ဆံပင်ဆိုတာ လူသားတိုင်းအတွက် ဒုတိယမျက်နှာက တင်စားခေါ်ဝေါ်ကြတာ ဘာ့ကြောင့်လဲ။ ကိုယ်နဲ့ လိုက်ဖက်တဲ့ဆံပင်စတိုင်လ်က ကိုယ့်ကို ခန့်ညားချောမောစေတဲ့အသွင်ဆောင်သလို၊ ပိုပြီး ငယ်ရွယ်နုပျိုတဲ့ပုံပေါက်အောင်လည်း ပြုလုပ်ပေးနိုင်တဲ့အစွမ်းရှိလို့ပါပဲ။

ကိုယ့်မျက်နှာကျနဲ့ လိုက်ဖက်မှုမရှိတဲ့ဆံပင်ကေကျပြန်တော့ ကိုယ့်ကို အသက်ပိုကြီးသွားသလို ခံစားရစေပြီး ရှိရင်းစွဲချောမောလှပမှုတွေတောင် ပျောက်ကွယ်သွားတတ်ပါတယ်။ ဒါဆိုရင် ကိုယ့်မျက်နှာကျနဲ့ လိုက်ဖက်တဲ့ဆံပင်ကေကို ဘယ်လိုရွေးချယ်ရမလဲ။

ကိုယ့်မျက်နှာကျက ဘာပုံလဲဆိုတာ အရင်သိထားရပါမယ်။ ဘဲဥပုံလား၊ လေးထောင့်ပုံမျက်နှာကျပိုင်ရှင်လား စသည်ဖြင့်ပေါ့။ တကယ်လို့ ကိုယ့်မျက်နှာကျကို မခွဲခြားတတ်ဘူးဆိုရင် သူငယ်ချင်းတစ်ယောက်ယောက်ရဲ့ အကြံဥာဏ်ရယူပါ။ ဒါတင်မလုံလောက်သေးပါဘူး။ ဆံသဆရာရဲ့ ကျွမ်းကျင်မှုကလည်း လိုအပ်ပါသေးတယ်။ ဆံသဆရာက စိတ်ရှည်ရဲ့လား၊ ဒါမှမဟုတ် ပြီးပြီးရော ညှပ်ပေးတဲ့ဆံသဆရာလားဆိုတာ အရင်စုံစမ်းပြီးမှ အဲ့ဒီဆံပင်ညှပ်ဆိုင်မှာ သွားညှပ်ရပါမယ်။ ဒီအချက်တွေ အကုန်စုံပြီဆိုရင်တော့ ဘယ်လိုဆံပင်ကေတွေက ခေတ်စားနေသလဲဆိုတာ ဆံပင်ညှပ်ဆိုင်မသွားခင် သိအောင်လုပ်ထားပါ။

ဆံပင်အရှည်စတိုင်

ဒီလိုဆံပင်အရှည်ထားမယ်ဆိုရင်တော့ ဆံကေသာကို နဂိုထက်ပိုပြီး ထိန်းသိမ်းစောင့်ရှောက်မှုတွေ ပြုလုပ်သင့်ပါတယ်။ ဆံပင်က ပျော့ပျောင်းနူးညံ့မှုမရှိဘဲ ကြမ်းတမ်းနေမယ်ဆိုရင် ဆံပင်အရှည်ထားရတာလည်း စိတ်ကြည်လင်မှာမဟုတ်ပါဘူး။

အမျိုးသားများထုံးလေ့ရှိတဲ့ ဆံထုံး

စောစောကဆံပင်ကေထက် ပိုရှည်လာပြီဆိုရင်တော့ ဆံထုံး ထုံးလို့ရပါပြီ။ ဒီဆံထုံးကတော့ ခပ်မိုက်မိုက်အမျိုးသားတွေရဲ့ သင်္ကေတတစ်ရပ်ပဲဖြစ်ပါတယ်။

အလယ်အထောင် ဆံပင်ကေ

ဘေးနှစ်ဖက်က ခပ်ပါးပါးညှပ်ထားပြီး အလယ်ကဆံပင်တွေက အုံထူပြီး အပေါ်ထောင်နေတဲ့ကေပဲဖြစ်ပါတယ်။ ဘယ်လိုမျက်နှာကျနဲ့မဆိုလိုက်ဖက်တဲ့ကေပဲဖြစ်ပါတယ်။

ဆံပင် အတိုအကပ်

စောစောက ထားခဲ့တဲ့ဆံပင်အရှည်တွေ မထားချင်တော့ဘူး၊ ရာသီဥတုပူအိုက်လာလို့ ညှပ်ချင်တယ်ဆိုရင်တော့ အတိုအကပ်ဆံပင်ကေက လူငယ်ဆန်တဲ့ဆံပင်ကေပါပဲ။

ကတုံးဆံတောက်ကေ

နွေရာသီနဲ့ လိုက်ဖက်မှုရှိတဲ့ ဆံပင်ကေပါပဲ။ အပြင်ထွက်ခါနီးတိုင်း ခေါင်းဖြီးရတဲ့အလုပ်က တစ်လုပ်ပေါ့သွားတာပေါ့။

အကြောင်းလိုက်ပုံဖော်ထားတဲ့ ဆံပင်ကေ

မျဉ်းဖြောင့်တစ်ကြောင်းပုံဖော်ထားပြီး ထိုတစ်နေရာတည်းကို တိတိရိရိပုံဖော်ထားတဲ့ကေပဲဖြစ်ပါတယ်။ ငယ်ရွယ်နုပျိုတဲ့အသွင်ဆောင်ပြီး မျက်နှာကျမရွေးတဲ့ဆံပင်ကေပဲဖြစ်ပါတယ်။

နဖူးပြင်ထက်မှာ ဝဲကျနေတဲ့ ဆံပင်ကေ

ဆံပင်ကို မရှည်တရှည်လေး ညှပ်ထားပြီး အနောက်လှန်ထားတာပဲဖြစ်ဖြစ်၊ အရှေ့ချထားတာပဲဖြစ်ဖြစ် ပြုလုပ်ချင်တယ်ဆိုရင်တော့ ဒီဆံပင်ကေညှပ်ကြည့်လိုက်ပါ။

ရင့်ကျက်ပြီး လူကြီးဆန်တဲ့အမျိုးသားတစ်ယောက်ရဲ့ ဆံပင်ကေ

အသက်အရွယ်က ၃၀ ကျော်လာပြီး ရင့်ကျက်တဲ့အမျိုးသားတစ်ယောက်အဖြစ်နေရတော့မယ်ဆိုရင်တော့ ဒီဆံပင်ကေထားကြည့်လိုက်ပါ။

Source: thetrendspotter.net