(၈)ရာစုနှစ်က အိုကီနာဝါဆိုတဲ့ ကျွန်းမှာအိုင့်ကိုင်းဂိုင် ( Ikigai) ဒဿနတစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။Ikigai ဟာဘဝဆိုတဲ့ Iki စကားနဲ့ မျှော်လင့်ချက်ရှိခြင်း ဆိုတဲ့ gai စကားလုံး နှစ်ခု ပေါင်းစပ်ထားတာပါ။ အဓိပ္ပါယ်ကတော့ အဓိပ္ပါယ်ရှိတဲ့ ဘဝဖြစ်စေတဲ့ အကြောင်းရင်းလို့ ဆိုပါတယ်။ Ikigai ဟာ ဘဝလမ်းညွှန်ဖြစ်သလို ဟန်ချက်ညီညီရှင်သန်ခြင်းကို ကိုယ်စားပြုပါတယ်။ဒီဂျပန်ဒဿနကနေ အောင်မြင်အထမြောက်တဲ့ ဘဝကို သွားနိုင်မယ့်နည်းလမ်း ၈ မျိုး ပြထားပါတယ်။

 

(၁) ကိုယ့်ရဲ့ ဘဝအဓိပ္ပါယ်ကို ရှာပါ

Source: Hyper Island

Ikigai ဟာလူတစ်ယောက်ချင်းစီအတွက် အဓိပ္ပါယ်တစ်ခုစီ ရှိတဲ့အရာပါ။ ဗဟိုမှာတစ်ခုကို တစ်ခု ထပ်နေတဲ့စက်ဝိုင်း ၄ ခု ဆွဲပါ။ အဲဒီထပ်နေတဲ့ စက်ဝိုင်းခြမ်း တစ်ခုချင်းစီမှာ ကိုယ့်ဘဝကို တိုက်ရိုက်သက်ရောက်တဲ့ အကြောင်းတရားတွေပါရှိပါတယ်။တစ်ပိုင်းမှာ (၁) ကိုယ်ကျင်လည်ရာ ကျွမ်းကျင်မှု ၊ (၂) ကိုယ်တန်ဖိုးထား မြတ်နိုးတဲ့အရာ (၃) လောကကြီးက ဘာတွေလိုအပ်နေတယ် ဆိုတဲ့အပိုင်းနဲ့ (၄) ကိုယ့်အတတ်ပညာက လူတွေကို အကျိုးပြုမပြုဆိုတာတွေ ပါဝင်ပါတယ်။ဒီ ၄ ခုစလုံးဆုံနိုင်တဲ့ နေရာဟာ Ikigai ဖြစ်ပါတယ်။ ဒီစက်ဝိုင်း ၄ ခုတစ်ခုကို တစ်ခု ဖြတ်ရာမှာ အရေးကြီးဆုံးအရာက ကိုယ်တိုင်ရဲ့ရိုးသားတဲ့ အဖြေပါပဲ။

 

(၂) ပစ္စုပ္ပန်အတွက် အချိန်ပိုထားပါ

Source: Pixabay

အနာဂါတ်အတွက် အစီအစဉ်ဆွဲတာတကယ်ကောင်းပါတယ။် ဒါပေမယ့် Ikigai ဟာ ဘဝတစ်လျှောက်လုံး သွားရာလမ်းမှာ လက်ရှိကာလကို တန်ဖိုးထားဖို့ လည်း ညွှန်ပြပါတယ်။ တစ်နေ့ တာ ဘဝနဲ့ နေထိုင်ပြီး အဲဒီတစ်နေ့တာက ပေးတဲ့အခွင့်အရေးတွေအတွက်က ကျေနပ်ရပါမယ်။

 

(၃) သဘာဝရဲ့ စွမ်းအင်ကို ခံစားပါ

Source: Pixabay

ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုဟာ သဘာဝတရားကြီးပေါ်မှာ အများကြီး တန်ဖိုးထားအခြေပြုပါတယ်။ တောတောင် ရေမြေသဘာဝဟာ လူကိုငြိမ်းအေးစေသလို ကိုယ့်ရဲ့ စည်းချက်ကို သဘာဝထဲမှာ ရှာပြီး စွမ်းအင်သစ်နဲ့ ရည်မှန်းချက်အသစ်တွေ ဖော်ထုတ်ဖို့ ညွန်ကြားပါတယ်။

