ကျန်းမာရေးနဲ့ အညီနေထိုင်ခြင်းက အသက်ရှည်စေတဲ့ တစ်ခုတည်းသော အရာမဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်က တချို့အချက်အလတ်တွေကို ကြည့်ပြီး အသက်ရှည်ရှည်နေရမယ် မနေရဘူးဆိုတာကို ခန့်မှန်းနိုင်ပါတယ်။
ဒါပေမယ့် သေချာတာ တစ်ခုကတော့ ဝမ်းဗိုက်မှာ အဆီတွေ စုမနေဘူးဆိုရင်တော့ အသက်ရှည်ရှည်နေရဖို့ အတွက် တစ်မှတ်ရပြီလို့ ဆိုနိုင်ပါတယ်။ ကဲ ဘယ်လိုအချက်လေးတွေက လူတစ်ယောက်အသက်ရှည်ရှည်နေရမယ်ဆိုတာ ကို ဒီနေ့ kwee page ကပြောပြပေးသွားမှာပါ။
ရုပ်ရည်နုတယ်

Source: MSN.com
ဒီအချက်ကိုတော့ ဒိန်းမက်လူမျိုး သိပ္ပံပညာရှင်တွေက အမွှာ (၁၈၇) တွဲကို စစ်တမ်းကောက်ယူပြီး (၃) နှစ်တိတိ လေ့လာထားတာပါ။ နောက်ဆုံးရလဒ်ကတော့ အသက်ငယ်ပုံပေါ်တဲ့ ရုပ်ရည်နုတဲ့ တစ်ယောက်က ပိုပြီး အသက်ရှည်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
အမျိုးသမီး

Source: The Conversation
ယေဘုယျအားဖြင့် အမျိုးသမီးတွေက အမျိုးသားတွေထက် (၆) နှစ်မှ (၈) နှစ်အထိ အသက်ပိုရှည်ကြတယ်လို့ ကျွမ်းကျင်သူတွေက ပြောထားကြတယ်။ ဒါကတော့ အမျိုးသမီးနှင့်အမျိုးသားတွေကြား မတူညီတဲ့ ဇီဝ ဖြစ်စဉ်တွေကြောင့် ဖြစ်နိုင်တယ်လို့ ကောက်ချက်ချထားကြပါတယ်။
အဝလွန်မနေဘူး

Source: New Atlas
လေ့လာမှုတွေအရ အဝလွန်နေခြင်းဟာ အသက်တိုစေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်တယ် လို့ဆိုထားပါတယ်။ ကျွမ်းကျင်သူတွေကတော့ ပုံမှန် BMI (ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း) ဟာ (၁၈.၅) ကနေ (၂၅) အကြား ရှိရမယ်လို့ ပြောထားကြပါတယ်။ BMI (ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း) ဟာ (၂၅) မှ (၃၀) အကြားရှိနေရင်တော့ ဝနေတယ်လို့ ပြောလို့ရပါတယ်။ (၃၀) မှာ (၃၅) အကြားရှိနေရင်တော့ အဝလွန်သွားပြီဖြစ်ပါတယ်။ ဒါဆိုရင်တော့ စိုးရိမ်ရတဲ့ အခြေအနေ ရောက်သွားပါပြီ။
BMI (ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း) ကိုတော့ calculate it online website မှာ သွားရောက် တိုင်းကြည့်လို့ရပါတယ်။
အိပ်ရေးဝဝ အိပ်တဲ့သူ

Source: The Sleep Judge
အသက်ရှည်ရခြင်းအကြောင်းအရင်းမှာ အိပ်ချိန်ဟာ လည်းအရေးပါပါတယ်။ အိပ်ချိန် ၇ နာရီအောက်လျှော့နည်းခြင်းက သင့်ရဲ့ ဘဝသက်တမ်း (၁၂) ရာခိုင်နှုန်းလောက်ကို လျှော့ချနိုင်ပါတယ်။
အသက်အရွယ်အလိုက် ရှိသင့်တဲ့ အိပ်ချိန်
၁. အသက် (၁၈-၂၅ နှစ်အရွယ်) ၇-၉ နာရီ
၂. အသက် (၂၆-၆၄ နှစ်အရွယ်) ၇-၉ နာရီ
၃. အသက် (၆၅ နှစ်နှင့် အထက်) ၇-၈ နာရီ
ညာသန်သူ

Source: BBC Science Focus Magazine
ဒီအချက်ကတော့ ရာနှုန်းပြည့် မှန်ကန်ခြင်းမရှိပါဘူး။ ဒါပေမယ့်လေ့လာသူတွေကတော့ အရွယ်ရောက်ပြီးသားလူတွေနဲ့အားကစားသမားတွေကြားထဲမှာတော့ ညာသန်သူတွေက အသက်ပိုရှည်ရှည်နေရလေ့ရှိကြောင်း ဆိုထားပါတယ်။
