပြောင်းလဲစားသုံးပေးမယ်ဆိုရင် ရင်နှင့်မမျှအောင် ခံစားနေရတဲ့ စိတ်ခံစားချက်ကြီးက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပါလိမ့်မယ်။ ဒါဆိုရင် ဘယ်လို စိတ်ခံစားချက်အတွက် ဘယ်လိုအစားအစာတွေ စားသုံးသင့်သလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။
ဝမ်းနည်းခြင်း
ဝမ်းနည်းမှုကို ခံစားနေရတဲ့သူတွေကတော့ အိုမီဂါ သရီး ဖက်တိဆက်ဆစ်ဓာတ်ပါဝင်တဲ့ အစားအစာများကို စားသုံးသင့်ပါတယ်။ ထိုအစားအစာများသည် ဦးနှောက်ထံမှ ပျော်ရွှင်မှုဟော်မုန်းများ ထွက်ပေါ်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။
ကြောက်ရွံ့ခြင်း
တစ်စုံတစ်ရာကို ကြောက်ရွံ့နေမယ်၊ ဥပမာ အမြင့်ကြောက်သူတစ်ယောက်သည် အမြင့်ရောက်နေတဲ့အခါ ကြောက်ရွံ့သလို၊ အမှောင်ကြောက်သူသည် အမှောင်ထဲ ရောက်ရှိနေတဲ့အချိန်မျိုး၊ ဒီလိုအကြောက်တရား ခံစားရပါက ထောပတ်သီး စားသုံးနိုင်ပါတယ်။
ဒေါသထွက်ခြင်း
သင့်ရဲ့ဒေါသကို လျော့ချနိုင်ဖို့အတွက် အစေ့အဆံများကို စားသုံးပေးနိုင်ပါတယ်။ သုတေသနလေ့လာချက်များအရ အစေ့အဆံများ၊ အခွံမာသီးများသည် ဒေါသကို ဖြေလျော့ပေးနိုင်တယ်လို့ သိရှိရပါတယ်။
ရှက်ခြင်း
လူအများရှေ့မှာ ရှက်ရွံ့နေပြီး မိမိကိုယ်ကို မလုံမလဲဖြစ်နေမယ်၊ ယုံကြည်ချက် နည်းနေမယ်ဆိုရင်တော့ Tryptophan ဓာတ် ကြွယ်ဝတဲ့ ကြက်သား၊ ဆောလမွန်ငါး၊ တူနာငါးနှင့် ပဲအမျိုးမျိုးကို စားသုံးပေးနိုင်ပါတယ်။
အသည်းကွဲခြင်း
အသည်းကွဲခြင်းကို ကုစားဖို့အတွက်ဆိုရင်တော့ ချောကလက် စားသုံးပေးနိုင်ပါတယ်။ အထူးသဖြင့် Dark Chocolate က ပိုမိုအာနိသင်ရှိပါတယ်။
စိတ်လှုပ်ရှားခြင်း
Photo Source: Teabox.com
အင်တာဗျူးကြောင့် စိတ်လှုပ်ရှားနေတာမျိုး (သို့) Presentation ပြုလုပ်ရမှာမို့ စိတ်လှုပ်ရှားနေတယ်ဆိုရင်တော့ Herbal Tea လေး သောက်သုံးပေးလိုက်ပါ။ စိတ်တည်ငြိမ်အေးချမ်းမှုကို ခံစားရပါလိမ့်မယ်။
စိတ်ဖိစီးခြင်း
စိတ်ဖိစီးမှုဒဏ်ကို ခံနေရသူများအတွက်ကတော့ ဗီတာမင်စီဓာတ် ကြွယ်ဝတဲ့ သစ်သီးများကို စားသုံးပေးသင့်ပါတယ်။
ပင်ပန်းနွမ်းနယ်နေခြင်း
Photo Source: Nutraingredients-latam.com
အိပ်ရေးပျက်ခြင်းကြောင့် (သို့) အလုပ်ကြောင့် ပင်ပန်းနွမ်းနယ်နေသူများကတော့ စွမ်းအားဖြည့်အချိုရည်များ သောက်သုံးမယ့်အစား သကြားမုန်လာဖျော်ရည်ကို သောက်သုံးပေးသင့်ပါတယ်။
Source: Realbuzz.com