လူဟာ အမှားတွေကို လေ့လာရင်းနဲ့ တိုးတက်လာတာပါ။ တစ်ချို့အမှားတွေကတော့ ကိုယ်လုပ်ခဲ့တဲ့အတွက်ရတာ ဖြစ်ပြီး တစ်ချို့အမှားတွေကတော့ မလုပ်မိလို့ နောင်တရတဲ့ အမှားမျိုး ဖြစ်ပါတယ်။
အခုဆောင်းပါးမှာ ပါတဲ့ အချက် ၉ ချက်ကတော့ မသိခဲ့ မသင်ခဲ့ရင် တစ်ချိန်မှာ နောင်တရစရာတွေပဲကြုံမယ့် သင်ခန်းစာတွေ ဖြစ်ပြီး ဒီသင်ခန်းစာတွေကို အခုကတည်းက အပြည့်အဝ လေ့ကျင့်ခန်းဆင်းထားရင် နောင်တနည်းပြီး ပိုပြီးလွယ်ကူတဲ့ဘဝကို လျှောက်လှမ်းနိုင်မှာပါ။

(၁) ယုံကြည်မှုမွေးပါ

Source: ShutterStock

အောင်မြင်သူတိုင်းဟာ သူတို့ကိုယ်သူတို့ ယုံကြည်မှု ရှိကြသူတွေ ဖြစ်ပါတယ်။ ဒီအချက်ဟာ ကိုယ့်ဘဝရဲ့ ရှေ့ဆောင်လမ်းပြဖြစ်ဖို့ လိုပါတယ်။ အခက်အခဲတွေဟာ ကိုယ်သွားတဲ့ လမ်းမှာ ပြည့်နေချိန် ကိုယ့်အတွက် တစ်ခုတည်းသော လက်နက်က ကိုယ့်ကိုယ်ကိုနဲ့ ကိုယ့်ပန်းတိုင်ကို ယုံကြည်နေတာပါပဲ။

(၂) ကိုယ်ဘဝကို ကိုယ်ပဲဖန်တီးတာလို့နားလည်ပါ

Source: ShutterStock

ကိုယ့်ခြေထောက်ပေါ် ရပ်ချင်တဲ့စိတ်က ဘယ်သူ့အတွက်မဆို အရေးကြီးပါတယ်။ သူများအရိပ်ခိုပြီး ချိုချိုချောင်ချောင်လေးနဲ့ ကြီးပွားချင်တဲ့ အချောင်စိတ်ဟာ တကယ့်အပျက်စိတ်ဖြစ်ပါတယ်။ ဒီစိတ်ကို ခွာထားပါ။

(၃) ပြာတိုင်းလည်း ဖွဲမထွက်ပါ

Source: ShutterStock

အလုပ်ရှုပ်နေတာဟာ အလုပ်ဖြစ်တာ မဟုတ်ပါဘူး။ စမတ်ကျကျ စီမံလုပ်ကိုင်တတ်ဖို့က အရေးကြီးတယ်ဆိုတာကို ငယ်ငယ်ကတည်းက ဘဝသင်ခန်းစာအနေနဲ့ မှတ်ယူထားသူတွေဟာ သူများထက် ပိုပြီး ထိထိရောက်ရောက် လုပ်ကိုင်တတ်သူတွေ ဖြစ်လာပါတယ်။

(၄) ကိုယ့်ကို နိမ့်ကျစေတဲ့သူတွေနဲ့ ဝေးဝေးက ရှောင်ပါ

Source: ShutterStock

တစ်ချို့လူတွေဟာ သူတို့ကိုယ်တိုင်မှာ အပျက်စိတ်ရှိသလို သူများကိုလည်း အဲဒီ အပျက်စိတ် သွင်းပေးတတ်ပါတယ်။ ဒီလိုလူတွေဟာ အထက်တက်မယ့်သူတွေကို ဆွဲချတတ်သူတွေ ဖြစ်လို့ သူတို့ကို ကိုယ့်အဝန်းအဝိုင်းထဲကနေ ဖယ်ထုတ်ထားလိုက်ပါ။

(၅) ငြင်းတတ်ပါစေ

Source: ShutterStock

အမြဲတမ်း အားနာပြီး လိုက်လျောတာမျိုးကို ဒီနေ့ကစပြီး အမြစ်ဖြုတ်သုတ်သင်လိုက်ပါ။ ကိုယ်မတတ်နိုင်တာကို တောင်းဆိုလာတဲ့သူတွေနဲ့ ဆက်ဆံရရင် NO ကို ယဉ်ယဉ်ကျေးကျေး ထိထိရောက်ရောက် သုံးဖို့ ပြင်ထားသင့်ပါတယ်။

(၆) မကောင်းတဲ့ အတွေးတွေ ဖယ်ပါ

Source: ShutterStock

ကိုယ့်ကိုယ်ကို အတွင်းကနေ ပြောတဲ့ စကားသံကို နားထောင်ကြည့်ပါ။ မကောင်းတဲ့ အသံတွေ ၊ အဆိုးဘက် ဦးညွှတ်တဲ့ စကားလုံးတွေကို တွေ့ရင် ချက်ချင်း အကောင်းဘက်ကို ပြောင်းလဲဖို့ ကြိုးစားသင့်ပါတယ်။

(၇) တကယ်လို့

Source: ShutterStock

If ဆိုတဲ့ စကားဟာ ထူးခြားပါတယ်။ သူ့စကားဟာ သံသယနဲ့ စိုးရိမ်မှုတွေ ၊ အခြေအမြစ်မရှိဘဲ ဝေးကွာလေးလံတဲ့ အတွေးတွေကို သယ်လာတတ်ပါတယ်။ ခေါင်းထဲမှာ အနာဂါတ် ရှိတယ်ဆိုရင် ဒီအနာဂါတ်ကို ယုံကြည်စိတ်မွေးပါ။

(၈) ကျန်းမာရေးလုပ်

Source: ShutterStock

ကိုယ့်ရဲ့လူနေမှု ပုံစံမှန်ဖို့ အမြဲကြိုးစားထားပါ။ ဆေးလိပ်ရှောင်ပြီး Workout ပုံမှန်လုပ် ၊ အဟာရပြည့်ပြည့်စားပြီး ကောင်းကောင်း အနားယူပါ။ ကျန်းမာတဲ့ ခန္ဓာကိုယ်ဟာ လူရဲ့ ရေရှည်သွားမယ့် ခရီးအတွက် အကောင်းဆုံး ယာဉ်တစ်စင်းဖြစ်ပါတယ်။

(၉) ချို့ယွင်းချက်တွေ ပြုပြင် ၊ Perfection ဖြစ်ချင်တာ လျှော့

Source: ShutterStock

အကောင်းဆုံး လုပ်နေဖို့ အရေးကြီးသလို ဘယ်တော့မှ ပြီးပြည့်စုံမှာ မဟုတ်ဘူးဆိုတဲ့ သဘောတရားကိုလည်း လက်ခံလိုက်ပါ။