 

(၄) အသက်ဝင်နေမှုကို သင်ကြားပါ

Source: Unsplash

ပုံမှန်လေ့ကျင့်ခန်းတွေ လုပ်ပြီးရုပ်ပိုင်းဘဝ အသုံးကျမှုကို တိုးမြှင့်ရမယ်လို့ Ikigai က သင်ပေးပါတယ်။ အသက်ကြီးလာရင် လမ်းလျှောက် ၊ ယောဂကျင့် ၊ ထိုက်ကျိကစားပြီး နိုးကြားအောင်နေရမယ်လို့ ဆိုပါတယ်။

 

(၅) ကျန်းမာဖို့ စားပါ

Source: Pexels

ခန္ဓာကိုယ်ဟာ မျှတတဲ့ အာဟာရလိုပါတယ်။ လတ်ဆတ် ကျန်းမာပြီး ခန္ဓာကိုယ်အဆောက်အဦးအတွက် အကျိုးဖြစ်မယ့် အစားအသောက်စားသင့်ပါတယ်။

 

(၆) အာရုံထက်သန်စေမယ့် အလေ့အကျင့်ရှိပါစေ

Source: Unsplash

ဘဝမှာပြည့်ပြည့်ဝဝ နေထိုင်သူဖြစ်ဖို့ ကိုယ့်ဦးနှောက်ကို ထက်သန်စေမယ့်စကားဝိုင်းတွေ ပြောရပါမယ်။ မိတ်ဆွေတွေနဲ့ အတူရယ်မောပြီး သူတို့ အတွက်အချိန်ပေးရပါမယ်။

 

(၇) အကျိုးမရှိဘဲ အနားယူတာမလုပ်နဲ့ 

Source: Pixabay

Ikigai ရဲ့ ဒဿနမှာ အသုံးဝင်တဲ့ အလုပ်တွေလုပ်နေတဲ့ ဘဝကနေ အနားယူခြင်းဟာ စိတ်ပိုင်းရုပ်ပိုင်းပြည့်စုံဖို့ အတွက် အဟန့် အတားကြီးပဲလို့ ယူဆပါတယ်။ နေ့ တိုင်းမှာ တက်ကြွထက်သန်တဲ့ ရည်မှန်းချက်တစ်ခု နဲ့ ရှင်သန်ပြီး အသက်ကြီးရင့်ချိန်မှာ အကျိုးရှိမယ့်လုပ်ရပ်တွေ လုပ်နေရမယ်လို့ ဆိုပါတယ်။

 

(၈) ပြောင်းလွယ်ပြင်လွယ် ရှိပါစေ

Source: Unsplash

ဘဝမှာ ရှေ့ ကိုချည်းတိုးဖို့ ထက် ပြောင်းလဲနေတဲ့ အနေအထားကို လိုက်ပြီး ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်လုပ်ရပ်ကို ပြန်သုံးသပ်ဖို့ လည်း အချိန်ပေးရပါမယ်။ ကိုယ့်ရဲ့ အခြေအနေကို အမှန်အတိုင်း သိမြင်အောင် ကြည့်ပြီး ဒီအသိနဲ့ ဘာတွေ ပြုပြင်ရမလဲဆိုတာကို လက်ခံတတ်ရပါတယ်။ ကိုယ်မွေ့ လျော်ရာအတတ်ပညာနဲ့ ကျွမ်းကျင်မှုကို အရင်းပြုပြီး ဘယ်လိုဆက်သွားရမလဲ ၊ ဘာတွေ ထပ်ဖြည့်ဖို့ လိုမလဲဆိုတာကို သိသူဟာ ရှေ့ အတွက်လည်း စိတ်ခွန်အားဖြစ်စေသလို ကိုယ်သွားတဲ့ခရီးကလည်း ပိုပြီးအဓိပ္ပါယ်ရှိလာပါတယ်။