ညစဉ်ညတိုင်း အိပ်ရေးပျက်ခြင်းက မနက်အိပ်ယာနိုးလာတဲ့အခါ ပင်ပန်းနွမ်းနယ်ခြင်းကို ခံစားရစေပါတယ်။ ဒါ့အပြင် အိပ်ရေးဝဝ မအိပ်စက်ရခြင်းက ကိုယ်အလေးချိန်တက်စေပါတယ်။ Kwee ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေအတွက် ဒီတစ်ခေါက်ဖော်ပြပေးချင်တာကတော့ အိပ်စက်ခြင်းကို နှောင့်ယှက်နေတဲ့အရာတွေကို ဘယ်လိုတိုက်ထုတ်သင့်လဲဆိုတဲ့ အချက်တွေပဲဖြစ်ပါတယ်။

အပူချိန်မြင့်လွန်းခြင်း၊ အပူချိန်အေးလွန်းခြင်း

Source: Brightside.me

နွေရာသီရဲ့ ပူပြင်းခြောက်သွေ့တဲ့ရာသီဥတုက ကောင်းစွာ အိပ်စက်အနားယူလို့မရအောင် နှောင့်ယှက်နေပါတယ်။ အဲကွန်းဖွင့်အိပ်ပြန်တော့လည်း အရမ်းကြီးအေးမနေအောင် အနေတော်အပူချိန်ဖွင့်ထားဖို့ အရေးကြီးဆုံးပဲဖြစ်ပါတယ်။

အိပ်ချိန်နဲ့ နီးကပ်စွာ လေ့ကျင့်ခန်း ပြုလုပ်ခြင်း

Source: Askmen.com

အလုပ်နောက်ကျတဲ့နေ့တွေမှာ Gym ဆော့ဖို့နောက်ကျနေပေမယ့် ဆော့ရမယ့်ရက် မပျက်ချင်တာနဲ့ အားတင်းပြီး လေ့ကျင့်ခန်းပြုလုပ်လေ့ရှိတဲ့ အားကစားဝါသနာရှင်လေးတွေ စာဖတ်သူတွေထဲမှာ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ညကျမှ အားကစားလုပ်မယ်ဆိုရင်လည်း အိပ်ချိန်နဲ့ အနည်းဆုံး ၃ နာရီအလိုမှာ လေ့ကျင့်ခန်းအားလုံး ပြုလုပ်လို့ ပြီးနေရပါမယ်။ နို့မဟုတ်ရင် လူက တက်ကြွနေပြီး အိပ်လို့ရမှာမဟုတ်ပါဘူး။

နေ့ခင်းနေ့လည် တစ်ရေးတမောအိပ်ခြင်း

Source: Brightside.me

ပိတ်ရက်ပဲဖြစ်ဖြစ်၊ ကြားရက်ပဲဖြစ်ဖြစ် အိပ်ယာဝင်ချိန် ပုံမှန်ဖြစ်နေရပါမယ်။ ပိတ်ရက်မှာ နေ့ခင်းဘက်အိပ်ထားလို့ ညဘက် အိပ်လို့မရတဲ့အခါ သင့်ရဲ့ အိပ်ယာဝင်ချိန်တွေ ကမောက်ကမဖြစ်နေပါလိမ့်မယ်။

မီးအလင်းရောင်ကြောင့် အိပ်ရေးပျက်ခြင်း

Source: Brightside.me

စူးရှနေတဲ့မီးအလင်းရောင် မဆိုထားနဲ့ မှိန်ဖျော့နေတဲ့မီးအလင်းရောင်ကလည်း ကောင်းစွာအိပ်စက်အနားယူလို့ မရအောင်၊ ခဏခဏလန့်နိုးအောင် ပြုလုပ်တာကြောင့် ညအိပ်တဲ့အခါ ရှိသမျှ အခန်းမီးအကုန်လုံးပိတ်ထားခြင်း (သို့) မျက်လုံးအုပ်ထားခြင်းတို့ ပြုလုပ်ပေးလိုက်ပါ။

ဆူညံ့လွန်းခြင်း

Source: Brightside.me

ညဘက်မှာ ကားလမ်းမပေါ်က ဆူညံ့တဲ့အသံ၊ အိမ်နီးနားချင်းတွေရဲ့ ကျယ်လောင်တဲ့အသံတွေကြောင့် အိပ်ရေးပျက်တတ်ပါတယ်။ ဒါဆိုရင် နားပိတ်ထားလို့ရတဲ့ အဆို့ရှင်တပ်ပြီး အိပ်စက်ခြင်း၊ သာသာညိမ့်ညောင်းတဲ့ တေးသီချင်းနားထောင်ခြင်းတို့ဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင် ပြုလုပ်ပေးလိုက်ပါ။

မိမိအိပ်ယာကို ရည်ရွယ်ချက် မှားယွင်းစွာ အသုံးပြုခြင်း

Source: Shutterstock.com

သင့် အိပ်ယာကို အိပ်စက်ခြင်းအတွက်သာ အသုံးပြုသင့်ပါတယ်။ မပြီးစီးနိုင်သော အလုပ်များကို အိပ်ယာပေါ်သို့ သယ်ဆောင်လာခြင်းကို လုံးဝမပြုလုပ်သင့်ပါဘူး။

ကာဖိန်းဓာတ် အလွန်အကျွံမှီဝဲခြင်း

Source: Brightside.me

ကာဖိန်းဓာတ်က လူကို နိုးကြားအောင် ပြုလုပ်ပြီး အိပ်မပျော်ဖြစ်စေပါတယ်။ ဒါ့ကြောင့် ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက် စတဲ့ ကာဖိန်းဓာတ်ပါတဲ့ အစားအစာတွေကို မွန်းလွဲ ၂ နာရီမတိုင်ခင် သောက်သုံး စားသောက်ပေးလိုက်ပါ။

မြန်မြန်အိပ်မောကျအောင် ကူညီပေးဖို့အတွက်

Source: Brightside.me

စာဖတ်ပါ။ အိပ်ယာဝင်ပေမယ့် မိနစ် ၂၀ ကြာတဲ့အထိ အိပ်လို့မရသေးဘူးဆိုရင် စာအုပ်တစ်အုပ်အုပ် ကောက်ဖတ်လိုက်ပါ။ Tablet တို့ ဖုန်းတို့နဲ့ မဖတ်ဘဲ ရိုးရိုးစာအုပ်နဲ့ပဲ ဖတ်ပေးပါ။ ဖုန်းနဲ့ Tablet ရဲ့ မီးရောင်က သင့်ရဲ့ အိပ်ချင်စိတ်ကို တားဆီးနေမှာမို့လို့ပါ။